ခိုလမ်မြို့ မဟာဗောဓိပရဟိတကျောင်းတိုက်၌ တည်ထားကိုးကွယ်မည့် မဟာဗောဓိအောင်တော်မူစေတီတော်မြတ်ကြီး၏ အုတ်မြစ်တော်စီမင်္ဂလာပြုလုပ်
ခိုလမ်မြို့ မဟာဗောဓိပရဟိတကျောင်းတိုက်၌ တည်ထားကိုးကွယ်မည့် မဟာဗောဓိအောင်တော်မူစေတီတော်မြတ်ကြီး၏ အုတ်မြစ်တော်စီမင်္ဂလာပြုလုပ်
Ministry of Information/ Naypyitaw / October 23, 2025

နေပြည်တော် အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)ခိုလမ်မြို့ မဟာဗောဓိကျောင်းတိုက်အတွင်း၌ တည်ထားကိုးကွယ်မည့် “မဟာဗောဓိအောင်တော်မူ” စေတီတော်မြတ်ကြီး၏ ရတနာအုတ်မြစ်တော်စီမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကိုဝင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ရတနာအုတ်မြစ်တော်စီအခမ်းအနားကို ဖွင့်လှစ်ပြီးနောက် မဟာဗောဓိကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တဝိမလထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြသည်။ ထို့နောက် တာဝန်ရှိသူများက မဟာ ဗောဓိကျောင်းတိုက် ဆရာတော်ထံ ရွှေအုတ်၊ ငွေအုတ်၊ ရတနာအုတ်များ ကပ်လှူကြပြီး ပရိတ်တရားတော် များ နာယူကြသည်။
ယင်းနောက် မဟာဗောဓိကျောင်းတိုက်ဆရာတော် ဦးဆောင်၍ တက်ရောက်လာကြသူများက “မဟာဗောဓိအောင်တော်မူ”စေတီတော်မြတ်ကြီးတည်ထား ကိုးကွယ်မည့်နေရာတွင် ရတနာအုတ်မြစ်များ စီခြယ်ပူဇော်ကြပြီး အမွှေးနံ့သာရည်များပက်ဖျန်း၍ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကာအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3326 items

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 16, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
