ကရင်ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကရင်ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / April 23, 2025

ဘားအံ ဧပြီ ၂၃
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုအဓိကထားပြီး တိုင်းပြည်သာယာ ဝပြော၍ စားရေရိက္ခာဖူလုံရေး ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဖူလုံပိုလျှံအောင် ထုတ်လုပ်ပြီး ပြည်ပတင်ပို့ရောင်းချ၍ နိုင်ငံခြားဝင်ငွေရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သီးထပ် စွမ်းအားတိုးတက်ရန်နှင့်တစ်ဧကပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပြီး ဒေသနှင့်ကိုက်ညီသည့်သီးနှံများကိုရေရရှိရေးနည်းလမ်းမျိုးစုံဖြင့် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ ကြက်၊ ဝက်၊ ဘဲ၊ ငါး၊ ဆိတ်၊ နွားတို့ကို ဒေသတွင်းဖူလုံပိုလျှံအောင် တိုးချဲ့မွေးမြူလုပ်ကိုင်ကြစေလိုပြီး ဥစားကြက် မွေးမြူရေးကို ကျေးလက်ဒေသများထိ မွေးမြူနိုင်အောင် စီမံဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျေးရွာတစ်ရွာလျှင် ကောင်ရေ ၅၀၀ ပါဥစားကြက်ခြံတစ်ခြံမွေးမြူနိုင်အောင် ဆောင်ရွက်ပေးစေလိုပြီး လိုအပ်သည့်နည်းပညာ၊ အရင်းအနှီး နှင့်ပံ့ပိုးမှုများကို ကော်မတီမှကူညီဆောင်ရွက်ပေးစေလိုကာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်ဖွံ့ဖြိုးရေး အတွက် တက်ရောက်လာသူများက မျက်ခြေမပြတ်အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ခုနှစ် အဓိကသီးနှံ(၁၀)မျိုး စိုက်ပျိုးထုတ်လုပ်မှုနှင့်ယခင်နှစ်စိုက်ပျိုးထုတ်လုပ်မှုအပေါ်နှိုင်းယှဉ်ချက်၊ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးနေမှုနှင့် တိုးမြှင့် စိုက်ပျိုးရန်လျာထားဆောင်ရွက်ထားရှိမှု၊ ၂၀၂၅-၂၀၂၆ ခုနှစ် သီးနှံအလိုက်အထူးဇုန်များဖော်ထုတ်မည့်အစီအစဉ်၊ သီးနှံအလိုက်မျိုးစေ့နှင့်သွင်းအားစုလိုအပ်မှုအခြေအနေ၊ မိုးကြိုထယ်ရေးခံခြင်းနှင့်သဘာဝမြေဩဇာ၊ သစ်စိမ်း မြေဩဇာများထည့်သွင်းဆောင်ရွက်ထားရှိမှုအခြေအနေ၊ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများဆောင်ရွက်မည့်အစီအစဉ်၊ မိုးစပါးနှင့်မိုးသီးနှံများအထွက်နှုန်းတိုးတက်ရေး တစ်ကွင်းတစ်ဆက်တည်း(၅၀)ဧကနှင့်အထက်စံပြကွက်များ၊ သီးနှံ ပုံစံစမ်းသပ်ကွက်များဆောင်ရွက်မည့်အစီအစဉ်၊ ပြည်နယ်အတွင်းမွေးမြူတိရစ္ဆာန်ကောင်ရေ၊ မွေးမြူရေးဇုန်များ၏ ထုတ်လုပ်မှုအခြေအနေ၊ ပြည်နယ်အတွင်း အသား၊ ဥထုတ်လုပ်မှု၊ စားသုံးမှုနှင့်ပိုလျှံမှု၊ မွေးမြူရေးထွက်ကုန်တိုးတက် စေရေး ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် သီးနှံစိုက်စွမ်းအားနှင့် သီးထပ်စွမ်းအားနှိုင်းယှဉ်ချက်၊ ဆန်၊ ဆီ၊ ပဲ ဖူလုံမှုအခြေအနေ၊ နှစ်အလိုက်တိရစ္ဆာန်မွေးမြူထုတ်လုပ်မှု၊ စားသုံးမှုနှင့် ဖူလုံမှုအခြေအနေ၊ လယ်ယာသားငါးကဏ္ဍအကောင်အထည်ဖော်နိုင်မှု၊ စံပြစိုက်ခင်း၊ မျိုးစေ့ထုတ်စိုက်ခင်များနှင့် တိုးတက်စိုက်ပျိုးမွေးမြူထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။
Newspaper - 3157 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download