ချမ်းမြသာစည်မြို့နယ်၌ ဆရာဝန်တစ်ဦးကိုပြန်ပေးဆွဲ၍ ခြောက်လှန့်ငွေတောင်းခံရာမှ ဆရာဝန်သေဆုံး ပြစ်မှုကျူးလွန်သူ အမျိုးသားနှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
ချမ်းမြသာစည်မြို့နယ်၌ ဆရာဝန်တစ်ဦးကိုပြန်ပေးဆွဲ၍ ခြောက်လှန့်ငွေတောင်းခံရာမှ ဆရာဝန်သေဆုံး ပြစ်မှုကျူးလွန်သူ အမျိုးသားနှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / December 21, 2024
နေပြည်တော် ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နေ ဦးအောင်ကျော်စိုး (၆၇) နှစ်ထံသို့ ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီ မိနစ် ၂၀ တွင် အမျိုးသားတစ်ဦး (စိစစ်ဆဲ) မှ ဖုန်းအမှတ် ၀၉၆၈၁၂၀၁၄၅၇ ဖြင့်ဆက်သွယ်၍ သားဖြစ်သူ ဒေါက်တာအောင်မြင့်မြတ်ထွန်းအား ပြန်ပေးဆွဲထားကြောင်း၊ အသက်မသေစေလိုက ငွေကျပ်သိန်း ၃၀၀၀ ကို မဟာမြတ်မုနိဘုရားကြီး တောင်ဘက်မုခ်သို့လာထားရန်၊ လာထားသောငွေကို ၎င်းတို့လက်ခံရရှိပြီးမှသာ ဖုန်းဆက်သွယ်၍ သားဖြစ်သူအား ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းကိုမျှ တိုင်တန်းခြင်းမပြုရန်ပြောသဖြင့် ဦးအောင်ကျော်စိုးသည် မည်သူ့ထံမျှ တိုင်တန်းခြင်းမပြုဘဲ ၎င်းချိန်းဆိုသည့်နေရာသို့သွားရောက်၍ ငွေကျပ်သိန်း ၃၀၀၀ ကို ပြန်ပေးဆွဲသူထားခိုင်းသည့်နေရာသို့ ပို့ဆောင်ခဲ့ပြီးနောက် ငွေလက်ခံရရှိကြောင်း ပြန်ဆက်သွယ်သော်လည်း သားဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် အောင်ပင်လယ်နယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်း (ပ)၂၆၀/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅/၃၈၇/၁၁၄ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့သည်။
စုံစမ်းဖော်ထုတ်
လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ခဲ့ရာ ဒီဇင်ဘာ ၁၉ ရက် နံနက် ၂ နာရီတွင် မသင်္ကာသူ ဒေါက်တာ အောင်ဇင်ဖြိုး (၃၆) နှစ် (ဘ) ဦးစိုးမြင့် (ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက် ၈၂ လမ်း လမ်းသစ်လမ်း x ၁၀၅ လမ်းကြား ငွေလရောင်ဆေးခန်း) အား စစ်ဆေးခဲ့ရာ ၎င်း၏ထွက်ဆိုချက်အရ ဒေါက်တာအောင်မြင့်မြတ်ထွန်းနှင့် ဆေးကျောင်း အတူတက်ရောက်ခဲ့သည့် သူငယ်ချင်းများဖြစ်ကြောင်း၊ ၎င်းသည် Online ဘောလုံး၊ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားများကြောင့် အကြွေးများတင်ကာ ငွေကြေးလိုအပ်နေသဖြင့် သူငယ်ချင်းဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းအားပြန်ပေးဆွဲ၍ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ မိဘများထံ ငွေကြေးတောင်းခံရန်ရည်ရွယ်ကာ မြို့ဟောင်းရှိ ၎င်းပိုင် ငွေလရောင်ဆေးခန်းသို့ ဖုန်းဆက်ခေါ်ခဲ့ကြောင်း၊ သူငယ်ချင်းဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း ကားဖြင့်ရောက်ရှိ လာချိန်တွင် ဒေါက်တာ အောင်ဇင်ဖြိုးသည် ၎င်း၏ဆေးခန်းမှ အကူဖြစ်သူ လွမ်းဇင်အောင် (ခ) မိုးဒီနှင့်အတူ ချုပ်နှောင်နပန်းလုံးပြီး ပါးစပ်၊ လက်၊ ခြေထောက်တို့ကို တိတ်ဖြင့်ပတ်၍ လည်ပင်းညှစ်ရာမှ သေဆုံးသွားသဖြင့် အလောင်းအား ဆေးခန်းအတွင်း၌ထားရှိကာ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ မိဘများထံ ဖုန်းဖြင့်အသံဖျက်၍ ပြန်ပေးဆွဲထားကြောင်း၊ ငွေကျပ်သိန်း ၃၀၀၀ ကို မဟာမြတ်မုနိဘုရားတောင်ဘက်မုခ်သို့ လာရောက်ပို့ဆောင်ရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏မိဘများက လာရောက် ထားပေးခဲ့သည့်ငွေများကို မီနီအိုးဝေဖြင့် အဆင့်ဆင့်ငှား၍ယူဆောင်ကာ အဆိုပါငွေထဲမှ ငွေ ၂၂ သိန်း ၅ သောင်းကျပ်ဖြင့် Canda 125 အမျိုးအစား ဆိုင်ကယ်တစ်စီး၊ ငွေကျပ် ၈၈ သိန်းဖြင့် Scoopy အမျိုးအစားဆိုင်ကယ်တစ်စီး၊ ငွေကျပ်သိန်း ၈၀၀ ဖြင့် MDY-13 9N/6995 Honda Inside အမျိုးအစားမော်တော်ယာဉ်တစ်စီးတို့ကို ဝယ်ယူခဲ့ကြောင်းနှင့် သေဆုံးသူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ အလောင်းအား သေဆုံးသူ၏ MDY-13 2L/2843 Honda Inside မော်တော်ယာဉ်ဖြင့် သယ်ယူကာ ချမ်းမြသာစည်မြို့နယ် ချမ်းတောင်ရပ်ကွက်ရှိ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းနှင့် (၇၈) လမ်းကြား၊ လမ်းဘေးရှိ ရေမြောင်း ထဲသို့ပစ်ချခဲ့ကြောင်း၊ မော်တော်ယာဉ်အား တောင်သမန်အင်းဘေးရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းထားရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူ လွမ်းဇင်အောင် (ခ) မိုးဒီ (၂၈) နှစ် (ဘ) ဦးတင်ထွဋ်ကိုလည်း ဆက်လက် ဖမ်းဆီးရမိခဲ့သည်။
သိမ်းဆည်းရမိ
စစ်ဆေးပေါ်ပေါက်ချက်အရ ဒေါက်တာအောင်မြင့်မြတ်ထွန်း၏အလောင်းကို ချမ်းမြသာစည်မြို့နယ် ချမ်းတောင်ရပ်ကွက်ရှိ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းနှင့် (၇၈) လမ်းကြား လမ်းဘေးရှိ ရေမြောင်းအတွင်းမှလည်းကောင်း၊ ကားကို တောင်သမန်အင်းဘေးရှိ ဘုန်းကြီးကျောင်းဝင်း အတွင်းမှလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ပြန်ပေးဆွဲခြိမ်းခြောက်တောင်းဆိုရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် ဆိုင်ကယ်နှစ်စီး၊ မော်တော်ယာဉ်တစ်စီး၊ ငွေစက္ကူရောရာ ၁၀၂၂ သိန်းကျပ်နှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ်တစ်စီးတို့ကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။
မိဘပြည်သူများ သင်ခန်းစာယူ
ပြစ်မှုကျူးလွန်သူ တရားခံ အောင်ဇင်ဖြိုးနှင့် မိုးဒီ(ခ)လွမ်းဇင်အောင်တို့ နှစ်ဦးအား ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်ရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ဖြစ်စဉ်မှ တရားခံ အောင်ဇင်ဖြိုးသည် ဆရာဝန်တစ်ဦးဖြစ်သော်လည်း Online ဘောလုံး၊ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားများ လုပ်ဆောင်သဖြင့် အကြွေးများတင်ကာ ငွေကြေးလိုအပ်ချက်အရ သူငယ်ချင်းဖြစ်သူအား ပြန်ပေးဆွဲသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်ကို သင်ခန်းစာယူ၍ မိဘပြည်သူများအနေဖြင့်လည်း Online ဘောလုံး၊ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားများကို မပြုလုပ်ကြရန်နှင့် Online ဘောလုံး၊ နှစ်လုံး၊ သုံးလုံးထီလောင်းကစားပြုလုပ်သူများ၏ သတင်း ရရှိပါကသက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများထံသို့ သတင်းပေးပို့နိုင်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်
Newspaper - 3019 items
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download