ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / May 10, 2025
image_latest


နေပြည်တော် မေ ၁၀

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှကူညီ ကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နန်းဦးရပ်ကွက်ရှိ မဟိယင်္ဂဏစေတီ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော သာသနိကအဆောက်အဦများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် များ၊စေတနာရှင်ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများမှပူးပေါင်း၍ ရှင်းလင်းဖယ်ရှားနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပါရမီရပ်ကွက်ရှိ နှစ် (၇၀၀) ပြည့်အားကစားခန်းမ၌ ဇေယျာရပ်ကွက်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ သေဆုံး/ဒဏ်ရာရ မိသားစုဝင်များအတွက် ထောက်ပံ့ငွေငွေကျပ် (၆၁,၇၆၅,၀၀၀) သိန်း၊ အာဆီယံလူသားချင်း စာနာထောက်ထားမှု ကူညီရေးညှိနှိုင်းမှု ဗဟိုဌာန (AHA Center)မှ မီးဖိုချောင်းသုံးပစ္စည်းများနှင့် ဘရူနိုင်းနိုင်ငံမှ တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်၍ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများက နိုင်ငံတော်မှထောက်ပံ့ပေးသော ငွေကြေးများ၊ ထောက်ပံ့ပစ္စည်းများ၊ ရိက္ခာများနှင့်ပတ်သတ်ပြီး အသေးစိတ် ရှင်းလင်း ပြောကြားကာ ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေး အပ်ခဲ့သည်။ ထို့နောက် မလေးရှာနိုင်ငံ ဆေးဘက်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့အား ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက လက်ဆောင်ပစ္စည်းများပေးအပ်ပြီး တန်းဖိုသင့်လူနေအိမ် နမူနာပုံစံဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာကောင်းမူတော်စေတီနှင့် ပါရမီရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးလျက်ရှိသော လူနေအဆောက်အဦများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများမှပူးပေါင်း၍ စုပေါင်းလုပ်အားပေးရှင်းလင်းဖယ်ရှားနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်၊ သောတပန်ရပ်ကွက်ရှိ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်တို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အဦများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများမှပူးပေါင်း၍ စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ သံပုဏ္ဏာရာမကျောင်းတိုက် ကျောင်းပုရဝုဏ်အတွင်း ငလျင်ဘေးသင့် ရဟန်း၊ သံဃာ၊ သီလရှင်၊ ပြည်သူများအတွက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာတွင် ဖွင့်လှစ်ထားသော ငလျင်ဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ဘုံးအိုးကျေးရွာအုပ်စုအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်ကာ ငလျင်ဘေးသင့် ပြည်သူအိမ်ထောင်စု (၇၀၀) စာ အတွက် ဆန်၊ ဆီ၊ ကုလားပဲ စသည့်ထောက်ပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ငလျင်ဒဏ်သင့်ပြည်သူများကိုယ်စားကျေးရွာမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ဆက်လက်၍ အဆိုပါ ကျေးရွာတွင် ဖွင့်လှစ်ထားသော ငလျင်ဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းရှိ ယာယီဝတ်ပြုဆောင်နေရာသို့လည်းကောင်း၊ ငလျင်ဘေးသင့်ပြည်သူများအတွက် ရေရရှိအောင်ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေး၍ သောက်ရေသုံးရေဖူလုံစွာရရှိရေး စနစ်တကျစီစဉ်ဆောင်ရွက်ပေးရန်၊ ကူးစက်ရောဂါများမဖြစ်ပွားစေရေးနှင့် ယာယီနေထိုင်သူများကို စနစ်တကျ မှတ်တမ်းပြုစုထားရှိစေရေးတို့အား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ချမ်းသာရဆုတောင်ပြည့်မြတ်စွာဘုရား၊ အောင်မြေသာစံမြို့နယ်ရှိ ရာဒါကစ္စနာ ဟိန္ဒူဗုဒ္ဓဘာသာဘုရားကျောင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မိုးကုတ်ဝိပဿနာ သာသနာ့ရောင်ခြည်ဓမ္မရိပ်သာအတွင်းရှိ ငွေကမ္ဘာကျောင်းဆောင်၊ လေးကျွန်းမာန်အောင်စေတီ၊ ရန်ဘေးကင်းရှောင် မြတ်ထွဋ်ခေါင်စေတီ၊ ငါးပါးမာန်အောင်ထွဋ်ထိပ်ခေါင်စေတီ၊ ပြည်လုံးချမ်းသာ ရေကန်အမှတ်(၃၉)၊ အမရပူရမြို့နယ်ရှိ ပဲ့ပါမင်းကျောင်းတိုက်နေရာများရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အဦ အပျက်အစီးများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့ များပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်များကိုလည်းကောင်း၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း ကြည့်ရှုအားပေးပြီး ဆရာတော်ကြီးများအား အလှူငွေများပေးအပ်လှူဒါန်းကာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရားစေတီပုထိုးများမှ အပျက်အစီးများရှင်းလင်းစဉ် ပြန်လည်သိမ်းဆည်းတွေ့ရှိရသော ဌာပနာပစ္စည်းများအား စနစ်တကျထားရှိထိန်းသိမ်းရန်နှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် အမရပူရမြို့နယ်၊ မိန်းတန်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများ၊ တပ်မတော်သားများစုပေါင်း၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုအားလည်းကောင်း၊ စာသင်ကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူ / ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအားလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများ၏ ပျက်စီးသွားသောအဆောက်အဦများ ပြန်လည်ပြုပြင် တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် စဥ့်ကိုင်မြို့နယ်အတွင်းရှိ ပြည်သူများ၏လက်ဝယ်သို့ စနစ်တကျတိုက်ရိုက်ရောင်းချပေးနေသည်ဖြစ်ကာ ငလျင်ဒဏ်ကြောင့် အမှန်တကယ်လိုအပ်လျက်ရှိသော ပြည်သူများကိုသာ စနစ်တကျစိစစ်၍ ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့မိမြို့ဖများနှင့် လာရောက်ဝယ်ယူသည့် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် စဥ့်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာအုပ်စု၊ ပလိပ်မြွေဘုရားဝန်းအတွင်း၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် ဘုရားစေတီများနှင့် သာသနိကအဆောက်အဦများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြိုကျပျက်စီးနေသော အပျက်အစီးများအား အမြန်ဆုံးရှင်းလင်းဖယ်ရှားဆောင်ရွက်ရန်၊ ဘုရားစေတီများ ပြန်လည်ပြုပြင်တည်ထား ပူဇော်နိုင်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်ရန်၊ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင်ရှေးမူမပျက်ပြုပြင်နိုင်ရေးအတွက် အမျိုးသားယဉ်ကျေးမှုနှင့် ရှေးဟောင်းသုတေသနဦးစီးဌာနသို့တင်ပြပြီး ဆောင်ရွက်သွားရန်နှင့် ဘုရားဂေါပကအဖွဲ့များ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယာယီရုံးဖွင့်လှစ် ဆောင်ရွက်ရန်အတွက် Modular Container House များ တပ်ဆင် ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ စဉ့်ကိုင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး၌ ငလျင်ဒဏ်ကြောင့် ပျက်စီး/ပျောက်ဆုံးခဲ့သော နိုင်ငံသားမှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများအား ပြန်လည်ပြုလုပ်ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (ယာယီ) ရုံးတည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် စဉ့်ကိုင်မြို့နယ်၊ မြို့နယ်မြေစာရင်းဦးစီးဌာနရုံး၌ ယာယီရုံးဖွင့်လှစ် ဆောင်ရွက်ရန်အတွက် Modular Container House များ တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျ ပြုလုပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3513 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download