ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-နေပြည်တော်-မန္တလေးခရီးစဉ်များ မကြာမီစတင်ပြေးဆွဲမည်


Ministry of Information/ Naypyitaw / February 24, 2025
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထု ရထားဖြင့် ခရီးသွားလာမှုအဆင်ပြေချောမွေ့စေရေးအတွက် အဓိကရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန် - မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင်သာမက အခြားလမ်းပိုင်းများဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်း လမ်းပိုင်း၊ ပျဉ်းမနား - တောင်တွင်းကြီး လမ်းပိုင်း၊ ရန်ကုန် - ပြည် - ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား- မိုးကောင်းလမ်းပိုင်း၊ လက်ပံတန်း-သာရဝေါလမ်းပိုင်းနှင့် သာစည်-ရွှေညောင်လမ်းပိုင်း စသည့်လမ်းပိုင်းများတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ နေပြည်တော်- ရန်ကုန်- နေပြည်တော်ခရီးစဉ်အား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခေတ်မီ DEMU ရထားတွဲဆိုင်းဖြင့် နေပြည်တော်မှ ရန်ကုန်အထိ စတင်စမ်းသပ်ပြေးဆွဲသည့် ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီတွင် နေပြည်တော်ဘူတာကြီးမှ စတင်ထွက်ခွာခဲ့ပြီး မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၅ (MSME) နေပြည်တော်သို့ တက်ရောက်လာကြသည့် ကုမ္ပဏီအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂလိကလုပ်ငန်းရှင်များအပါအဝင် ခရီးသွားပြည်သူ ၁၃၀ လိုက်ပါစီးနင်းခဲ့ကြကာ ရန်ကုန်ဘူတာသို့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် ရောက်ရှိကြောင်းနှင့် နေပြည်တော်မှ ရန်ကုန်သို့ ဘူတာစဉ်ရပ်တန့်ချိန်များအပါအဝင် ခရီးသွားချိန် ၅ နာရီ မိနစ် ၅၀ ကြာမြင့်ကြောင်း သိရှိရသည်။

အဆင့်မြှင့်တင်ပြီးဖြစ်သည့် ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်း၌ ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ပြေးဆွဲမည့် DEMU ရထားတွင် ပထမတန်းလေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်း တွဲဆိုင်းခြောက်တွဲဖြင့် ခရီးသည် ၃၁၂ ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး နေပြည်တော် - မန္တလေးပြေးဆွဲမည့် လေအိတ်ရထားခရီးစဉ်အတွက် ရိုးရိုးတန်းလေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်း တွဲဆိုင်းခြောက်တွဲဖြင့် ခရီးသည် ၃၃၀ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကာ ရထားအချိန်စာရင်းနှင့် လက်မှတ်ခနှုန်းထားတို့ကို မြန်မာ့မီးရထားမှ ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရီးသည်များအနေဖြင့် အဆိုပါ DEMU ရထားနှင့် လေအိတ်ရထားများကို နေပြည်တော်ဘူတာတွင် ပြောင်းလဲလိုက်ပါ စီးနင်းနိုင်မည်ဖြစ်သည်။

ရန်ကုန် - မန္တလေး ခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်စေရေးခေတ်မီလူစီးတွဲများ ဖြည့်တင်း/ထုတ်လုပ်ခြင်း၊ ရထားလမ်းအဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံများ အဆင့်မြှင့်တင်ခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3287 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download