ချင်းတွင်းတံတား (မုံရွာ) ရေလမ်းပြောင်းလဲမည်
ချင်းတွင်းတံတား (မုံရွာ) ရေလမ်းပြောင်းလဲမည်
Ministry of Information/ Naypyitaw / February 02, 2025

နေပြည်တော် ဖေဖော်ဝါရီ ၁
ချင်းတွင်းတံတား (မုံရွာ) ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် အစုန်ရေလမ်းကြောင်းကို ရေလယ်တိုင်အမှတ် (၄) နှင့် (၅) အကြားမှလည်းကောင်း၊ အဆန်ရေလမ်းကြောင်းကို ရေလယ်တိုင်အမှတ် (၃) နှင့် (၄) အကြားမှလည်းကောင်း သတ်မှတ်ပေးထားသည်။ ယခုအခါ ရေကြောင်းရေလမ်းအခြေအနေအရ တံတားရေလမ်းကြောင်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှစ၍ အစုန်၊ အဆန်ရေလမ်းကြောင်းအဖြစ် ရေလယ်တိုင်အမှတ် (၇) နှင့် (၈) အကြားမှ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်သည်။
ပြောင်းလဲမည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ ပေ (၃၀၀) ရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံး ရေမျက်နှာပြင်အထက်ပေ (၄၀) ရှိပြီး ရေယာဉ်များဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင်တြိဂံအမှတ်အသားပြသ၍ ညအခါ မီးစိမ်းထွန်းပြသထားမည်။ မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင်ကြက်ခြေခတ်အမှတ်အသားပြသ၍ ညအခါ မီးနီထွန်းပြသထားမည်။
တံတားတိုင်များ၏ အောက်ခြေပိုင်တိုင်အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဖက်တစ်ချက်တွင် (၁၅) ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင် (၂) ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်းမပြုရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သောအကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက်ထုတ်ပြန်ထားသည်။
သတင်းစဉ်
Newspaper - 3305 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 28, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 28, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 28, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၆ ရက် ၊ စက်တင်ဘာ ၂၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 27, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက် ၊ စက်တင်ဘာ ၂၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် ၊ စက်တင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download