ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးနှင့်မွေးမြူရေးကဏ္ဍဖွံဖြိုးရေး ကြည့်ရှုအားပေး


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / May 08, 2025
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးနှင့်မွေးမြူရေးကဏ္ဍဖွံဖြိုးရေး ကြည့်ရှုအားပေး


ဘားအံ - မေ (၈)

            ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ အခြားသောစီးပွားကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မေလ ၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာအုပ်စုအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးနှင့်မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် မြေပြင်ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ၊ ကွင်းအမှတ်(၁၂၆၈-ခ)၊ အလန်းအရှေ့ကွင်း၌ ဇာသပြင်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၏ လက်တံမြောင်းမှရေကို ဆိုလာစနစ်ဖြင့်ရယူအသုံးပြု စိုက်ပျိုးဖြစ်ထွန်းနေသော တောင်သူဦးကာလီဘာ၏နွေစပါး(၂၀)ဧကအား ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဦးထွန်းမြင့်နှင့်တာဝန်ရှိသူများက နွေစပါးစိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် မိုးစပါးလျာထားဧက ပြည့်မီကျော်လွန်ရေး တောင်သူစည်းရုံးပညာပေးလုပ်ငန်းများဆောင် ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှ ဈေးနှုန်းကြီး မြင့်သော ဓါတ်မြေဩဇာများကိုအသုံးပြုမှုလျော့ချ၍ ကုန်ကျစရိတ်သက်သာသောသဘာဝမြေဩဇာများကို တောင်သူ များတွင်တွင်ကျယ်ကျယ်အစားထိုးပြုလုပ်သုံးစွဲလာစေရေး အီးအမ်ဘိုကာရှီနှင့်စူပါဘိုကာရှီမြေဆွေးပုံပြုလုပ်သုံးစွဲ နည်းကို လက်တွေ့ပြုလုပ်ပြသရာ ဇာသပြင်အရှေ့၊ ဇာသပြင်အနောက်၊ ကော့ကျိုက်၊ ကျုံဖဲ၊ ကော့လမု၊ ကော့သင်း ကျေးရွာများမှတောင်သူများက ကြည့်ရှုလေ့လာခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးနှင့်တာဝန်ရှိ သူများက ကျေးလက်ဒေသထွက်သဘာဝအမှိုက်များကိုမြေဆွေးပုံပြုလုပ်သုံးစွဲခြင်းဖြင့် မြေဆီဩဇာကိုရေရှည်ကောင်း မွန်စေပြီး စပါးအထွက်နှုန်းတိုးတက်စေကြောင်း၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ဖြန့်ဖြူးပေးနေမှုနှင့် ကြဲပက် စိုက်ပျိုးအသုံးပြုခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများကိုယ်တိုင် ပြန်လည်ပြုလုပ်သုံးစွဲကြရန် တိုက်တွန်းပြောကြားသည်။

            ယင်းနောက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကိုကျင်းပရာ တက်ရောက် လာကြသော မိုးစပါးစိုက်ပျိုးမည့်တောင်သူများက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များကို တစ်တင်းလျှင် လေးဧကနှုန်းဖြင့် စုပေါင်းကြဲပက်သရုပ်ပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် တောင်သူများက ကုန်ထုတ်လမ်း၊တံတားဆောင်ရွက်ပေးနိုင်ရေး၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိနိုင်ရေးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်ကသက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင် ရွက်ပေးခဲ့ပြီး မိုးစပါးစိုက်ပျိုးကြမည့်တောင်သူများအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များကို အခမဲ့ချီးမြှင့် ပေးအပ်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးစိုးသန်း၏နွေစပါးဆင်းသုခ(၅)ဧကအနက် ၁ ဒဿမ ၅ ဧက ရိတ်သိမ်းမှုအား ကူဘိုတာရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုနှင့် ဥယျာဉ်ခြံစိုက်ခင်းတို့ အားလှည့်လည် ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အကျိုးပြုဧရိယာ ဧက-၅၀၀ ခန့်အား စိုက်ပျိုးရေပေးဝေနိုင် သည့် ဇာသပြင်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၏  စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး ရာ ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်စွာ ဦးက မြစ်ရေတင်လုပ်ငန်း၏လက်ရှိရေပေးဝေနေမှုနှင့်လျှပ်စစ်မီးရရှိမှုအခြေအနေ၊ ဆိုလာစနစ်တစ်စုံတပ်ဆင်နိုင်ရေး လျာထားဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အတွင်းမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ကော့ကျိုက်-ကော့ပလံ-ဇာသပြင်အဖြောင့်လမ်းမကြီးဘေးရှိ တောင်သူဦးနိုင်ဝင်းအောင်၏ ဘဲ ၁၁၅၀၀ ကောင်နှင့် အသားတိုးဝက် ၁၀၀ ကောင် မွေးမြူရေးခြံအားသွားရောက်ကြည့်ရှုအားပေးရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာတင်နွယ်ရီနှင့်မွေးမြူတောင်သူတို့က ဒေသတွင်းအသားနှင့်ဥဈေးကွက်ရရှိမှု၊ အကျိုး အမြတ်ရရှိမှုနှင့်တိုးချဲ့မွေးမြူနိုင်ရေးရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါအဖြောင့်လမ်းမကြီးဘေးရှိ တောင်သူဦးဆန်နီသိန်း၏ အုန်းချိုမွေး ဧက(၃၀)စိုက်ပျိုးရေးခြံ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေနေမှု၊ စိုက်ပျိုးချိန်(၂)နှစ်ကျော်ကာလအတွင်း အသီးစတင်သီးနေမှု၊ တောင်သူဦးနိုင်လင်းဦး၏ ဥစားကြက် ၁၁၀၀ ကောင်မွေးမြူရေးခြံတို့အား ကြည့်ရှုအားပေးပြီး တောင်သူများ၏တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

Newspaper - 3156 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2025

Publication Date: 2025

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download