ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ် (၇၈)ကြိမ်မြောက်မွန်အမျိုးသားနေ့အခမ်းအနား တက်ရောက်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ် (၇၈)ကြိမ်မြောက်မွန်အမျိုးသားနေ့အခမ်းအနား တက်ရောက်
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / February 13, 2025
![](/documents/20143/0/QQ3+%285%29.jpg/659fbce2-28bc-d18e-bbc7-2cf4476a6798?t=1739438376799)
ဘားအံ ဖေဖော်ဝါရီ ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အဆင့်(၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဖဲကတာကျေးရွာ၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ တက်ရောက်လာသောမွန်တိုင်းရင်းသားများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ စစ်ကြောင်းကြီးပုံစံဖြင့် မွန်အမျိုးသားနေ့ကျင်းပရာကွင်းအတွင်းသို့ချီတက်ကြပြီး မွန်အမျိုးသားနေ့ကျင်းပရေးဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝါယမ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးချုပ်(ငြိမ်း)ဦးဇော်မင်းနှင့် သဘာပတိ ဦးမြင့်လွင် တို့က မွန်အမျိုးသားနေ့မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် မွန်အမျိုးသားနေ့အခမ်းအနားကိုဆက်လက်ကျင်းပရာ သဘာပတိ အိန္ဒုမွန်ကျောင်းဆရာတော် ဘဒ္ဒန္တဝါယမနှင့်အဖွဲ့ဝင်များ ကြွရောက်နေရာယူကြပြီး မွန်အမျိုးသားအလံတော်အား အလေးပြုကြကာ သဘာပတိ အိန္ဒုမွန်ကျောင်းဆရာတော်က အဖွင့်ဩဝါဒစကား မိန့်ကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားပြည်သူများ၏ စကား၊စာပေ၊အနုပညာ၊ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှလိုအပ်သည့်အကူအညီအထောက်အပံ့များကို နှစ်စဉ်ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိ သကဲ့သို့ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့်အေးချမ်းသာယာစွာ နေထိုင်နိုင်ရေး ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍပေါင်းစုံကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည် ဆောက်ရေး၊ မိမိတို့နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက် သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်အမျိုးသားနေ့အခမ်းအနားအတွက် ချီးမြှင့်ငွေကျပ်သိန်း(၂၅၀)ကျပ်ကို ကျင်းပရေးကော်မတီဥက္ကဋ္ဌထံ ပေးအပ်ရာ ကျင်းပရေးကော်မတီဥက္ကဋ္ဌကဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး သဘာပတိအဖွဲ့ဝင်တစ်ဦးက မွန်အမျိုးသားနေ့ဗဟိုမှပေးပို့သော သဘာပတိမိန့်ခွန်းကို ဖတ်ကြားကာ မွန်အမျိုးသား နေ့မြေစိုက်ပိုစတာအကြောင်း မြန်မာဘာသာဖြင့်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကျင်းပရေးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး မွန်စာပေနှင့်ယဉ်ကျေး မှုအသင်းဥက္ကဋ္ဌက မွန်လူမျိုးအခြေပြုအကြောင်း ကို ပြောကြားပြီး မွန်ယဉ်ကျေးမှုဟင်္သာယိမ်းအကဖြင့် ကပြဖျော်ဖြေ ကာ မွန်အမျိုးသားနေ့အခမ်းအနားကို မွန်အမျိုးသားသီချင်းဖြင့် သီဆိုရုတ်သိမ်းခဲ့ပါသည်။
Newspaper - 3076 items
![](https://www.moi.gov.mm//mal/sites/default/files/newspaper-image/2025-02/mal%2013.2.25.jpg)
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၁၃ ရက် ၊ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download![](https://www.moi.gov.mm//mal/sites/default/files/newspaper-image/2025-02/mal%2012.2.25.jpg)
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download![](https://www.moi.gov.mm//mal/sites/default/files/newspaper-image/2025-02/mal%2011.2.25_0.jpg)
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download![](https://www.moi.gov.mm//mal/sites/default/files/newspaper-image/2025-02/mal%2011.2.25.jpg)
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download![](https://www.moi.gov.mm//mal/sites/default/files/newspaper-image/2025-02/mal%2010.2.25.jpg)
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download![](https://www.moi.gov.mm//mal/sites/default/files/newspaper-image/2025-02/mal%209.2.25.jpg)
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၉ ရက် ၊တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download![](https://www.moi.gov.mm//mal/sites/default/files/newspaper-image/2025-02/mal%208.2.25.jpg)
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၈ ရက် ၊စနေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download![](https://www.moi.gov.mm//mal/sites/default/files/newspaper-image/2025-02/mal%207.2.25.jpg)
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၇ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download![](https://www.moi.gov.mm//mal/sites/default/files/newspaper-image/2025-02/mal%206.2.25.jpg)
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၆ ရက် ၊ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download![](https://www.moi.gov.mm//mal/sites/default/files/newspaper-image/2025-02/mal%205.2.25.jpg)
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download