ငလျင်ကြောင့်ပျက်စီးခဲ့သည့်နေအိမ်များ ထောက်ပံ့ရန်အတွက် အမိုးသွပ်ပြားများထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
ငလျင်ကြောင့်ပျက်စီးခဲ့သည့်နေအိမ်များ ထောက်ပံ့ရန်အတွက် အမိုးသွပ်ပြားများထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / July 18, 2025

နေပြည်တော် ဇူလိုင် ၁၇
ငလျင်ကြောင့် ပျက်စီးခဲ့သည့်နေအိမ်များ ထောက်ပံ့ရန်အတွက် အမိုးသွပ်ပြားများထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့သည့်နေအိမ်များကို ပြန်လည်ပြုပြင်ရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ J Wood ၊ အမိုးသွပ် (၃၀ ဂိတ်)၊ သစ်မာ နှင့် Rebar တို့ကို အိမ်အမျိုးအစားများအလိုက် ထောက်ပံ့ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့ စက်မှုဝန်ကြီးဌာနအနေဖြင့်လည်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်ပမာဏအတိုင်း ဒေသအလိုက် ထိထိရောက်ရောက်ထောက်ပံ့ပေးအပ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားကြရန် တာဝန်ရှိကြောင်း၊ ပြည်သူများသို့ ထောက်ပံ့ပေးရန်အတွက် အမိုးပြားအချပ်ရေ ၁ ဒသမ ၈၃ သန်းခန့် လိုအပ်မည်ဖြစ်သည့်အတွက် ၎င်းပမာဏရရှိအောင် ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့် လက်ရှိကုန်ချောလက်ကျန်များအခြေအနေ၊ ထပ်မံထုတ်လုပ်မည့်အစီအမံ၊ ကုန်ကြမ်းလိုအပ်ချက်နှင့် အခြားလိုအပ်ချက်များရှိပါကလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် ပြောကြားလိုကြောင်း၊ ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့်ပြည်သူများ ထောက်ပံ့ကူညီနိုင်ရေးအတွက် ယခုအစည်းအဝေးမှ ရလဒ်ကောင်းများရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် အများပြည်သူများ လိုအပ်သောအမိုးသွပ်ပြားများ အချိန်မီရရှိရေးအတွက် အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမိုးသွပ်ပြားလိုအပ်ချက်များနှင့် ထုတ်လုပ်နိုင်မှုအခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများက အမိုးသွပ်ပြားများ လက်ရှိထုတ်လုပ်နေမှုအခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် လိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အမိုးသွပ်ပြားများ ထုတ်လုပ်သည့်လုပ်ငန်းရှင်များက စက်ရုံအလိုက်ထုတ်လုပ်ပေးနိုင်မှု၊ လိုအပ်ချက်များ၊ အမိုးသွပ်ပြားများအား ငလျင်ကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူများအား ထောက်ပံ့ပေးအပ်မည်ဖြစ်၍ လိုအပ်သော ကုန်ကြမ်းများပေးအပ်ပါက လုံလောက်အောင်ထုတ်လုပ်ပေးမည့် အခြေအနေတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3227 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download