ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / May 06, 2025
image_latest


နေပြည်တော် မေ ၆

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရန်နိုင်ရပ်ကွက်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် စောင့်ရှောက်ရေးစခန်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် အိမ်ထောင်စု(၁)စုလျှင် စောင်၊ ခြင်ထောင်၊ တီရှပ်၊ ပုဆိုး၊ လုံချည်၊ ဒန်အိုး၊ ဇလုံ၊ ပန်းကန်ပြား၊ သောက်ရေခွက်၊ ဇွန်း၊ ဆပ်ပြာ၊ ရေဖလား၊ မိုးကာ၊ ဓား၊ မျက်နှာသစ်သဘက်နှင့်ကော်ပုံး စုစုပေါင်း(၁၆)မျိုးတို့ကို ထောက်ပံ့ပေးဝေနေမှုများအား ကြည့်ရှုအားပေးပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် စည်းကမ်းစနစ်တကျရှိစေရေးတို့အတွက် စခန်းရှိတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် နန်းဦးရပ်ကွက်ရှိ မရှိခဏစေတီနှင့် တကောင်းရပ်ကွက်ရှိသစ္စာစေတီတို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အအုံများအား ရှင်းလင်းဖယ်ရှားနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀)ပြည့်အားကစားကွင်းရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် စောင့်ရှောက်ရေးစခန်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ထောင်စု(၁)စုလျှင် စောင်၊ ခြင်ထောင်၊ တီရှပ်၊ ပုဆိုး၊ လုံချည်၊ ဒန်အိုး၊ ဇလုံ၊ ဇွန်း၊ ဆပ်ပြာ၊ ရေဖလား၊ မိုးကာ၊ ဓား၊ မျက်နှာသစ်သဘက်နှင့် ကော်ပုံးစုစုပေါင်း(၁၄)မျိုးတို့ ထောက်ပံ့ပေးဝေနေမှုများကို ကြည့်ရှု၍ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် စည်းကမ်းစနစ်တကျရှိစေရေးတို့အတွက် စခန်းရှိတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာကောင်းမူတော်စေတီတို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အအုံများအား ရှင်းလင်းဖယ်ရှားနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးကြသည်။

ထို့နောက် ရွာထောင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော ကျောင်းဆောင်များ၊ အုတ်တံတိုင်းနံရံများ၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီနှင့် ဥမင်သုံးဆယ်စေတီတို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အအုံများအား ရှင်းလင်းဖယ်ရှားနေမှုအခြေအနေများကို လည်းကောင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ ပန်းပဲတန်းရပ်ကွက်နှင့် ပိုးတန်းရပ်ကွက်တို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော လူနေအဆောက်အအုံများကို စက်ယန္တာရားကြီးများဖြင့် ရှင်းလင်းဖယ်ရှားနေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းပေါ်ရှိ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံများ၊ ၃၅ လမ်း၊ ၇၃လမ်း နှင့် ၇၄ လမ်းပေါ်ရှိ ငလျင်ဒဏ်သင့် အန္တရာယ်ရှိအဆောက်အအုံများ၊ ၂၉ လမ်းနှင့် ၈၄ လမ်းထောင့်ရှိ ငလျင်ဒဏ်သင့် အန္တရာယ်ရှိအဆောက်အအုံများအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လုပ်ငန်းခွင်အန္တရာယ်မရှိစေရေးဦးစားပေး ဆောင်ရွက်သွားရန်၊ ဖယ်ရှားရှင်းလင်းနေသည့် အဆောက်အအုံဝန်းကျင်ရှိ ကျန်အဆောက်အအုံများအား ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန်၊ အများပြည်သူများ နေ့စဉ်သွားလာနေသည့် လမ်းများဖြစ်သည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေး စနစ်တကျ ပြုလုပ်ဆောင်ရွက်သွားရန်မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ ၃၄ လမ်းမကြီးတစ်လျှောက်နှင့် ၇၃ လမ်းမကြီးတစ်လျှောက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံများအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ဖယ်ရှားရှင်းလင်းပြီး အဆောက်အအုံနေရာများအား စနစ်တကျထိန်းသိမ်းထားရှိမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှု၍ အများပြည်သူများ အသုံးပြုမှုများသော အဓိကလမ်းမကြီးများပေါ်ရှိ အန္တရာယ်ရှိ အဆောက်အအုံအပျက်အစီးများအား ဦးစားပေး၍ အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ရေး ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးမျက်ရှင်ကားဝင်းအတွင်းရှိ ငလျင်ဒဏ်သင့်ကားဂိတ်အဆောက်အအုံများအား အပြီးသတ်ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာသို့ ရောက်ရှိကာ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများအား ကြည့်ရှုအားပေးပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်းစဉ်တွေ့ရှိရသော ငွေကျပ်သိန်း(၈၃၀)နှင့် ရွှေ ၁၀ ကျပ်သားတုံး (၁၀) တုံး၊ တန်ဖိုးရှိ လက်ဝတ်ရတနာများနှင့် ဘဏ်စာအုပ်(၉)အုပ်တို့အား ပိုင်ရှင်ထံသို့စနစ်တကျ လွှဲပြောင်းပေးအပ်နေမှုတို့အား ကြည့်ရှုကြပ်မတ်ဆောင်ရွက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ကုသိုလ်တော် ဘုရားကြီးဝင်းအတွင်း ဖွင့်လှစ်ထားသော ငလျင်ဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့သွားရောက်၍ ငလျင်ဒဏ်သင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပြီး သောက်ရေ သုံးရေ ဖူလုံစွာရရှိရေး စနစ်တကျစီစဉ်ဆောင်ရွက်ပေးရန်၊ စည်းကမ်းတကျ နေထိုင်နိုင်စေရေး၊ အမှိုက်များစွန့်ပစ်ကန်ဖြင့် စနစ်တကျစွန့်ပစ်နိုင်စေရေး၊ သန့်စင်ခန်းများအား လူဦးရေအချိုးအစား အလိုက်တည်ဆောက်ပေးပြီး ယင်လုံအောင် စနစ်တကျဆောင်ရွက်စေရေး၊ ယာယီနေထိုင်သူများကို စနစ်တကျမှတ်တမ်းပြုစု ထားရှိစေရေးတို့ကို မှာကြားသည်။ ထို့ပြင် အဆိုပါယာယီကယ်ဆယ်ရေးစခန်းရှိ ငလျင်ဒဏ်သင့်ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦစီးဌာနက ကျန်းမာရေးစောင်ရှာက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် အမရပူရမြို့နယ်ရှိ ရွှေအိုးရကျောင်းတိုက်နှင့် မဟာဂန္ဓာရုံကျောင်းတိုက်သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား ရှင်းလင်းဖယ်ရှားနေမှုများ၊ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက်ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုအားပေးပြီး လုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့များအား စားသောက်ဖွယ်ရာများပေးအပ်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် အမရပူရမြို့နယ်ရှိ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သော သာလေစွအခြေခံပညာအလယ်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ကုက္ကိုရွာ)၊ ကြည့်မြင်တိုင် အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် မြစ်ငယ်အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ အပျက်အစီးများဖယ်ရှားရှင်းလင်းနေမှုများနှင့် စာသင်ကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူ/ ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။ ထို့နောက် ကြည့်မြင်တိုင် အခြေခံပညာအထက်တန်းကျောင်းခွဲအတွင်း ဖွင့်လှစ်ထားသော ငလျင်ဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ငလျင်ဒဏ်သင့် ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းကာ စာသင်ကျောင်းများရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အအုံများအား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ မင်းရပ်ရပ်ကွက်ရှိ ဆင်ဖြူတော်ဝပ်ကျောင်းတိုက်၌ စုကြီးရပ်ကွက်အန္တရာယ်ရှိ နယ်မြေမှ ပြောင်းရွှေ့သီတင်းသုံးနေတော်မူနေသော သံဃာတော်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အများပြည်သူအန္တရာယ်ကင်းရှင်းရေးအတွက် နိုင်ငံတော်အဆင့် ပြင်ဆင်မွမ်းမံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လျှောက်ထားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်၊ ရေနားကျောင်းတိုက်ရှိ ဖြိုဖျက်ပြီးအဆောက်အအုံများအား တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၎င်းနောက် ကျောက်ဆည်မြို့၊ မင်းရပ်ရပ်ကွက်ရှိ စိုက်ပျိုးရေးသုတေသနခြံ၌ ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်နေမှုအခြေအနေများ သွားရောက်ကြည့်ရှုပြီး ငလျင်ဒဏ်သင့်ပြည်သူများကို အားပေးစကားပြောကြားကာ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် နားလည်တတ်ကျွမ်းသူများနှင့် တိုင်ပင်၍ ငလျင်ဒဏ်အင်အားရစ်(ခ်)တာစကေး ၈ အဆင့်အထိခံနိုင်သည့် အဆောက်အအုံများ တည်ဆောက်သွားရန်လိုအပ်ကြောင်း၊ အဆောက်အအုံများ တည်ဆောက်ရာတွင် လိုအပ်သော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စက်ရုံထုတ်အထူးဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ သီးခြားလိုအပ်ချက်များ၊ အခက်အခဲများကိုလည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ သတင်းပို့တင်ပြသွားနိုင်ကြောင်း မှာကြားခဲ့ပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် ပျက်စီးသွားသောအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်သို့ တိုက်ရိုက်ဆက်လက်ရောင်းချပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့မိမြို့ဖများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် စဉ့်ကိုင်မြို့နယ်ရှိ Royal-D အားဖြည့်အချိုရည်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းများ ပြန်လည်လည်ပတ်နေမှုအခြေအနေများနှင့် ရေဆိုးစနစ်စွန့်ပစ်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စဥ့်ကိုင်မြို့နယ်ရှိ KT အစာတောင့်စက်ရုံနှင့် ဗီဂါပလပ်စတစ်စက်ရုံများသို့သွားရောက်၍ ငလျင်လှုပ်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခြင်း၊ အဆောက်အအုံများပျက်စီးခြင်း၊ စက်ပစ္စည်းများချို့ယွင်းခြင်းတို့ ဖြစ်ပေါ်ခဲ့၍ လုပ်ငန်းများရပ်တန့်ခဲ့ရာမှ ပြုပြင်ပြီးစီး၍ လုပ်ငန်းများ ပြန်လည်လည်ပတ်နေမှုအခြေအနေများအား သွားရောက်စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3155 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2025

Publication Date: 2025

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download