ကျွန်မတို့လိုမျိုး MSME လုပ်ငန်းရှင်တွေအနေနဲ့ အခုလို လာရောက်ပြသခြင်းအားဖြင့် Client တွေ အများကြီးရတယ်၊ ပြီးတော့ ချိတ်ဆက်မှုတွေ အများကြီးလည်း ရရှိတယ်။ အဲဒါကြောင့်မိုလို့ လာရောက်ပြသဖို့လည်း ဖိတ်ခေါ်ပါတယ်။


Ministry of Information/ Naypyitaw / February 11, 2026
image_latest


ဒေါ်သီရိရတနာလှိုင်

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်) ကို နေပြည်တော်ရင်ပြင်၌ ကျင်းပလျက်ရှိပြီး ပြခန်းပေါင်း ၁၂၀ ကျော်နှင့် ပြင်ပကုမ္ပဏီ ၂၉ ခုတို့က ပါဝင်ပြသရောင်းချလျက်ရှိသည်။ အဆိုပါပြပွဲသို့ လာရောက်ပြသရောင်းချကြသည့် လုပ်ငန်းရှင်များ၏ စကားသံများကို ဖော်ပြလိုက်ရပါသည် -

ဒေါ်သီရိရတနာလှိုင်

လုပ်ငန်းရှင်၊ ရိုးရာမောင် ချည်ထည်လုပ်ငန်း

ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ထုတ်ကုန်အနေနဲ့ အခုပြပွဲနဲ့ဆိုရင် လေးနှစ်မြောက် MSME လာရောက်ပြသတာဖြစ်ပါတယ်။ လက်ရှိမှာကတော့ ပြည်တွင်းချည် နှစ် ၈၀ ချည်ကိုပဲ အဓိကထားထုတ်ပြီးတော့ နိုင်ငံခြားချည်နှစ် ၁၀၀ နဲ့ ပေါင်းပြီး Collaborate လုပ်ပြီးတော့ ဒီဇိုင်း အသစ်ထုတ်ထားတာ ဖြစ်ပါတယ်။ မနှစ်ကတော့ One Region One Product (OROP) အနေနဲ့ ဝင်ပြိုင်ခဲ့ပါတယ်။ အခုလိုထုတ်ကုန်တွေ ပြသခွင့်ရတဲ့အတွက်ကြောင့် အကျိုးကျေးဇူးအများကြီးရရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီမှာလုပ်ငန်းရှင်တွေအားလုံး လာရောက်စုစည်း တယ်၊ ပြီးတော့ တစ်နေရာတည်းမှာပဲ Client တွေ အများကြီး တွေ့ရတယ်။ ဝယ်ယူသုံးစွဲသူတွေဘက်ကလည်း ထုတ်ကုန်အစစ်အမှန်၊ ပစ္စည်းရဲ့ အရည်အသွေးကို တိုက်ရိုက်ကြည့်ပြီးတော့ တိုက်ရိုက်ဝယ်ယူခွင့်ရတယ်။ ဒါကြောင့်မို့လို့ ဈေးကွက်လည်းရပါတယ်။

နိုင်ငံတော်က ချည်ထည်ကဏ္ဍကနေရရှိမယ့် အကျိုးရလဒ်ကို Local သာမက ပြည်ပကို Export တင်ပို့နိုင်တဲ့အထိ မျှော်မှန်းထားပါတယ်။ ကျွန်မက အခုလက်ရှိမှာတော့ ကိုယ့်နိုင်ငံအတွင်းကချည်ကိုပဲ ကုန်ကြမ်းအဖြစ်သုံးတယ်။ Local ကနေ နောက်တစ်ဆင့် Export တင်ပို့နိုင်တဲ့အထိ ဖြစ်လာအောင် ကြိုးစားနေပါတယ်။ ပြပွဲမှာ အားလုံး အဆင်ပြေကြပါတယ်။ ကျွန်မတို့လိုမျိုး MSME လုပ်ငန်းရှင်တွေအနေနဲ့ အခုလိုလာရောက်ပြသခြင်းအားဖြင့် Client တွေ အများကြီးရတယ်၊ ပြီးတော့ချိတ်ဆက်မှုတွေ အများကြီးလည်းရရှိတယ်။ အဲဒါကြောင့် မို့လို့လာရောက်ပြသဖို့လည်း ဖိတ်ခေါ်ပါတယ်။

ဒေါ်မာမာအောင်

လုပ်ငန်းရှင်၊ P & M မြန်မာ့ရိုးရာချည်ထည်လုပ်ငန်း

ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုနေနဲ့ လာရောက်ပြ‌သတာပါ။ မြန်မာ့ရိုးရာ ချည်ထည်လုပ်ငန်းပါ၊ ကျွန်မကိုယ်တိုင်ပဲ ဒီဇိုင်းကို ထုတ်ပါ တယ်၊ Cutting ကအစ ကျွန်မကိုယ်တိုင် သေချာလုပ်ထားတာပါ။ အဲဒါကို ပြသချင်တဲ့အတွက် ပါဝင်ပြသဖြစ်တာပါ။ Handmade အနေနဲ့ ကျွန်မတို့ အဆင့်ဆင့်လုပ်တာပါ။ ကုန်ကြမ်းကို အင်းလေးကနေ ယူထားတာပါ။ တစ်ခါတလေကျရင် ကျွန်မတို့ ကုန်ကြမ်းမှာယူတဲ့အခါ အခက်အခဲနည်းနည်းရှိတယ်။ အဲဒီလိုအခက်အခဲလေးတွေကြောင့် ဈေးနှုန်းမှာငါးရာ၊ တစ်ထောင်ကွာသွားတာရှိပါတယ်။ ကျန်တဲ့အခက်အခဲတော့ မရှိပါဘူး။ မြန်မာ့ရိုးရာချည်ထည်ကို မြန်မာမိန်းကလေးတွေ အတွက် ထုတ်လုပ်ထားတယ်ဆိုတဲ့ ကျွန်မတို့ရဲ့ အဓိကရည်ရွယ်ချက်ကို ဒီပြပွဲက အများကြီးအထောက်အကူပြုပါတယ်။ ကျွန်မတို့လို MSME လုပ်ငန်းတွေက ဒီလိုနိုင်ငံတော်ရဲ့ အားပေးမှုမပါရင် ကျွန်မတို့ကို ဘယ်သူမှမသိဘူးလေ။ အရင်တုန်းက ကျွန်မတို့ဆိုင်မှာ လုပ်တာထက်စာရင် ရောင်းအားကအစ အများကြီးအဆင်ပြေပါတယ်။

ဒေါ်တင်ဌေး လုပ်ငန်းရှင်၊ မခါနှင့် ညီမများ

သဘာဝဆိုးဆေး ၁၀၀ ရာခိုင်နှုန်း ပိတ်၊ ပုဝါရောင်းဝယ်ရေး

ကျွန်မတို့ရဲ့ လုပ်ငန်းကသဘာဝဆိုးဆေးနဲ့ ပိတ်ပဝါကို ထုတ်လုပ်တဲ့အခါ ဝါဂွမ်းကနေစပြီး ချည်ဖြောင့်၊ ဗိုင်းငင်အဆင့်ဆင့်သွားပါတယ်။ အဲဒါကနေမှ ကိုယ်တိုင်ကိုယ်ကျ ရက်ကန်းခတ်အထည်ဖြစ်တဲ့အထိ အဆင့်ဆင့်လုပ်ဆောင်တာပါ။ အသုံးပြုတဲ့ကုန်ကြမ်းအနေနဲ့ ၅၀ ရာခိုင်နှုန်းလောက်က ကိုယ့်ဒေသ ကျေးရွာဒေသကထွက်တဲ့ ဝါဂွမ်းကိုပဲ အသုံးပြုပါတယ်။ ကျွန်မတို့ ကျေးရွာထွက် ဝါဂွမ်းကို ကိုယ်တိုင်ဗိုင်းငင်ပြီး အဲဒီလို ထုတ်လုပ်တယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်း ဝါဂွမ်းနဲ့ ချည်ကိုတော့ ချည်ဆိုင်တွေကနေ ပြန်ဝယ်ရတယ်။ အထည်တွေ၊ ပိတ်ပဝါတွေ ရက်ကန်းခတ်တာက လုပ်သားအနည်းအများအပေါ် မူတည်ပါတယ်။ ထုတ်လုပ်မှုအနေနဲ့ လူတစ်ယောက်က တစ်နေ့ကို ပဝါဆိုရင် ငါးထည်၊ ပိတ်စဆိုရင် ၁၀ ကိုက်၊ ၁၂ ကိုက် အဲဒီလို လုပ်နိုင်တယ် ။ ၂၀၁၉ ခုနှစ် ၁ လပိုင်း ၁၀ ရက်နေ့က ဒီလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့တာပါ။ စစချင်းမှာ အမျိုးသားလုပ်သား ငါးယောက်၊ အမျိုးသမီးငါးယောက်နဲ့ စခဲ့တယ်။ အခုတော့ အမျိုးသမီးဦးရေ ၇၅ နဲ့ ၈၀ ဝန်းကျင်လောက် ရှိလာပါတယ်။ ဒါကြောင့် ပျမ်းမျှအနေနဲ့ တစ်နေ့ကို ပဝါဆိုရင် အထည် ၅၀ ကနေ ၁၀၀ ဝန်းကျင်အထိ၊ ပိတ်စကတော့ ၁၀ အုပ်ကနေပြီးတော့ အုပ် ၅၀ ဝန်းကျင်ထွက်တယ်၊ ပုံမှန်တော့မရှိဘူး။

ပြပွဲလာပြတာက လေးကြိမ်မြောက် ပြသတာဖြစ်သွားပြီ။ MSME ပြပွဲကိုလာရတဲ့ အကျိုးကျေးဇူးကတော့ ဖောက်သည်တွေနဲ့တွေ့ရ တယ်။ ပြီးတော့ ဘဏ်တွေနဲ့ ချိတ်ဆက်ပေးတာတို့၊ ဈေးကွက်ချိတ်ဆက် ပေးတာတို့ကြောင့် အဲဒီအကျိုးကျေးဇူးတွေကတော့ လုပ်ငန်းရှင်တွေ ယူတတ်ရင် ယူတတ်သလို ရကြပါတယ်။ အဆင်ပြေတဲ့သူ များပါတယ်။ ကျွန်မတို့ထုတ်ကုန်ကို ဝယ်ယူသုံးစွဲနေတာက ကျွန်မတို့ဆီက ပိတ်စကို ယူတယ်၊ ပြီးရင်သူတို့က ချုပ်ထည်ပိုင်းကိုသွားကြတဲ့ ဒီဇိုင်နာတွေက ပိုများပါတယ်။ ဒီပြပွဲမှာ အဓိကလာရောက်ဝယ်ယူတာက မန္တလေးနဲ့ ရန်ကုန်က များပါတယ်။ အခု လောလောဆယ် ပြည်ပတော့မပို့ဖြစ်သေးပါဘူး။

ဦးမြင့်ကို

လုပ်ငန်းရှင်၊ ခေတ်စံအိမ် မွန်ရိုးရာအထည်လုပ်ငန်း

ရိုးရာဝတ်စုံ အမျိုးပေါင်း ၁၀၀ ကျော်လောက် ပါဝင်ပြသထားတာ ပါ။ “ခေတ်စံအိမ်” အနေနဲ့ကတော့ ပုဆိုးမှာဆိုရင် ချည်ပေါင်းသား ရှိတယ်၊ နှစ် ၄၀၊ နှစ် ၆၀၊ နှစ် ၈၀၊ နှစ် ၁၀၀ ဆိုတဲ့ ချည်တွေပါ။ ပြီးတော့ အဆင့်ဆင့်ပေါင်းပြီးတဲ့ ချည်သားနဲ့ ချည်ရဲ့အသားအပေါ်မူတည်ပြီးတော့ ဈေးအပြောင်းအလဲရှိတာပါ။ အခုနှစ်မှာ စတင်ပြီး လာရောက်ပြသတာ ဖြစ်ပါတယ်။ အခုမှစပြီး ပါဝင်တာဖြစ်ပြီး ဒီလိုပြပွဲမျိုးမှာ ပထမဆုံး ပြသတဲ့အခါ စိတ်လှုပ်ရှားမိတယ်။ အဆင်ပြေမလား၊ မပြေဘူးလား ဆိုပြီးတော့ပါ။ အများကြီးပူပင်သောကရောက်ခဲ့ပေမယ့် အခုတော့ အေးအေးဆေးဆေးပါပဲ။ အဆင်ပြေပြီ၊ ကျွန်တော် စလုပ်နိုင်သွားပါပြီ။ အခုလိုမျိုး ပြပွဲလုပ်ပေးတာက တိုင်းရင်းသားအားလုံးရဲ့ စည်းလုံး ညီညွတ်မှုကို ပြသရာရောက်တယ်။ ဒီပွဲမှာဆိုရင် ဈေးနှုန်းဆိုရင် သက်သာမှန်ကန်တဲ့ဈေးနှုန်းနဲ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်က နိုင်ငံခြားကိုတင်ပို့ဖို့အထိ ရည်ရွယ်တဲ့အတွက်ကြောင့် ကိုယ့်နိုင်ငံရဲ့အထည်ကို ကမ္ဘာကိုချပြလို့ရတယ်။ လက်ရှိကျွန်တော်ကတော့ ပြည်ပကို မဖြန့်သေးဘူး။ မော်လမြိုင်နဲ့ နေပြည်တော်ပဲ ရှိပါသေးတယ်။ ရှေ့လျှောက်ပြီး အစီအစဉ်တွေ အများကြီးရှိပါသေးတယ်။ အကုန်လုံးနဲ့ ချိတ်ဆက်ပြီး တစ်နိုင်ငံလုံးကို ဖြန့်မှာပါ။

ဒေါ်ခင်ခင်မြင့်

လုပ်ငန်းရှင်၊ အထည်ချုပ်လုပ်ငန်း

ချည်ထည်ကို အင်းလေးရက်ကန်းစင်ကနေ တိုက်ရိုက်ယူပြီးတော့အိမ်မှာ ကိုယ်တိုင်ချုပ်တာပါ။ ကိုယ်ပိုင်ဒီဇိုင်းနဲ့ ကိုယ်တိုင်ဦးစီးပြီး အထည်ချုပ်လုပ်ငန်းကို လုပ်ကိုင်ပြီး ရောင်းချတာဖြစ်ပါတယ်။ ပြပွဲ ခင်းကျင်းပြသတာက သုံးကြိမ်မြောက် ရှိပါပြီ။ အကျိုးကျေးဇူး အများကြီး ရှိပါတယ်။ ဒီမှာ အခုလို ရောင်းချခွင့်ရတဲ့အတွက် မိတ်ဆွေတွေ တိုးပါတယ်၊ လုပ်ငန်းရှင် အချင်းချင်းဖလှယ်ခွင့် ရပါတယ်။ ရိုးရာချည်ထည်တွေက ကိုယ့်နိုင်ငံထွက်ပစ္စည်းဖြစ်လို့ တန်ဖိုးထားအမြတ်တနိုးနဲ့ ရောင်းချတာဖြစ်ပါတယ်။ အဲဒီအတွက် ဝယ်ယူဝတ်ဆင်တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ တချို့နိုင်ငံခြားသွားတဲ့သူတွေဆို အော်ဒါတွေမှာကြတယ်။ ပြီးတော့ မန္တလေးနဲ့ ရန်ကုန်ကလည်း တော်တော်များများ မှာကြပါတယ်။ MSME မှာ အခုလို လာပြခွင့်ရတဲ့အတွက် အဆက်အသွယ်တွေရပြီး ဒီလိုမျိုးတွေ ပို့ခွင့်ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုပွဲမျိုးလုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

​ဒေါ်သန်းသန်းစိန်

လုပ်ငန်းရှင် ၊ UKK ပိုးထည်လုပ်ငန်း

ပုဆိုးတွေကို အဆင့်ဆင့်ထုတ်လုပ်ရပါတယ်။ ကုန်ကြမ်းကနေ ကုန်ချောအဆင့်ဆင့် ထုတ်လုပ်တဲ့အခါမှာ အထည်တစ်ကွင်း ဖြစ်ဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ အထည်တစ်ကွင်းဖြစ်ဖို့အတွက် အဆင့်ဆင့် လုပ်ရတာပါ။ ပထမချည်ဆိုးရတယ်၊ ရက်ဖောက်ရတယ်၊ တန်းပေါ်တင်ရတယ်၊ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ရက်ကန်းလုပ်ငန်းကို ကျွန်မလက်ထက်မှာ ခေတ်နဲ့အညီစက်တွေနဲ့ ဖြစ်လာတယ်။ နောက်တတိယမျိုးဆက် ကျွန်မသားလက်ထက်မှာတော့ အားလုံးကအော်တို စက်တွေဖြစ်သွားတယ်။ အဲဒီတော့ စက်တစ်စင်ဆိုရင် ကွင်း ၃၀၀ ထွက်တယ်။

MSME ပြပွဲက အမရပူရကနေ နိုင်ငံတကာဆီသို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ အားလုံးကို မြင်စေချင်တယ်၊ Product တွေ အကုန်လုံး ဒီမှာစုစည်းတယ်၊ အများကြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်ထုတ်ကုန်တွေ အစုံပါတယ်။ Marketing က ကျယ်ပြန့်သွားတာပေါ့။ ကျွန်မတို့ပစ္စည်း ကို ဒီဇိုင်းမျိုးစုံနဲ့ ထုတ်တဲ့အခါကျ အားလုံးကအားပေးကြတယ်၊ နှစ်သက်ကြတယ်။ နိုင်ငံတကာပြပွဲတွေအထိ ထိုးဖောက်နိုင်သွားပါပြီ။ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ Register လုပ်တာကို သူတို့က လက်ခံလိုက်တယ်။ အခု လတ်တလောကတော့ သူတို့လာလာ ဝယ်ကြတယ်။ ကမ္ဘောဒီးယားနဲ့ဆိုရင် ချိတ်ကလေးတွေကဆင်တော့ တိုက်ရိုက် အားပေးသွားတယ်၊ အများကြီးဝယ်သွားကြတယ်၊ အောင်မြင်တဲ့ အဆင့်ရောက်လာပါပြီ။

နိုင်ငံတကာအထိ ထိုးဖောက်ပြီးတော့ ဆောင်ရွက်မှာဖြစ်တဲ့အတွက် MSME ပြပွဲတွေမှာ ပြသခြင်းဖြင့် စီးပွားရေးချိတ်ဆက်ရေးကော်မတီ တွေကတစ်ဆင့် နိုင်ငံတကာသံရုံးတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ခွင့်ရတယ်။ ဒီလိုချိတ်ဆက်လုပ်ကိုင်ခွင့်ရပြီး အားလုံးကနှစ်သက်ကြတဲ့အတွက် ကိုယ့်မြို့ဖြစ်တဲ့ အမရပူရအတွက် အများကြီးဝမ်းသာပါတယ်။

ကျွန်မတို့ခေတ်အလွန်မှာလည်း ဒီပညာကို ဆက်လက်ထိန်းသိမ်းပြီး ကျယ်ပြန့်စေချင်ပါတယ်။ အမရပူရကနေ မန္တလေးဈေးချို၊ ဈေးချိုကနေ ရန်ကုန်၊ ရန်ကုန်ကနေ အခုနိုင်ငံတကာအထိ ထိုးဖောက်ခဲ့တယ်။ ဆုတွေလည်း အများကြီးရခဲ့ပါတယ်။ ASEAN Award လည်းရတယ်။ ၂၀၂၄ ခုနှစ်ကလည်း ကမ္ဘောဒီးယားမှာ အမျိုးသမီးစွမ်းဆောင်ရှင်အနေနဲ့ သွားတဲ့အခါ စွမ်းဆောင်ရည်ဆု UKK နဲ့ ဆုရခဲ့တယ်။ ပြီးတော့ နေပြည်တော် မာရဝိဇယဘုရား မသိုးသင်္ကန်းပြိုင်ပွဲမှာ မန္တလေးတိုင်း ကိုယ်စားပြုပြီး နှစ်နှစ်ဆက်တိုက် ပထမရခဲ့တယ်။​

ဇော်မျိုး (မြဝတီ)၊ ဓာတ်ပုံ - ဖိုးနိုင်

Newspaper - 3455 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download