ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးဖို့ စဉ်ဆက်မပြတ် ဖော်ဆောင်စို့
ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးဖို့ စဉ်ဆက်မပြတ် ဖော်ဆောင်စို့
Ministry of Information/ Naypyitaw / September 26, 2025

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ပြည်ပဝင်ငွေရှာဖွေရေးအတွက် အဓိကအားကိုးအားထားပြုရသော ကဏ္ဍတစ်ရပ်ဖြစ်ပြီး အရှိန်အဟုန်ဖြင့် တိုးတက်နေသည့် လုပ်ငန်းလည်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမဖြစ်မီ ၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဦးရေသည် ၁ ဒသမ ၄ ဘီလီယံထိ ရောက်ရှိခဲ့ရာ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ခရီးသွားဧည့်သည်မှာ ကိုဗစ်- ၁၉ မတိုင်မီအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည်။
ခရီးသွားလုပ်ငန်းဆိုသည်မှာ လူတစ်ဦးသည် နေထိုင်ရာအရပ်ဒေသမှ အခြားအရပ်ဒေသသို့ အလည်အပတ်ဖြစ်စေ၊ အခြားရည်ရွယ်ချက်ဖြင့်ဖြစ်စေ တစ်ရက်ထက်မနည်း၊ တစ်နှစ် ထက်မကျော်သော အချိန်ကာလအတွင်း သွားလာခြင်းကို ခေါ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ထိုသို့သွားရောက်ရာတွင် ခရီးသွားဧည့်သည်တို့က သယ်ယူပို့ဆောင်ရေး၊ တည်းခိုနေထိုင်ရေး စသည့်ဝန်ဆောင်မှုများကို အသုံးပြုမှသာ ခရီးသွားခြင်းဟုဆိုနိုင်သည်ဟုလည်း သုတေသီတို့ကဆိုကြသည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုခြင်း၊ နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ လူထုလူတန်းစားအသီးသီးထံသို့ ဝင်ငွေများ တိုက်ရိုက်နှင့် သွယ်ဝိုက်သောနည်းလမ်းများဖြင့် စီးဝင်စေခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိစေနိုင်သည့် မီးခိုးမထွက်သည့်စက်ရုံ (Smokeless Industry) ဖြစ်သည်ဟုလည်း ဆိုသည်။
ခရီးသွားလုပ်ငန်း၏အရေးပါမှုနှင့် ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဆက်စပ်ရရှိနိုင်သည့် လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများ စသည်တို့ကို ပြည်သူများ ပိုမိုသိရှိနားလည်နိုင်စေရန် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ် စက်တင်ဘာ ၂၇ ရက်တွင် ကမ္ဘာတစ်ဝန်းလုံးရှိ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံများတွင် ပြုလုပ်လျက်ရှိသည်။ ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို “ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးဖို့ စဉ်ဆက်မပြတ်ဖော်ဆောင်စို့” (Tourism And Sustainable Transformation) ဟု သတ်မှတ်ထားသည်။ ယင်းဆောင်ပုဒ်က ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန်၊ ခရီးသွားကဏ္ဍတွင် အပြုသဘောဆောင်သော အပြောင်းအလဲများ ဖော်ဆောင်ဖန်တီးရန်၊ လူနှင့်ကမ္ဘာမြေ ရေရှည်အကျိုးဖြစ်ထွန်းရေး ဆောင်ရွက်ရန်တို့ကို အလေးပေးထားခြင်းဖြစ်သည်။
ခရီးသွားကဏ္ဍ အသွင်ကူးပြောင်းရေးလမ်းညွှန်ရာတွင် ဦးစားပေးလုပ်ငန်းနယ်ပယ် လေးခုတို့အနေဖြင့် လူငယ်များ၊ အမျိုးသမီးများနှင့် ဘေးဖယ်ခံထားရသောအုပ်စုများအတွက် ပညာရေးနှင့် ကျွမ်းကျင်မှုတို့တွင် ရင်းနှီးမြှုပ်နှံခြင်း၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် လုပ်ငန်းစတင်ထူထောင်သူများကို ပံ့ပိုးကူညီခြင်း၊ ရေရှည် တည်တံ့နိုင်စွမ်းရှိပြီး ရာသီဥတုနှင့်လိုက်ဖက်ညီသည့် ရင်းနှီးမြှုပ်နှံမှုများကိုမြှင့်တင်ခြင်း၊ သဘာဝအရင်းအမြစ်များကို တာဝန်သိစွာ အသုံးချရန်အားပေးခြင်းတို့ဖြစ်သည်။
မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍသည် အရင်းအမြစ်ကောင်းများ ပြည့်စုံကြွယ်ဝပြီး အလားအလာကောင်းများစွာတို့ ရှိနေသော်လည်း များစွာကြိုးပမ်းဆောင်ရွက်ရန် လိုအပ်နေသေးသည်။ ဒေသတွင်းရှိ ခရီးသွားလုပ်ငန်းကဏ္ဍ ရှေ့တန်းရောက်နိုင်ငံများနှင့်နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံမှာ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုနည်းပါးလျက်ရှိရာ အဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ကြခြင်းအားဖြင့် ခရီးသွားလုပ်ငန်းဈေးကွက်အတွင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ကြရမည်ဖြစ်သည်။
ခရီးသွားလုပ်ငန်းအပါအဝင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးပင်ဖြစ်ရာ တိုင်းရင်းသားပြည်သူများ၏ တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းကြရပါမည့်အကြောင်း။ ။
Newspaper - 3297 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက် ၊ စက်တင်ဘာ ၂၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် ၊ စက်တင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ စက်တင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ စက်တင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download