ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / May 05, 2025
image_latest


နေပြည်တော် မေ ၅

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီနှင့် ဥမင်သုံးဆယ်စေတီတို့၌ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အအုံများအား ရှင်းလင်းဖယ်ရှားနေမှုအခြေအနေများ စစ်ကိုင်းမြို့ သောတပန်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော အောင်မြေဘုံစံကျောင်းတိုက် သာသနိကအဆောက်အဦများကို စက်ယန္တာရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှုများနှင့် သံပုဏ္ဏာရာမကျောင်းတိုက် ကျောင်းပုရဝုဏ်အတွင်း ငလျင်ဘေးသင့် ရဟန်း၊ သံဃာ၊ သီလရှင်၊ ပြည်သူများအတွက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာ ကောင်းမူတော်စေတီနှင့် နန်းဦးမြို့သစ်ရှိ မရှိခဏ စေတီတို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော သာသနိကအဆောက်အဦများနှင့် လူနေအဆောက်အဦများကို စက်ယန္တရားကြီးများဖြင့် ရှင်းလင်းဖယ်ရှား နေမှုအခြေအနေများ၊ ပါရမီရပ်ကွက်ရှိ သက္ကနိမ္မိတ သီလရှင်စာသင်တိုက်၊ ပန်းပဲတန်း ရပ်ကွက်ရှိ လူနေအဆောက်အအုံများ၊ ပိုးတန်းရပ်ကွက်ရှိ အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် မူလတန်းကြိုကျောင်းတို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော သာသနိကအဆောက်အအုံများနှင့် စာသင်ဆောင်အဆောက်အဦများကို စက်ယန္တရားကြီးများဖြင့် ရှင်းလင်းဖယ်ရှားနေမှုအခြေအနေများနှင့် စစ်ကိုင်းမြို့ပေါ်ရှိငလျင်ဘေးဒဏ်သင့်ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် တပ်မတော်ရေသန့်စက်ရုံးမှ ဧရာဝတီမြစ်ရေကိုသန့်စင်၍ သောက်သုံးရေဖြန့်ဝေပေးနေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးတက္ကသိုလ်ရှိ ငလျင်ဒဏ်သင့်၍ထိခိုက်ပျက်စီးခဲ့သော မန်းသပြေကျောင်းဆောင်၊ ထမင်းစားဆောင်၊ ရွှေမန်းကျောင်းသူဆောင်၊ သစ္စာကျောင်းဆောင် အဆောက်အအုံများအား အသိအမှတ်ပြုလက်မှတ်ရ အင်ဂျင်နီယာ (PE) အဖွဲ့များက (SOP) အတိုင်း စစ်ဆေးနေမှုများ၊ Level-1 အဆင့်စစ်ဆေးပြီး အဆောက်အအုံများအား ပျက်စီးမှုအဆင့်အတန်းအလိုက် POST EARTHQUAKE ASSESSMENT သတ်မှတ်၍ ခွဲခြားထားသည့် အရောင်များအတိုင်း အဆင့်သတ်မှတ်မှုအခြေအနေများအား လိုက်လံကြည့်ရှု၍ ငလျင်ဒဏ်သင့်ဆရာ/ဆရာမများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး တာဝန်ရှိသူများအား ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသည့် အဆောက်အအုံများအနက် အသိအမှတ်ပြုလက်မှတ်ရ အင်ဂျင်နီယာ (PE) အဖွဲ့များက (SOP) အတိုင်း စစ်ဆေးပြီး အဆင့်သတ်မှတ်ပြီးစီးသည့် အဆောက်အအုံများအား ဦးစားပေး အဆင့်အလိုက်ဖယ်ရှားရှင်းလင်းရေးနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြသွားရန်နှင့် အသုံးပြု၍ရသည့် ပရိဘောဂပစ္စည်းများအား စနစ်တကျ ပြန်လည်ပြုပြင်ထိန်းသိမ်းသွားရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ချမ်းသာရဆုတောင်းပြည့် မြတ်စွာဘုရား၊ မဟာအောင်မြေမြိုနယ်ရှိ ဝိဇ္ဇာလင်္ကာရကျောင်းတိုက်၊ အမရပူရမြို့နယ်ရှိရွှေကူကြီး ဆုတောင်းပြည့်မြတ်စွာဘုရား၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ပလစ (၂) အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတို့၌ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည်များ၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် စာသင်ကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူ/ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူများသည် ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့သွားရောက်၍ မန္တလေးငလျင်ကြီးလှုပ်ခတ်စဉ် ထိခိုက်ပျက်စီးခဲ့သော မဟာမုနိဘုရားကြီး ကျောင်းတော်ကြီး၏ထီးတော်ရှိ စိန်ဖူးတော်နှင့် ထုပိကာတို့အား ပြန်လည်မွန်းမံပြုပြင်ဆင်နိုင်ရန်အတွက် မဟာမုနိဘုရားကြီးထီးတော်ကြီးအား တန် ၂၂၀ ဝန်ချီစက်ကြီးဖြင့် ခေတ္တအပူဇော်ခံမည့်နေရာသို့ အဆင့်ဆင့်ပင့်ဆောင်နေမှုတို့အား ပူဇော်ကြည်ညို၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဝန်ထမ်းများအတွက် ယာယီရုံးဖွင့်လှစ်ရန် Modular House များတည်ဆောက် ပြီးစီးမှုအခြေအနေနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံး၌ Modular House များ ထပ်မံတည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ သောက်သုံးရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျပြုလုပ်ဆောင်ရွက်ထားရှိရန်မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ကျောက်ဆည်မြို့၊ ရဲစုရပ်ကွက်နှင့် ဆူးကုန်းရပ်ကွက်တို့ရှိ နေထိုင်ရန်မသင့်သော အန္တရာယ်ရှိအဆောက်အဦများအား ယန္တရားများဖြင့် ရှင်းလင်းနေမှု အေးမြကြည်လင်ရပ်ကွက်ရှိ RC(၃)ထပ်အဆောက်အအုံသည် နံဘေးတိုက်အပေါ် ယိုင်နဲ့ထိစပ်နေခြင်းဖြစ်ပေါ်နေသည့် အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများ ရှင်းလင်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ ထိခိုက်မှုမရှိစေဘဲ ရှင်းလင်းဆောင်ရွက်နိုင်ရေး၊ လျှပ်စစ်မီးကြိုးများအား စနစ်တကျ ကြိုတင်ရှင်းလင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းခွင်အန္တရာယ်ထိခိုက်မှုမရှိစေရန်နှင့် အပျက်အစီးများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်ပေါ်စေရန် အမြန်ရှင်းလင်း ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့် အဆောက်အအုံများအား SOP စနစ်ဖြင့်ဘုတ်အဖွဲ့များဖွဲ့စည်း စစ်ဆေးခဲ့ရာ ယနေ့အထိအဆောက်အအုံ (၆၀၆၇) လုံးအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်နေထိုင်နိုင်မည့် အဆောက်အအုံ (၅၇၇၃) လုံး၊ ဦးစားပေး ဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အအုံ (၂၉၄) လုံးမှ အဆောက်အအုံ (၂၅၈) လုံးအား ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန်အဆောက်အဦ (၃၆) လုံးဖြစ်ကြောင်း သိရှိရသည်။

၎င်းနောက် ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် ပျက်စီးသွားသောအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် လိုအပ် လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူး ဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်သို့ ဆက်လက်ရောင်းချပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့မိမြို့ဖများနှင့်ပြည်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

Newspaper - 3154 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2025

Publication Date: 2025

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download