ငလျင်ဒဏ်သင့်ဒေသများအတွက်လှူဒါန်းရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသည့် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ်တစ်စင်း ရန်ကုန်မြို့သို့ရောက်ရှိ


Ministry of Information/ Naypyitaw / April 12, 2025
image_latest


ရန်ကုန် ဧပြီ ၁၂

၂၈.၃.၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဒဏ်ဘေးသင့်ဒေသများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသော ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ် BNS SOMUDRA AVIJAN (F-29) သည် ဧပြီလ ၁၁ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်စစ်သံမှူး General Md Aftab Hossain နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာဘင်္လားဒေ့ရှ်သံအမတ်ကြီး H.E. Dr Md Monwar Hossain နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဘင်္လားဒေ့ရှ်သံအမတ်ကြီးက ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယနေ့ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ်တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများမှာ စားသောက်ဖွယ်ရာများ၊ ရွက်ဖျင်တဲ၊ အဝတ်အစား၊ သောက်ရေသန့်၊ တစ်ကိုယ်ရေသုံးပစ္စည်းများနှင့်ဆေးဝါးများ စသည်တို့ပါဝင်ပြီး စုစုပေါင်းတန်ချိန်(၁၂၀)တန်ခန့်ဖြစ်ကြောင်း သိရသည်။

အဆိုပါဘင်္လားဒေ့ရှ်စစ်ရေယာဉ်ဖြင့် ရောက်ရှိလာသော ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၊ ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေနှင့်အရန်တပ်ဖွဲ့ဝင်များနှင့် ကျောက်တန်းမြို့နယ် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာမော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင်ဒဏ်သင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper - 3134 items

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၄ ရက်၊ ဧပြီ ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၅ ရက်၊ ဧပြီ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၆ ရက်၊ ဧပြီ ၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၇ ရက်၊ ဧပြီ ၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၈ ရက်၊ ဧပြီ ၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download