ကရင်ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / August 14, 2025


ဘားအံ ဩဂုတ် ၁၄

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံဖြိုးရေးကော်မတီ(၅/၂၀၂၅)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် စိုက်ပျိုးပြီးမိုးစပါးဧက ၁၈၆၆၅ ကျော် ထိခိုက်ပျက်စီးခဲ့ရပြီး အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေးနှင့်ကုစားမှုများ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ခရိုင်/မြို့နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကြီးကြပ်ရေးလုပ်ငန်းကော်မတီ များက ကြီးကြပ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေး ခေတ်စနစ်နှင့်လျှော်ညီသည့် တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပြီး မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ် အစရှိ သော ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုး၍ စားသုံးဆီဖူလုံရေးကိုလည်းအလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ မိုးရာသီစိုက်ပျိုးသီးနှံများ တစ်ဧကအထွက်နှုန်းပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန် ရေး သွင်းအားစုများတောင်သူလက်ဝယ်ရောက်ရှိနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် ပြည်နယ်ကော်မတီဝင်များက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင် ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့် က သီးနှံအာမခံလျှော်ကြေးငွေနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ၂၀၂၅-၂၀၂၆ ခုနှစ် သီးနှံ(၁၀)မျိုး စိုက်ပျိုးထုတ်လုပ်မှုနှင့်ယခင်နှစ်စိုက်ပျိုးထုတ်လုပ်မှုအပေါ်နှိုင်းယှဉ်ချက်၊ ရေကြီးရေလျှံမှုကြောင့် သီးနှံများ ထိခိုက် ပျက်စီး ပြန်စိုက်မှုအခြေအနေ၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်မှု အခြေအနေ၊ ပြည်နယ်အတွင်းမွေးမြူတိရစ္ဆာန်ကောင်ရေစာရင်း၊ မွေးမြူရေးဇုန်များတွင်မွေးမြူထားရှိကောင်ရေ၊ ပြည်နယ်အတွင်း အသား၊ ဥထုတ်လုပ်မှု၊ စားသုံးမှု၊ ပိုလျှံမှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် ရေကြီးရေလျှံမှုဖြစ်စဉ် ကြောင့် မိုးသီးနှံထိခိုက်ပျက်စီးမှုအခြေအနေ၊ ပြန်လည်စိုက်ပျိုးမည့်အစီအစဉ်နှင့် ပြီးစီးမှုအခြေအနေ၊ မျိုးစပါး၊သွင်း အားစုများစုဆောင်ထားရှိမှုနှင့်တောင်သူဖြန့်ဝေစိုက်ပျိုးနေမှု၊ အထွက်နှုန်းထိခိုက်မှုမရှိစေရေး ဆောင်ရွက်မည့်အစီ အစဉ်များကို ဆွေးနွေးတင်ပြကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဘားအံစက်မှုဇုန်တွင် Bajaj အမှတ်တံဆိပ်သုံးဘီးလူစီးမော်တော် ယာဉ်များကိုတပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော Precision Auto Engineering Co.,Ltd ၏ Mananing Director Mr Vikram Krishna နှင့်အဖွဲ့အား နံနက် ၁၁ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ(၂)၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ကနဦးမတည်ငွေ အမေရိကန်ဒေါ်လာ(၁ ဒဿမ ၃၅၂၄)သန်းဖြင့် SKD စနစ် ၂ဘီး/၃ဘီး မော်တော်ယာဉ်တပ်ဆင်၊ထုတ်လုပ်၊ဖြန့်ချီမှုအခြေအနေ၊ ပြည်တွင်းအလုပ်သမား ၂၀၀ဦးခန့်အား အလုပ်အကိုင်ပေး အပ်ထားပြီး ထပ်တိုးခန့်အပ်၍ ရင်းနှီးမြှုပ်နှံမှုများထပ်မံတိုးမြှင့်လုပ်ကိုင်နိုင်ရေး၊ EV ထုတ်လုပ်တပ်ဆင်နိုင်ရေး၊ ပြည်တွင်းထုတ်ကုန်များကိုအသုံးပြု၍ နည်းပညာမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ ဒေသတွင်းလူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာအသိပညာပေးဆွေးနွေးပွဲများ၊ သင်တန်းများဖွင့်လှစ်နိုင်ရေးဆိုင်ရာကိစ္စရပ် များကို အဓိကထားဆွေးနွေးခဲ့ကြပြီး Precision Auto Engineering Co.,Ltd ၏ Mananing Director Mr Vikram Krishna က ကရင်ပြည်နယ်သဘာဝဘေး(ရေကြီးရေလျှံမှု)အတွက် အလှူငွေကျပ်သိန်း(၁၀၀)ကို ပြည်နယ်ဝန်ကြီးချုပ် ထံ ပေးအပ်လှူဒါန်းခဲ့သည်။

အလားတူ ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီ၏ကြီးကြပ်မှုဖြင့် မြိုင်ကလေး၊ အမှတ်(၂)ဘိလပ်မြေစက်ရုံ တန်(၄၀၀၀)နှင့် နည်းပညာတက္ကသိုလ်(ဘားအံ)တို့ပူးပေါင်းကျင်းပသည့် ဘိလပ်မြေထုတ်လုပ်မှုပိုင်းဆိုင်ရာနည်းပညာ ရပ်များအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ လူငယ်စင်တာ၌ ကျင်းပ သည်။

ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နည်းပညာတက္ကသိုလ်နှင့်စက်မှု လုပ်ငန်းများချိတ်ဆက်မှုသည် နည်းပညာတက္ကသိုလ်မှသုတေသနပညာရှင်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် စက်မှုလုပ်ငန်းများအကြား အပြန်အလှန်အကျိုးပြုစေမည်ဖြစ်ပြီး တိုင်းပြည်၏စီးပွားရေး၊ နည်းပညာနှင့်လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် လွန်စွာအရေးပါကြောင်း၊ ယနေ့အသိပညာပေး ဟောပြောပွဲမှ ဘိလပ်မြေ စက်ရုံများ၏ထုတ်လုပ်မှုပိုင်းဆိုင်ရာနည်းစနစ်များ၊ နည်းပညာများ၊ အရည်အသွေးထိန်းသိမ်းသည့်စနစ်များ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အလုပ်အကိုင်အခွင့်အလမ်းများကို သိရှိနိုင် မည်ဖြစ်ပြီး တက္ကသိုလ်တွင်သင်ကြားသည့်ဘာသာရပ်များနှင့်ချိတ်ဆက်၍ စာတွေ့၊လက်တွေ့ ကျွမ်းကျင်သူများဖြစ် အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အမှတ်(၂)ဘိလပ်မြေစက်ရုံ တန်(၄၀၀၀) စက်ရုံမှူးကြီး ဦးသိန်း ထွန်းအောင်က ဘိလပ်မြေထုတ်လုပ်မှုပိုင်းဆိုင်ရာနည်းပညာရပ်များ အသိပညာပေးဟောပြောဆွေးနွေးမည့်အစီအစဉ် နှင့်စက်ရုံဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး နည်းပညာတက္ကသိုလ်(ဘားအံ)ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ်က အသိပညာပေးဟောပြောပွဲဆောင်ရွက်ရခြင်းအကြောင်းအား အကျဉ်းချုပ် ရှင်းလင်း တင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က စက်ရုံမှူးကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်သည်။

ယနေ့ကျင်းပသည့်အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ နေ့စဉ်မွန်းလွဲ ၂ နာရီမှ ၅ နာရီထိ ကျင်းပသွားမည်ဖြစ်ပြီး နည်းပညာတက္ကသိုလ်(ဘားအံ)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)နှင့် အစိုးရ စက်မှုလက်မှုအထက်တန်းကျောင်းတို့မှ ကျောင်းသား၊ကျောင်းသူများတက်ရောက်လျက်ရှိကာ အမှတ်(၂)ဘိလပ်မြေ စက်ရုံ တန်(၄၀၀၀)မှ တာဝန်ရှိသူများက ဘိလပ်မြေထုတ်လုပ်ပုံအဆင့်ဆင့်၊ ဘိလပ်မြေအရည်အသွေးစစ်ဆေးခြင်း ဆိုင်ရာများ၊ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းစဉ်မှထွက်ရှိလာသောစွန့်ပစ်အပူများအား အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့်အသုံးပြုမှုအခြေအနေ၊ ဘိလပ်မြေထုတ်လုပ်သည့်စက်များထိန်းချုပ်မောင်နှင်ခြင်း၊ လုပ်ငန်းခွင် ကျန်းမာရေး ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ လူမှုဖူလုံရေးလုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင်အရည် အသွေးတိုင်းတာမှုအခြေအနေများနှင့် ISO လက်မှတ်ရရှိမှုအခြေအနေ၊ အရာထမ်းနှင့်အမှုထမ်းများ၏လစာစရိတ်၊ နေထိုင်မှု၊ ထောက်ပံ့မှုနှင့်အကျိုးခံစားခွင့်ဆိုင်ရာများကို ဆွေးနွေးဟောပြောသွားမည်ဖြစ်ပါသည်။

Newspaper - 3255 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 15, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 14, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download