ကျန်းမာရေးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်‌နှင့် မန္တလေးငလျင်ကြီး၌ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများ ဂုဏ်ပြုညစာစားပွဲကျင်းပ


Ministry of Information/ Naypyitaw / November 15, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၄

ကျန်းမာရေးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်‌နှင့် မန္တလေးငလျင်ကြီးတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများ ဂုဏ်ပြုညစာစားပွဲကို ယနေ့ညနေ ၆ နာရီတွင် ရုံးအမှတ်(၄)၊ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့ထုတ် မြန်မာနိုင်ငံ ပြန်တမ်းတွင် ကျန်းမာရေးဝန်ကြီးဌာနဟု အမည်မှည့်ခေါ်၍ တရားဝင်အမိန့်ကြော်ငြာစာတွင် စတင်ထုတ်ပြန်သုံးနှုန်းခဲ့သဖြင့် အဆိုပါနေ့ကို ကျန်းမာရေးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သော ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှစတင်၍ ခေတ်အဆက်ဆက် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရာ ယနေ့အချိန်တွင်လည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဦးတည်ချက်(၄)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တတိယအချက်ဖြစ်သည့် “နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး”ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ လူတိုင်းကျန်းမာကြံ့ခိုင်စွာဖြင့် သက်တမ်းစေ့နေထိုင်နိုင်ရေးတို့အတွက် အဆင့်အတန်းမြင့်မားသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

ထိုသို့ ဆောင်ရွက်ရာတွင် ဦးစီးဌာနခြောက်ခုဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ကျန်းမာရေးဝန်ထမ်းများသည် ကိုဗစ်-၁၉ ကပ်ရောဂါ၊ မိုခါမုန်တိုင်း၊ ရာဂီမုန်တိုင်းဘေးအန္တရာယ် ၎င်းတို့နှင့်ဆက်စပ်၍ ရေကြီးနစ်မြုပ်မှုများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဖြစ်ပွားခဲ့သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါစသည့် ကပ်ရောဂါများနှင့် မန္တလေးငလျင်ကြီးကဲ့သို့ သဘာဝဘေးအန္တရာယ်များကျရောက်သည့်အချိန်တိုင်းတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှု၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းလက်တွဲ၍ အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများမှာ မိမိတို့ကိုယ်တိုင် သဘာဝဘေးဒဏ်ကို ရင်ဆိုင်နေကြရသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကိုယ်ကျိုးမငဲ့ ကွက်ဘဲစွမ်းစွမ်းတမံတာဝန်ကျေပွန်စွာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့မှုများအတွက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း။

ထိုသို့ စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့သူများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်ခဲ့၍ နိုင်ငံတော်မှဘွဲ့ထူး၊ ဂုဏ်ထူးတံဆိပ်ချီးမြှင့်အပ်နှင်းခြင်းခံရသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများကို ယနေ့ကျန်းမာရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားတွင် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ဆုများချီးမြှင့်ပါကြောင်း၊ မြန်မာနိုင်ငံသားများ ကျန်းမာသောမျှော်မှန်းသက်တမ်းမြင့်မားရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ရှိခဲ့ရသော အားသာချက်များကို အရှိန်အဟုန်မပြတ်ဆက်လက်ဆောင်ရွက်ပြီး အားနည်းချက်များကိုပြင်ဆင်၍ နိုင်ငံတော်၏ရည်မှန်းချက်များ အောင်မြင်စေရန်နှင့် ကျန်းမာရေး အဆင့်အတန်းယခုထက် ပိုမိုမြင့်မားစေရန် မိမိတို့ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်ခဲ့၍ နိုင်ငံတော်မှ ဘွဲ့ထူး၊ ဂုဏ်ထူးတံဆိပ်ချီးမြှင့်အပ်နှင်းခြင်းခံရသူများ၊ မန္တလေးငလျင်ကြီးတွင် စွမ်းစွမ်းတမံပါဝင် ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ဆုများချီးမြှင့်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးက အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားညွှန်ကြားရေး မှူးချုပ်များ၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆုတံဆိပ်ရရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကဏ္ဍအသီးသီး၊ အလွှာအသီးသီးမှ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3350 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download