ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / September 03, 2025

ဘားအံ စက်တင်ဘာ ၃
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်အားကစားကွင်း၊ ဇွဲကပင်အားကစားရုံ (၂၀၀ x ၁၃၀)ပေ အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ တာဝန်ယူတည် ဆောက်သည့် ဒီဇိုင်းမန္တလေးကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းတစ်ခုလုံးခွင့်ပြုရန်ပုံငွေ ကျပ်(၃၉၈၀ ဒဿမ ၅) သန်းဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်ဆောင်ရွက်ရမည့်လုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ်တွင် ဆောင်ရွက်ရမည့်လုပ်ငန်း ၁၃ ခုအား လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား၍ တည်ဆောက်ရေးလုပ်ငန်းအား လိုက်လံကြည့်ရှုစစ်ဆေးကာ သတ်မှတ် စံချိန်စံနှုန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ ကျက်သရေဆောင်ကြာအင်းတောင်ခြေတွင် တည်ဆောက်လျက်ရှိသော သာသနာ့ဝေစည်ဓမ္မာ့ဗိမာန်တော်ကြီးတည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်ပေးလျက်ရှိသော ရှားမူလာကုမ္ပဏီမန်နေဂျင်းဒါရိုက်တာနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြေထိန်းနံရံလုပ်ငန်း၊ ကျောက်စီရေမြောင်းလုပ်ငန်း၊ သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး ဝင်/ထွက်လမ်းနှင့် ယာဉ်ရပ်နားရာ နှစ်ထပ်ကားပါကင်ပတ်လမ်း ပေ ၄၀ မြေသားလမ်းအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်း၊ သာသနာ့ဗိမာန်တော်ကြီး(၄)ထပ် ပင်မအဆောက်အဦအတွင်း အပိုင်းလိုက်ဆောင်ရွက်နေသည့် အချောသတ် လုပ်ငန်း၊ အပေါ်အမိုး Roof Slap လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ရာခိုင်နှုန်းအားဖြင့် ၆၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာ့ဗိမာန်တော်ကြီး (၄) ထပ် ပင်မအဆောက်အဦနှင့် အခြားဆက်စပ်လုပ်ငန်းများ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် UHM DEVELOPMENT CO.,LTD ၏ ဘားအံမြို့၊ အမှတ်(၉) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ မြေဧရိယာ ၃ ဒဿမ ၃၄၄ ဧကပေါ်တွင် တည်ဆောက်လျက်ရှိသော Zwekabin Plaza မြေညီထပ်တွင် ဈေးဆိုင်ခန်းများဖွင့်လှစ်၍ Plaza လုပ်ငန်းများစတင်လည်ပတ်နိုင်ရန် သွားရောက်ကြည့်ရှု စစ်ဆေးရာ ကုမ္ပဏီ CEO ဦးထွန်းအောင်ရွှေက Zwekabin Plaza မြေညီထပ်ပြင်ဆင်ပြီးစီးမှုအခြေအနေ၊ Zwekabin Plaza အားဆက်လက်ဆောင်ရွက်မည့်ပုံစံ၊ မြေညီထပ်လက်ရှိအခြေအနေနှင့် ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းများ၊ ရေမီးစနစ်၊လုံခြုံရေး၊သန့်ရှင်းရေးလုပ်ငန်းများအပါအဝင် ငွေကျပ်သိန်းပေါင်းလေးထောင်ခြောက်ရာကျော်သုံးစွဲ၍ မြေညီထပ်ဖွင့်လှစ်နိုင်ရန်ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ Zwekabin Plaza မြေညီထပ် ပြန်လည်ပြင်ဆင် ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့သည်။
အလားတူ ၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဖွင့်ပွဲကို စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ပြည်နယ်လူငယ်စင်တာ၌ ကျင်းပရာ ပြည်နယ်အတွင်းမှ ဘိလိယက်နှင့်စနူကာအားကစားသမား ၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် ဘိလိယက်နှင့်စနူကာအားကစားသမားများပေါ်ထွက်လာစေရန်နှင့် ပြိုင်ပွဲများတွင် ကရင်ပြည်နယ်ကိုယ်စားပြုပြီး အောင်မြင်မှုများရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ယခုပြိုင်ပွဲမှထူးချွန်သည့်အားကစားသမားများကို စနစ်တကျ ရွေးချယ်လေ့ကျင့်ပေးသွားမည်ဖြစ်ကာ ဘိလိယက်နှင့်စနူကာအားကစားနည်းဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင် ပေးနိုင်သူများ ဖြစ်ကြပါစေကြောင်း ပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြိုင်ပွဲအားစတင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို စက်တင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့ထိ 9 Ball ပြိုင်ပွဲနှင့် 15 Red Snooker ပြိုင်ပွဲဟူ၍ အမျိုးအစားနှစ်မျိုးခွဲကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရဗိုလ်စွဲ သူများအား ဂုဏ်ပြုဆုများထိုက်ထိုက်တန်တန်ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။
Newspaper - 3276 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download