ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဆောင်းနေကြာသီးနှံကွင်းသရုပ်ပြပွဲတက်ရောက်ပြီး တောင်သူများအားသဘာဝမြေဩဇာများပေးအပ်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / February 20, 2026


ဘားအံ ဖေဖော်ဝါရီ ၂၀

ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာတို့ကို ပြည်နယ်အတွင်း အဓိကထားစိုက်ပျိုးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ကွင်းအမှတ်-၁၁၈၄၊ ထောင်ဝိကွင်း၊ တောင်သူဦးဝင်းတင်ပါ(၁၆)ဦး၏ နေကြာစိုက်ခင်း၌ကျင်းပသော ဆောင်းနေကြာသီးနှံကွင်းသရုပ်ပြပွဲသို့တက်ရောက်၍ နေကြာစိုက် တောင်သူများအား သဘာဝမြေဩဇာများ အခမဲ့ချီးမြှင့်ပေးအပ်ခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နေကြာမျိုးစေ့တစ်ဧကတန်ဖိုး သုံးသောင်းခြောက်ထောင်လေးရာကျပ်အနက် တန် ဖိုး၏တစ်ဝက်ကို ပြည်နယ်အစိုးရမှအခမဲ့ထောက်ပံ့ပေးပြီး တောင်သူများအနေဖြင့် မျိုးစေ့တန်ဖိုးတစ်ဝက်ကိုသာကျခံရ ခြင်းဖြစ်ကာ ထွက်ရှိလာသည့် နေကြာစေ့အားလုံးကို တောင်သူများသာ ရရှိမည်ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် မိမိတို့၏စိုက်ခင်းအောင်မြင်ဖြစ်ထွန်းအောင် ဂရုစိုက်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း တောင်သူများ၏လိုအပ်ချက်များကို အချိန်မီပူးပေါင်းဆောင်ရွက်ပေးကြစေလိုပြီး ထွက်ရှိလာသည့်သီးနှံများကို ကုန်ကြမ်း မှကုန်ချောအဆင့်ထိ အရည်အသွေးကောင်းထုတ်ကုန်များထွက်ရှိလာစေရန် အဆင့်မြင့်ဆီကြိတ်ခွဲစက်များဖြင့် ကြိတ်ခွဲနိုင် မှသာ ဈေးကောင်းရရှိနိုင်မည်ဖြစ်သည့်အတွက် ဒေသအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏လုပ်ငန်း များအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ကြိုတင်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးထွန်းမြင့်က နေကြာသီးနှံစိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီး များက ဘားအံမြို့နယ်အတွင်းရှိ ထောင်ဝိ၊ ရဲသာ၊ တရုတ်လှ၊ ကော့ကျိုက် အစရှိသောကျေးရွာ ၁၀ ရွာမှ နေကြာစိုက် တောင်သူ ၁၀၀ ဦးအား ဩဇာမင်းသဘာဝမြေဩဇာ အိတ်(၁၀၀)ကို အခမဲ့ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ကျေးရွာ(၁၀)ရွာမှ တက်ရောက်လာသော နေကြာစိုက် တောင်သူများက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ထောင်ဝိကွင်းရှိ အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းနေကြာ အထွက်နှုန်းတိုးတက်ရေးစံပြကွက်(၆၈)ဧကအား ကြည့်ရှုအားပေးရာ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက နေကြာ သီးနှံ (၁၅)ရက်သားတွင် အပင်သားခွဲခြင်းလုပ်ငန်းဆောင်ရွက်မှု၊ (၄၀)ရက်သားတွင် မြေဩဇာကျွေးဘောင်တင်ခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

နေကြာစိုက်ခင်းအနီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၏ ဝတ်မှုံကူးပျားအုံးများ ထားရှိပြီး သီးနှံအထွက်တိုးရေးအတွက်ပျားဖြင့်ဝတ်မှုံကူးနေခြင်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးကာ ဆောင်းနေကြာအထွက်နှုန်းတိုးတက်ရေးစံပြကွက်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။

Newspaper - 3447 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download