ကွန်ပျူတာတက္ကသိုလ်(ဘားအံ) (၁၅)ကြိမ်မြောက်ဘွဲ့နှင်းသဘင် ကျင်းပ
ကွန်ပျူတာတက္ကသိုလ်(ဘားအံ) (၁၅)ကြိမ်မြောက်ဘွဲ့နှင်းသဘင် ကျင်းပ
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / January 19, 2026
ဘားအံ ဇန်နဝါရီ ၁၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ (၁၅)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြ သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က တိုးတက်ပြောင်းလဲလာသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာစွန့်ဦးတီထွင်သူများ၊ ထိုးထွင်းကြံဆမှုနှင့်တီထွင်ဖန်တီးမှုများကို စွမ်းဆောင်နိုင်သည့် အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်အောင် ပြောင်းလဲတိုးတက်နေသည့်နည်းပညာရပ်များကို အမြဲမပြတ်လေ့လာဆည်းပူးရင်း ထူးချွန်ထက်မြတ်သည့် နိုင်ငံသားကောင်း၊ သမီးကောင်း IT ပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး ဘွဲ့ယူမောင်မယ်များ အတွက် ငွေကျပ် (၅)သိန်းကို ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ပါမောက္ခချုပ်ဒေါက်တာခင်မာလာထွန်းအမှူးပြုသော စီမံခန့်ခွဲရေး အဖွဲ့နှင့်ပညာရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များက ဘွဲ့အပ်နှင်းမည့်စင်မြင့်ထက်တွင်နေရာယူကြပြီး လိုအပ်သည့် ကတိခံဝန်ချက်များ ရယူကာ ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ပါမောက္ခချုပ်က ကွန်ပျူတာသိပ္ပံဘွဲ့ Bachelor of Computer Science (B.C.Sc.) (၂၂)ဦး၊ ကွန်ပျူတာနည်းပညာဘွဲ့ Bachelor of Computer Technology (B.C.Tech.) ( ၃ )ဦး တို့အား ဘွဲ့လက်မှတ်များအပ်နှင်းပေးအပ်ပြီး အဝေးရောက်ဘွဲ့ယူသူ ကွန်ပျူတာသိပ္ပံဘွဲ့ Bachelor of Computer Science (B.C.Sc.)မှ ( ၂ ) ဦးတို့အား ဘွဲ့အပ်နှင်းပေးအပ်ကာ ဘွဲ့ရမှတ်ပုံတင်စာအုပ်တွင် ဘွဲ့ရရှိသူစာရင်းကို အတည်ပြုလက်မှတ် ရေးထိုး၍ ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားသည်။
ယနေ့ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အဝေးရောက်ဘွဲ့ယူသူ(၂)ဦးအပါအဝင် စုစုပေါင်း(၂၇)ဦးအား သက်ဆိုင်ရာ ဘွဲ့အသီးသီးကို အပ်နှင်းခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘွဲ့ယူပြီးသူမောင်မယ်များနှင့်၎င်းတို့၏ မိဘ၊ ဆွေမျိုး၊ ညီအစ်ကို မောင်နှမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ဆက်လက်၍ ဒေသတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)ကို ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ က ဘားအံမြို့၊ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဆောင်ရွက်သည့်စီမံကိန်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေး ကြစေလိုပြီး မကြာမီတက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဖြေဆိုကျင်းပတော့မည်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အောင်ချက်မြင့်မားရေးအတွက် အဘက်ဘက်မှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ဌာနဆိုင်ရာများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပွင်းလင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးသုံးစွဲမှုမပေါ့ဆစေရေး၊ မြို့တော်သန့်ရှင်းသာယာလှပစေရေးတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်က ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကာ ဘားအံမြို့နယ်အနေဖြင့် သန့်ရှင်းသောခရီးသွားမြို့တော်ဆုကို ထပ်မံ ရရှိသည့်အတွက် ပြည်နယ်အတွက်ဝမ်းသာဂုဏ်ယူ စရာဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ စာရင်းဇယားများ ဖောင်းပွမှုမရှိစေရေး၊ မြေပြင်နှင့်ကိုက်ညီသည့်ကိန်း ဂဏန်းအချက်အလက်များမှန်ကန်စေရေး၊ ပန်းတိုင်းရည်မှန်းချက် အထွက်နှုန်းပြည့်မီကျော်လွန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြီးစီးရမည့်လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးနှင့် လုပ်ငန်းကြွေးကျန်များမရှိစေရေး၊ တက္ကသိုလ်ဝင်စာ မေးပွဲ ဘာသာရပ်ဆွေးနွေးပွဲများဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက တင်ပြဆွေးနွေးမှုများအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။
Newspaper - 3460 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
