ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အားကစားကွင်း၊အားကစားရုံများနှင့်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အားကစားကွင်း၊အားကစားရုံများနှင့်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / July 01, 2025

ဘားအံ ဇူလိုင် ၁
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အားကစားကွင်း၊ အားကစားရုံများနှင့် တည်ဆောက် ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်အားကစားကွင်း၊ ဇွဲကပင်အားကစားရုံ (၂၀၀ပေ x ၁၃၀ပေ)အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ တာဝန်ယူ တည်ဆောက်သည့်ဒီဇိုင်းမန္တလေးကုမ္ပဏီနှင့်တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့်ဆက်လက်ဆောင်ရွက်နိုင်ရေးလျာထားဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား ကာ တည်ဆောက်ရေးလုပ်ငန်းခွင်အားလှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၁၈)နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(ဂ)အား ဘားအံမြို့၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရေး ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်းနှင့် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အောင်သံလွင်အားကစားကွင်းတို့တွင် ပြိုင်ပွဲကျင်းပနိုင် ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် အားကစားသမားများတည်းခိုနေထိုင်နိုင်ရေး တည်းခိုဆောင်၊ စားရိပ်သာ၊ ခန်းမများပြည့်စုံ လုံလောက်မှုရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ပြိုင်ပွဲကျင်းပနိုင်ရေးပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးအားကစားကွင်း၊ ပွဲကြည့်စင်အဆောက်အဦများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စိမ်းလန်းစိုပြည်မှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများစနစ်တကျရှိစေရေး၊ အားက စားကွင်း/အားကစားရုံများယိုယွင်းပျက်စီးနေမှုများကိုပြန်လည်ပြုပြင်ဆောင်ရွက်၍ ရေရှည်တည်တံ့အောင်စနစ်တကျ ထိန်းသိမ်းထားရှိနိုင်ရေး၊ အားကစားသမားများကိုအာဟာရပြည့်ဝစွာကျွေးမွေးဧည့်ခံနိုင်ရေးအနီးကပ်ကြီးကြပ်ဆောင် ရွက်သွားရန်နှင့်လိုအပ်သည်များကိုကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအားမှာကြားခဲ့ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအထွေထွေပိုလျှံ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ အမှတ်(၁၃)အခြေခံပညာ မူလတန်းကျောင်း၏ ၆၀ပေ x ၃၀ပေ RCC တစ်ထပ်ကျောင်းဆောင်သစ်တည်ဆောက်ရေးလုပ်ငန်း ၉၈ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးမှု အခြေအနေ၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်း၏ ၆၀ပေ x ၃၀ပေ RCC တစ်ထပ် ကျောင်းဆောင်သစ်တည်ဆောက်ရေးလုပ်ငန်း ၉၃ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်သည့်ကုမ္ပဏီနှင့် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး တို့က တည်ဆောက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကာ ကျောင်းဆောင်သစ်များအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Newspaper - 3210 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။
