ကောင်းမွန်သည့်အုပ်ချုပ်ရေးယန္တရားဖြင့်လုပ်ငန်းများ အောင်မြင်အောင်ကြိုးပမ်း


Ministry of Information/ Naypyitaw / May 22, 2025
image_latest


“တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အရည်အချင်းပြည့်ဝနေရန်လိုကြောင်း၊ အုပ်ချုပ်ရေးတာဝန်ယူထားသူများနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းနေရန်လိုကြောင်း၊ ထို့ကြောင့် အုပ်ချုပ်သူများအနေဖြင့် အရည်အချင်းပြည့်ဝရန်လိုအပ်သကဲ့သို့ အုပ်ချုပ်မှုအတတ်ပညာ၊ ဥပဒေနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအမြင်များ ရှိရန်လိုကြောင်း” မေလ ၁၉ ရက်နေ့ကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်။ တာဝန်စတင်ထမ်းဆောင်ချိန်မှစ၍ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ တာဝန်ပေးအပ်ရာတွင်လည်း တပ်မတော်သားများကိုသာ ခန့်အပ်ခြင်းမဟုတ်ဘဲ စစ်ဘက်နှင့်နယ်ဘက်မျှတအောင်တာဝန်ပေးခန့်အပ်၍ ဆောင်ရွက်ခဲ့သည်။ အစိုးရအဖွဲ့အနေဖြင့် တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း လုပ်ငန်းကဏ္ဍအသီးသီးအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးအရ တာဝန်ယူဆောင်ရွက်ရာတွင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာများကို ခွဲဝေဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံများတွင် အဆိုပါမဏ္ဍိုင်သုံးရပ် တည့်မတ်ခိုင်မာအောင်၊ နိုင်ငံနှင့်ပြည်သူကို အကျိုးပြုအောင် ကြိုးပမ်းဆောင်ရွက်ကြသည့်နည်းတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည်လည်း အလေးထား ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရက လုပ်ငန်းများဆောင်ရွက်ရာတွင် ဦးစားပေးချမှတ်ခြင်းနှင့် အထောက်အကူပြုကဏ္ဍများ၏လုပ်ငန်းများကို ချမှတ်ထားသော မူဝါဒအရ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် နည်းဗျူဟာများ၊ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏လိုအပ်ချက်အရ ပြည်ထောင်စုအစိုးရ အခွင့်အာဏာနှင့် ဘဏ္ဍာငွေခွဲဝေခြင်းကို အလေအလွင့်မရှိစေဘဲ အကျိုးရှိထိရောက်စွာ စနစ်တကျမျှဝေဆောင်ရွက်လျက်ရှိသည်။ ပုံမှန်စီမံကိန်းလုပ်ငန်းများသာမက ပြီးခဲ့သည့်ကာလများတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်နိုင်ခဲ့သည်။

အုပ်ချုပ်ရေးအစိုးရဆိုသည်မှာ ပြည်ထောင်စုအဆင့်မှ ရပ်ကွက်ကျေးရွာအုပ်ချုပ် ရေးရုံးများအထိပါဝင်သဖြင့် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ကြရသည်။ အုပ်ချုပ်ရေးတာဝန်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ခိုင်မာမှန်ကန်သောမူဝါဒနှင့် အစီအမံကောင်းများ၊ လုပ်ငန်းစဉ်များ အချိန်မီဆောင်ရွက်နိုင်ရန် အရည်အချင်းပြည့်ဝ၍ အဆင့်မြင့်ပညာတတ်ကျွမ်းနားလည်သော ကောင်းစွာလေ့ကျင့် ပျိုးထောင်ထားသည့် လုပ်ငန်းအတွေ့အကြုံရင့်ကျက်သော ပုဂ္ဂိုလ်များ၊ ဝန်ထမ်းများ မရှိမဖြစ်လိုအပ်သည်။ အများပြည်သူအကျိုးစီးပွားနှင့် ဝန်ဆောင်မှုများကို ဆောင်ရွက်ရသောလုပ်ငန်းများအနေဖြင့် ပြည်သူလူထု ယုံကြည်လေးစားအားကိုးရသည့် အဖွဲ့အစည်းများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အစိုးရလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးကဏ္ဍများသာမက မြို့ရွာစည်ပင်သာယာဝပြောရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မျက်ခြည်မပြတ် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ မြို့ရွာအဆင့်တာဝန်ရှိသူ အဆင့်ဆင့်တို့အနေဖြင့် နိုင်ငံတော်အစိုးရကိုယ်စား ဆောင်ရွက်ကြရသူများဖြစ်၍ မြို့ရွာဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတာဝန်များအပြင် ဒေသအခြေပြုစီးပွားရေးလုပ်ငန်းနယ်ပယ်များ ဖွံ့ဖြိုးရေးတွင် ပိုမိုလုပ်သာကိုင်သာရှိနိုင်သော အခြေအနေအရပ်ရပ်ကို ဖန်တီးပေးရန်လိုသည်။ အုပ်ချုပ်ရေးဆောင်ရွက်ကြသူများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံချစ်စိတ်ဖြင့် တိုင်းပြည်နှင့် လူမျိုးအကျိုးကို ရှေးရှုဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ထားသည့်အတိုင်း ပြည်ထောင်စုအဖွဲ့အစည်းများအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအလိုက်၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများအလိုက် အုပ်ချုပ်ရေးတာဝန်ယူထားသူများနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းပြီး အုပ်ချုပ်ရေးအတတ်ပညာ၊ ဥပဒေနှင့် ဒေသဖွံ့ဖြိုးရေးအမြင်များရှိသည့် အရည်အချင်းပြည့်ဝသူများဖြစ်အောင် လေ့ကျင့်ပြီး ကောင်းမွန်သည့်အုပ်ချုပ်ရေးယန္တရားဖြင့် လုပ်ငန်းများအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ။

Newspaper - 3305 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 02, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၆ ရက် ၊ စက်တင်ဘာ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက် ၊ စက်တင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် ၊ စက်တင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download