ချစ်ကြည်မှုတိုးမြှင့်ခိုင်မာ အကျိုးရလဒ်ကောင်းများဝေဆာ


Ministry of Information/ Naypyitaw / March 09, 2025
image_latest


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာလူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်စဉ်အတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်ခဲ့ပြီး မတ်လ ၇ ရက်နေ့တွင် ဘယ်လာရုစ်သမ္မတနှင့် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်နေချိန်သည် ကမ္ဘာ့နိုင်ငံရေး မြင်ကွင်းများ လျင်မြန်စွာပြောင်းလဲလျက်ရှိပြီး ယင်းအပြောင်းအလဲ၏ ရိုက်ခတ်မှုများဖြစ်ပေါ်နေချိန်၊ စက်မှုထိပ်သီး ခုနစ်နိုင်ငံ အုပ်စုအတန့်၊ BRICS နိုင်ငံများအတက်နှင့် ဗဟုဝင်ရိုးကမ္ဘာဆီသို့ အပြောင်းအလဲများ လျင်မြန်စွာဖြစ်ပေါ်နေချိန်ဖြစ်သည်။ ကမ္ဘာတွင်ဖြစ်ပေါ်လာနေသည့် အခြေအနေများမှာ “ကြက်ဥ အယောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်” ဟူသကဲ့သို့ပင် မှန်းဆရန်ခက်ခဲသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတတို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးဆိုင်ရာများ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစားစသည့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာအားကောင်းလာမည့်အခြေအနေများ၊ မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ၏ ဘယ်လာရုစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် ဆွေးနွေးပွဲများနှင့် နှစ်နိုင်ငံအစိုးရ နှစ်ရပ်အကြား သဘောတူညီချက်များ၊ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

မိမိတို့နိုင်ငံသည် ကမ္ဘာ့နိုင်ငံကြီးနှင့် နိုင်ငံအုပ်စုအချို့တို့၏ ပိတ်ဆို့တားဆီးမှု၊ ဖိအားပေးမှု စသည်ဖြင့် နည်းမျိုးစုံဖြင့် ဟန့်တားနှောင့်ယှက်အနိုင်ကျင့်မှုများကို ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရသည့်နိုင်ငံဖြစ်သည်။ ကမ္ဘာ့ရေးရာမျက်နှာစာတွင်သာမက မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအထိပါ ဝင်ရောက်စွက်ဖက်ခြယ်လှယ်မှုများပြုလုပ်ခဲ့ကြရာ ပြီးခဲ့သည့်ရာစုနှစ်ဝက်ကာလအတွင်း မည်သည့်အစိုးရလက်ထက်တွင်မှ အလွတ်မပေးခဲ့သည်ကို တွေ့မြင်နိုင်သည်။ စင်စစ်အားဖြင့် ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဖြစ်ပေါ်လာသည့်ကမ္ဘာကြီးမှာ မည်သည့်နိုင်ငံမျှ အထီးတည်းနေ၍မဖြစ်နိုင်ဘဲ နိုင်ငံများအချင်းချင်း တူရာတူရာတို့စုဖွဲ့၍ ပူးပေါင်းဆောင်ရွက်မှသာလျှင် ရပ်တည်နိုင်မည်ဖြစ်ကြောင်း မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းက မိန့်ကြားခဲ့ဖူးသည်။

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတတို့ မီဒီယာများနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအပြန်အလှန် ပူးတွဲကြေညာချက်များနှင့် ပြောကြားချက် များအတွင်း ဘယ်လာရုစ်သမ္မတက အဆွေတော်အနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မိမိနိုင်ငံသားတွေအတွက် အဆွေတော်အနေနဲ့ ကောင်းမယ်ထင်တဲ့အရာဆိုရင် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် တားဆီးပိတ်ဆို့မှုတို့ ဖြစ်ကောင်းဖြစ်လာ နိုင်ကြောင်း၊ ၎င်းအနေဖြင့် တားဆီးပိတ်ဆို့မှုကို အခွင့်အလမ်းကောင်းဟု သတ်မှတ်ကြောင်းပြောကြားခဲ့ပြီး နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တားဆီးပိတ်ဆို့ ဖိအားပေးခြင်းသည် မည်သည့်အခါတွင်မှ အောင်မြင်မည်မဟုတ်ကြောင်းနှင့် မိမိတို့ ပူးပေါင်းပြီး ရင်ဆိုင်ကျော်လွှားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံ ချစ်ကြည်ရေးခရီးများသည် မြန်မာနိုင်ငံနှင့် အဆိုပါနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ကာ အခိုင်အမာတည်ဆောက်နိုင်ခဲ့ပြီး မိမိတို့နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရလဒ်ကောင်းများစွာ ပြန်လည်သယ်ဆောင်လာနိုင်သည့် ခရီးစဉ်များပင် ဖြစ်ပါကြောင်း။          ။

Newspaper - 3100 items

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၇ ရက်၊ မတ် ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၆ ရက်၊ မတ် ၄ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၅ ရက်၊ မတ် ၃ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၄ ရက်၊ မတ် ၂ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၃ ရက်၊ မတ် ၁ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၂ ရက်၊ ဖေဖော်ဝါရီ ၂၈ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download