ခေတ်မီရထားနှင့် ရထားဥပဒေ


Ministry of Information/ Naypyitaw / May 04, 2026
image_latest


ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ (၁၄၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ပြီးခဲ့သည့် မေ ၁ ရက်နေ့တွင် ကျင်းပခဲ့သည်။ အရှေ့တောင်အာရှဒေသတွင် သက်တမ်းအရင့်ဆုံးရထားလုပ်ငန်းဖြစ်သည့် မြန်မာ့မီးရထား၏ သက်တမ်းမှာ လာမည့်နှစ်ဆိုလျှင် နှစ်ပေါင်း ၁၅၀ တင်းတင်း ပြည့်မြောက်ပြီဖြစ်သည်။

မြန်မာ့မီးရထားသည် မကြာသေးမီနှစ်များအတွင်း ရထားလမ်းပိုင်းများနှင့် ဘူတာများအဆင့်မြှင့်တင်ခြင်း၊ ခေတ်မီအချက်ပြစနစ်တပ်ဆင်အသုံးပြုခြင်း၊ ခေတ်မီစက်ခေါင်းများနှင့် တွဲဆိုင်းများ အသုံးပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှုအကူအညီချေးငွေ (ODA Loan) ဖြင့် ရန်ကုန်မှ တောင်ငူအထိ ရထားလမ်းပိုင်းကိုလည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တောင်ငူ - နေပြည်တော်နှင့် နေပြည်တော်- မန္တလေး ရထားလမ်းပိုင်းကိုလည်းကောင်း အဆင့်မြှင့်တင်ပြီးစီးခဲ့ပြီးဖြစ်ရာ ရန်ကုန်- မန္တလေး အဓိကရထားလမ်းပိုင်း၌ ရထားအမြန်နှုန်းများ တိုးမြှင့်ပြီး ပြေးဆွဲချိန်လျှော့ချနိုင်ခဲ့ပြီး ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်- မန္တလေး လမ်းပိုင်းတွင် အမှတ် (၅) အဆန်၊ အမှတ် (၆) အစုန် လူစီးအမြန်ရထားများကို ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းများဖြင့် ပြေးဆွဲပေးလျက်ရှိပြီဖြစ်သည်။ ထို့အပြင် ရန်ကုန်- နေပြည်တော်- မန္တလေး လမ်းပိုင်းအတွင်းရှိ ဘူတာများတွင် ORTP စနစ်ဖြင့် online လက်မှတ်ရောင်းချခြင်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရှေ့ပြေးအစီအစဉ်ဖြင့် စမ်းသပ်ဆောင်ရွက်ခဲ့ရာ ရထားစီးခရီးသည်များ များပြားလာခဲ့သည်။

ရထားလမ်းပိုင်းများ၊ ရထားစက်ခေါင်းများနှင့် တွဲဆိုင်းများ ခေတ်မီအဆင့်မြင့်လာခြင်းနှင့်အတူ ရထားများ၏ အမြန်နှုန်းမှာလည်း ယခင်ထက်နှစ်ဆခန့် ပိုမိုလျင်မြန်လာပြီဖြစ်ရာ မိုင်ပေါင်းရာနှင့်ချီ၍ ရှည်လျားသည့် ရထားလမ်းတစ်လျှောက်ရထားလမ်းကူးများကို ဖြတ်သန်းသွားလာကြသူများ၊ ရထားလမ်းအနီးနေထိုင်ကြသူများ၊ ရထားလမ်းဘေးဝဲယာတို့တွင် တိရစ္ဆာန်ထိန်းကျောင်းကြသူများ ဂရုပြုကြရန်လိုသည်။ ရထားလမ်းကူးများကို လှည်း၊ ထော်လာဂျီ၊ မော်တော်ကား စသည်တို့ဖြင့် ဖြတ်သန်းကြရာတွင် ရထားကိုမြင်လျက်နှင့် မဆင်မခြင်ဖြတ်ကူးခြင်း၊ ရထားလာနေသည်ကို ဂရုမပြုမိဘဲဖြတ်ကူးခြင်းတို့မှာ လွန်စွာအန္တရာယ်များသည်။ သို့ဖြစ်ရာ ဂိတ်တံခါးရှိသော ရထားလမ်းကူးများတွင် ဂိတ်တံခါးပိတ်ထားပါက ဇွတ်အတင်းမကူးဘဲ ရပ်တန့်စောင့်ဆိုင်းရန်နှင့် ဂိတ်တံခါးမရှိသော ရထားလမ်းကူးများတွင် အန္တရာယ်ကင်းသည့် အနေအထားရှိမှသာ ဖြတ်ကူးကြရန် သတိပြုဖို့လိုသည်။

ရထားလမ်းပေါ်တွင် သစ်တုံး၊ ကျောက်ခဲ၊ အခြားတစ်စုံတစ်ရာတို့ တင်ထားခြင်း၊ ပစ်ချထားခြင်း၊ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း သို့မဟုတ် အခြားတစ်စုံတစ်ရာပြုလုပ်ခြင်း၊ ရထားလမ်းရှိ ဇလီဖားတုံး၊ ရထားလမ်းနှင့်ဆိုင်သည့် မည်သည့်အရာကိုမဆို ထုတ်ခြင်း၊ ဖယ်ခြင်း၊ လျှော့ခြင်း၊ ရွှေ့ခြင်း၊ ဖျက်ခြင်း၊ လမ်းလွှဲများ၊ ရထားစက်ကိရိယာများ၊ ရထားလမ်းအချက်ပြများ စသည်တို့ကိုလည်း ယင်းကဲ့သို့ ပြုလုပ်ခြင်းများမှာ လွန်စွာပြစ်ဒဏ်ကြီးသည်။ ရထားပို့ဆောင်ရေးဥပဒေပုဒ်မ ၇၉ နှင့်သက်ဆိုင်သော အဆိုပါပြစ်မှုများ ကျူးလွန်မှုထင်ရှားပါက အနည်းဆုံး ငါးနှစ်မှ အများဆုံး နှစ် ၂၀ ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ရာ ဥပဒေကိုသတိပြုနိုင်ကြဖို့လိုသည်။

ထို့အပြင် ရထားစတင်ထွက်ခွာစဉ် ရထားပေါ်ခုန်တက်ခြင်း၊ ရထားမရပ်မီ ခုန်ဆင်းခြင်း၊ ရထားအမိုး၊ အကာ၊ ခြေနင်း၊ တွဲကြားနှင့် သတ်မှတ်ခွင့်ပြုချက်မရှိသောနေရာများမှ စီးနင်းလိုက်ပါခြင်း၊ ရထားပေါ်တွင် အခြားသူကို စိတ်ငြိုငြင်စေရန် ပြုမူပြောဆိုခြင်း၊ အနှောင့်အယှက်ပေးခြင်း၊ ရထားပေါ်နှင့် ရထားနယ်နိမိတ်အတွင်း တောင်းရမ်းစားသူ၊ ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းသူ၊ နေထိုင်သူကို ထွက်ခွာသွားရန် ရထားဝန်ထမ်းက ညွှန်ကြားသည်ကို ငြင်းဆန်ခြင်း၊ တာဝန်ရှိရထားဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်ခြင်း၊ တားဆီး၊ ဟန့်တားခြင်း သို့မဟုတ် အနိုင်အထက်ပြုခြင်း၊ ရထားလမ်းကူးများတွင် ရထားလာသည့်အခါ ဂိတ်ပိတ်ထားသည်ကို ခွင့်ပြုချက်မရှိဘဲ ဖွင့်ခြင်း၊ ဖြတ်သန်းခြင်း၊ ရထားဖြတ်သန်းပြီးသည့်အခါ ဂိတ်ဖွင့် ထားသည်ကို ပိတ်ခြင်းစသည်တို့မှာ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်တစ်သောင်းမှ အများဆုံးကျပ်တစ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။ ဆေးလိပ်သောက်ခွင့်မရှိသည့် ဘူတာနေရာနှင့် တွဲများပေါ်တွင် ဆေးလိပ်သောက်ခြင်းသည်ပင် တည်ဆဲဥပဒေအရ အရေးယူခံရနိုင်သည်။

ရထားပို့ဆောင်ရေးလုပ်ငန်း ခေတ်မီပြောင်းလဲတိုးတက်လာသကဲ့သို့ပင် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်များကို ဂရုပြုမှတ်သားလိုက်နာခြင်းအားဖြင့် အန္တရာယ်ကျရောက်မှုတို့မှ ကင်းဝေးနိုင်ကြပါစေကြောင်း။ 

Newspaper - 3537 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download