ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / April 25, 2025
ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ဘားအံ - ဧပြီ (၂၅)

ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၄/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဧပြီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ် ၏မြို့တော် ဘားအံမြို့အား သန့်ရှင်းသာယာလှပသော Clean City, Green City ဖြစ်အောင် ဆောင်ရွက်လျက်ရှိပြီး ပန်းပေါင်းစုံဖူးပွင့်နိုင်စေရန် လာမည့်မိုးဦးရာသီတွင် သစ်ပင်စိုက်ပျိုးပွဲများဖြင့် နေရာလပ်မကျန်စိုက်ပျိုးသွားမည် ဖြစ်ရာ ခရီးစဉ်ဒေသများတွင်လည်းစိုက်ပျိုးကြစေလိုကြောင်း၊ ဟိုတယ်လုပ်ငန်းရှင်များအတွက် စက်သုံးဆီပြည့်ပြည့် ဝဝရရှိစေရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ခရီးစဉ်ဒေသများသည် တစ်လထက်တစ်လ တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်လာရန်လိုအပ်ကာ သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ လိုအပ်သည်များပေါင်းစပ်ဆောင် ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြည်နယ်၏ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များသည် အဓိကအခြေခံကျသည့်အတွက် ခရီးစဉ်ဒေသများဆွဲဆောင်မှုရှိစေရန် နှင့်အကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ရန် စိတ်ပါဝင်စားစွာဖြင့် စီမံဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်လင်းက ဒေသကော်မတီ၏လုပ်ကိုင်ဆောင်ရွက်မှုများနှင့် ဆုံးဖြတ်အတည်ပြုရ မည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့တက်ရောက်လာသော ဟိုတယ်လုပ်ငန်းရှင်များက အမှိုက်သိမ်းစနစ်နှင့် ခရီးစဉ်ဒေသသန့်ရှင်းသာယာလှပရေးဆိုင်ရာများ၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် အလှူငွေပါဝင်လှူဒါန်းမှုနှင့် တည်းခိုနေထိုင်သွားလာရာတွင် ဝန်ဆောင်မှုကောင်းများပေးနိုင်ရေးစီစဉ်ဆောင်ရွက်ထား မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ နှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များက ခရီးစဉ် ဒေသများသန့်ရှင်းသာယာလှပရေး၊ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး စီမံဆောင်ရွက် ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ဘားအံရေကြောင်းလူငယ်စခန်း၏ ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၅)ကို ဖွင့်လှစ်သင်ကြား လျက်ရှိရာ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ကန်သာယာရေပြင်တွင် သင်တန်းနည်းပြများ၏ ကြီးကြပ်မှု ဖြင့် သင်တန်းသား၊သင်တန်းသူများ လှေလှော်၊ ရွက်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ကြည့်ရှုအားပေးရာတွင် သင်တန်းတာဝန်ခံအရာရှိကြီးက သင်တန်းဖွင့်လှစ်ပို့ချနေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့ပါသည်။

Newspaper - 3144 items

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၁၃ ရက်၊ ဧပြီ ၂၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၁၂ ရက်၊ ဧပြီ ၂၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၁၁ ရက်၊ ဧပြီ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၁၀ ရက်၊ ဧပြီ ၂၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၉ ရက်၊ ဧပြီ ၂၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၈ ရက်၊ ဧပြီ ၂၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download