ကုန်စည်များဘက်စုံပို့ဆောင်ရေးဗဟိုအဖွဲ့၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Transport and Communications/ Naypyitaw / November 05, 2024
image_latest


နေပြည်တော်၊ နိုဝင်ဘာလ ၄

ကုန်စည်များဘက်စုံပို့ဆောင်ရေးဗဟိုအဖွဲ့၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကုန်စည်များဘက်စုံပို့ဆောင်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက် အမှာစကား ပြောကြားသည်။

ထို့နောက် ကုန်စည်များဘက်စုံပို့ဆောင်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဘက်စုံပို့ဆောင်ရေးဥပဒေ၊ နည်းဥပဒေများ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဗဟိုအဖွဲ့၊ အဖွဲ့ဝင်များဖြစ်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပို့ဆောင်ရေးဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ အကောက်ခွန်ဦးစီးဌာန၊ ကောင်စစ်‌ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၊  ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့မှ ဌာနအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံသယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှုအသင်းချုပ် (MTLF) နှင့် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MIFFA) တို့မှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက အကြံပြုဆွေးနွေးတင်ပြသည်။

ကုန်စည်များဘက်စုံပို့ဆောင်ရေးဗဟိုအဖွဲ့ကို ဘက်စုံပို့ဆောင်ရေးဥပဒေ၊ ပုဒ်မ ၆ အရ ဘက်စုံပို့ဆောင်ရေးဥပဒေ၊ နည်းဥပဒေများပါပြဋ္ဌာန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် မြန်မာနိုင်ငံမှဘက်စုံပို့ဆောင်ရေးလုပ်ငန်းများ၊ ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှုလုပ်ငန်းများ တိုးတက်လာစေရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဘက်စုံပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှသည် နိုင်ငံတော်၏ ကုန်သွယ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ရှိလာပြီး ထိုမှတစ်ဆင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Newspaper - 2973 items

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်၊ နိုဝင်ဘာ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ ရက်၊ နိုဝင်ဘာ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ ရက်၊ နိုဝင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ ရက်၊ နိုဝင်ဘာ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက်၊ နိုဝင်ဘာ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့၊ အောက်တိုဘာ ၃၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၂၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download