ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဘားအံစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများ ကြည့်ရှုစစ်ဆေး


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / August 22, 2025
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဘားအံစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများ ကြည့်ရှုစစ်ဆေး


ဘားအံ - ဩဂုတ် (၂၂)

ကရင်ပြည်နယ်၊ ဘားအံစက်မှုဇုန်ကို ၂၀၁၁ ခုနှစ်ခန့်က စတင်တည်ထောင်ခဲ့ပြီး ဧရိယာ ၉၆၉ ဧကကျယ်ဝန်း ကာ ဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးမြှင့်တင်နိုင်ရေး၊ နည်းပညာ၊ အရင်းအနှီး နှင့် ဈေးကွက်အထောက်အပံ့များရရှိနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အဆိုပါစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံ စက်မှုဇုန်၊ ကံကောင်းခြင်းရတနာထုတ်လုပ်မှုလုပ်ငန်းကုမ္ပဏီ၏ သစ်ပါးလွှာစက်ရုံ၌ အလုပ်သမား ၇၁ ဦးဖြင့် အထပ်သားအခွံခွာအကြမ်းစက်၊ အထပ်သားအချောစက်၊ ဓါးသွေးစက်၊ ဖိသိပ်ထုပ်ပိုးစက်များဖြင့် ရာဘာသစ်ပါးလွှာ ထုတ်လုပ်ပုံအဆင့်ဆင့်၊ အရည်အသွေးခွဲခြားပါကင်ထုပ်ပိုးထားရှိမှုနှင့် စက်ရုံထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုစစ်ဆေး ရာ စက်ရုံတာဝန်ရှိသူများက ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသ တွင်းအရင်းအမြစ်များကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များတိုးမြင့်ထုတ်လုပ်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုကိုတိုးမြှင့်၍ သစ် အချောထည်ပစ္စည်းများထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားကာ လိုအပ်သည်များပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်၌ အလုပ်သမားဦးရေ ၂၀၀ ဦးခန့်ဖြင့် နေ့စဉ် အစီးရေ ၈၀ မှ ၁၀၀ ကြား ထုတ်လုပ်တပ်ဆင်နေသော Precision Auto Engineering Co.,Ltd ၏ Bajaj အမှတ် တံဆိပ်သုံးဘီးလူစီးမော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်သည့်စက်ရုံအား ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက အရည်အသွေး၊ ကုန်ကြမ်းရရှိမှု၊ လျှပ်စစ်မီးရရှိမှုနှင့် ထုတ်လုပ်မှုအခြေအနေ၊ After Sale Service ဆောင်ရွက်ထားရှိ မှု၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းတိုးတက်ဖော်ဆောင်နိုင်ရေး EV SKD အကောင်အထည်ဖော်ဆောင်ရွက် နေမှု၊ စက်မူဝန်ကြီးဌာန MOHS နှင့်ချိတ်ဆက်၍ အခမဲ့စက်ပြင်သင်တန်းသင်တန်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ပစ္စည်းအစိတ်အပိုင်းများ ပြည်ပမှမှာယူတင်သွင်းမှုများကို လျှော့ချ၍ ပြည်တွင်းထုတ်ကုန်များကိုအသုံးပြုပြီး ထုတ်လုပ်တပ်ဆင်အသုံးပြုနိုင်ရေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ အလုပ်သမား ၃၀ ဦခန့်ဖြင့် တစ်ရက်လျှင် ၂၅ ကီလိုဂရမ် ဒိုလိုမိုက်သဘာဝကျောက်မုန့်မြေဩဇာ အိတ် ၂၀၀၀ ခန့်ထုတ်လုပ်နေသောပြည်သူ့ဓနကုမ္ပဏီလီမိတက်၏ ပွင့်သစ်တိုးဘက်စုံသုံးအဆင့်မြင့်ဂျစ်(ပ်)ဆမ်ကျောက်မှုန့် ကြိတ်ခွဲသန့်စင်စက်ရုံကိုကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက ကြိတ်ခွဲသန့်စင်ထုတ်လုပ်မှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဈေးကွက်ရရှိမှုနှင့် ဝယ်လိုအားယှဉ်ပြိုင်နိုင်စွမ်းတို့ကို ဆွေးနွေးမေးမြန်း ကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလုပ်သမား ၄၂ ဦးဖြင့် နေ့စဉ်ကော်ပစ္စည်းမျိုးမျိုး ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော KYAW-3 အလုပ်ရုံကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ထုတ်လုပ်မှုနှင့် ဈေးကွက်ဖြန့်ဖြူးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းစွန့်ပစ်ပလတ်စတစ် နှင့်ကော်ပစ္စည်းများကိုကုန်ကြမ်းအဖြစ်ပြန်လည်သန့်စင်အသုံးပြုနိုင်ရေးမှာကြားကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဘားအံစက်မှုဇုန်တွင် တည်ဆောက်ဆဲစက်ရုံအလုပ်ရုံ ၂၆ ရုံရှိပြီး စက်ရုံ၊အလုပ်ရုံပေါင်း ၄၆ ရုံ လုပ်ငန်း လည်ပတ်လျက်ရှိကာ ဒေသခံတိုင်းရင်းသားပြည်သူအလုပ်သမားဦးရေ ၅၁၈ ဦးအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စုပေါင်းရုံး OSS ခန်းမ နှင့် ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ သေဌမာရ်အောင်ဘုရားကြီး၌ ဘားအံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကျင်းပသော မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်း တို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ဘားအံမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းကို အဖွဲ့(၈)ဖွဲ့ခွဲ၍ ဩဂုတ်လ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့ထိ မြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈၈)အုပ်စုတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

 

Newspaper - 3262 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ ၊ သြဂုတ် ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 22, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက် ၊ သြဂုတ် ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 21, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက် ၊ သြဂုတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက် ၊ သြဂုတ် ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် ၊ သြဂုတ် ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 15, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 14, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download