ကျုံမငေးမြို့ မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက်ရှိ ပရိယတ္တိပဋိပတ္တိဓမ္မစင်တာ၌ ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတုတော် အဆူ(၅၀၀) အနေကဇာတင် မင်္ဂလာအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / December 26, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက်ရှိ ပရိယတ္တိပဋိပတ္တိဓမ္မစင်တာ၌ ကျင်းပသည့် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတုတော် အဆူ(၅၀၀) အနေကဇာတင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုသည်။

ရှေးဦးစွာ ကျုံမငေးမြို့ မြတ်စွယ်တော်ဈေး ကျောင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာန မဟာနာယက ဘဒ္ဒန္တပညာဇောတ အမှူးပြုသော ပင့်သံဃာဆရာတော်ကြီးများက ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအား အနေကဇာတင်လှူပူဇော်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆရာတော်ကြီးများအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိသတ်များအား နံနက်စာကျွေးမွေးလှူဒါန်းသည်။

ယင်းနောက် မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး၏ သိက္ခာထပ်မင်္ဂလာအခမ်းအနားကို အဆိုပါကျောင်းတိုက် သိမ်တော်အတွင်း၌ကျင်းပပြီး အလှူရှင်များက ဆရာတော် သံဃာတော်များအား သိမ်ဆင်းလောင်းလှူ ကြသည်။

ဆက်လက်၍ ရေစက်ချအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုတို့တွက်ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မမြို့နယ် ကနစိုးကုန်းကျေးရွာ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသော သခင်မဘုရားကျောင်း၌ ကျင်းပသည့် ခရစ္စမတ်ပွဲတော်သို့ တက်ရောက်အားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ခရစ္စမတ်ပွဲတော်အား ပါဝင်ဆင်နွှဲခွင့်ရသည့်အတွက် ခရစ်တော်ဖွားမြင်ခြင်းနှင့်အတူပါရှိလာသည့် ငြိမ်းချမ်းခြင်းနှင့် ချစ်ခြင်းမေတ္တာများကို အလေးအနက်ထားခံယူကြောင်း၊ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသည်နှင့်အညီ နိုင်ငံတော်အစိုးရအနေ ဖြင့် ဘာသာပေါင်းစုံချစ်ကြည်ရေးကိုလည်း အစဉ်တစိုက်အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ဘာသာတရားတိုင်း၏ အနှစ်သာရသည် လူသားအချင်းချင်းမေတ္တာထားရှိရန်၊ တစ်ဦးအပေါ်တစ်ဦး သည်းခံခွင့်လွှတ်ကြရန်နှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ကြရန်ဖြစ်ကြောင်း၊ ယခုကျရောက်သည့် ခရစ္စမတ် အခါသမယမှသည် အနာဂတ်တွင် ခရစ်တော်၏ မေတ္တာတရား၊ ငြိမ်းချမ်းခြင်းတရားတို့ လွှမ်းခြုံနိုင်ကြရန် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဘုရားကျောင်းမှ ဆရာတော်ဖာသာတစ်ဦးက ခရစ္စမတ်နေ့ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ဘုရားကျောင်းအတွက် ဆိုလာမီးနှင့် စားသောက်ဖွယ်ရာလက်ဆောင် ပစ္စည်းများကို ပေးအပ်လှူဒါန်းကာ ဧည့်ပရိသတ်များအား ခရစ်ယာန်လူငယ်အဖွဲ့က ခရစ္စမတ်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျုံမငေးမြို့ ဥုံစရီရာမလက္ခဏဘုရားကျောင်းအတွက် ဆိုလာမီး၊ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်းပြီး ရွှေသုဿန်ဘုန်းကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုကာ သင်္ကန်း၊ ဆိုလာမီးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3391 items

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download