ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉)သို့တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉)သို့တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / January 17, 2025
ဘားအံ - ဇန်နဝါရီ (၁၇)
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉)သို့တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် ရောက်ရှိနေသော ကရင်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၈ နာရီ က ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းစစ်ဦးစီးချုပ်နှင့်တာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသားများအနေဖြင့် သင်တန်း ကျောင်းမှ သင်ကြားပေးသောစစ်ပညာရပ်များကို ကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေးစွမ်းရည်ပြည့်ဝသည့်နိုင်ငံ့သားကောင်းများဖြစ်အောင် အားထုတ်ဆောင်ရွက်ပေးကြဖို့မှာကြားလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတစ်ဦး၏တာဝန်အဖြစ် စစ်မှုထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးအဓွန့်ရှည် တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်နိုင်ရေးတို့အတွက် မွန်မြတ်သော တာဝန်ကိုထမ်းဆောင်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉)သို့တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တစ်ဦးချင်းရင်းနှီး နွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
Newspaper - 3049 items
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၁၇ ရက်၊သောကြာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ ကြာသာပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download