ငလျင်ဘေးသင့်ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဆက်လက်ရောင်းချပေး
ငလျင်ဘေးသင့်ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဆက်လက်ရောင်းချပေး
Ministry of Information/ Naypyitaw / May 14, 2025
နေပြည်တော် မေ ၁၃
ငလျင်ဘေးသင့် ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးခြင်းအစီအစဉ် ဒုတိယနေ့ကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ယနေ့နံနက်ပိုင်းမှစတင်၍ ပြသရောင်းချလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ပြည်သူများနှင့် ဒေသခံပြည်သူအများအပြား လာရောက်လေ့လာဝယ်ယူလျက်ရှိသည်။
ယနေ့တွင် ဘိလပ်မြေထုတ်လုပ် သူများအသင်းအရောင်းပြခန်း၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း အရောင်းပြခန်း၊ မြန်မာနိုင်ငံသံနှင့် သံမဏိအသင်းအရောင်းပြခန်း၊ အိမ်ဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုး အရောင်းပြခန်း၊ နိုင်ငံတကာမှ အရည်အသွေးမြင့် မီးဖိုချောင်သုံးပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ အရောင်းပြခန်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံးဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ အရောင်းစင်တာ၊ သံထည်နှင့် စတီးများ အရောင်းပြခန်း၊ ပရိဘောဂအရောင်းပြခန်း၊ အိမ်သုတ်ဆေးအရောင်းပြခန်း၊ လုပ်ငန်းသုံးမီးစက် သေးနှင့် မီးစက်ကြီးများ အရောင်းပြခန်း၊ ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ အရောင်းပြခန်းများတွင် လာရောက်လေ့လာဝယ်ယူသူများပြားလျက်ရှိသည်။
အဆိုပါ အရောင်းပွဲတော်သို့ လာရောက်လေ့လာဝယ်ယူသည့် ပုဗ္ဗသီရိမြို့နယ်မှ ဦးအာကာဒိုးက “ဘိလပ်မြေ လာရောက်ဝယ်ယူတာဖြစ်ပါတယ်။ တန်းစီပြီးတော့ ဝယ်ယူရတာဖြစ်ပါတယ်။ အခုလို အခက်အခဲဖြစ်နေတဲ့အချိန်မှာ ဈေးနှုန်းမှန်ကန်ပြီး အရည်အသွေးပြည့်မီတဲ့ သံ၊ သံမဏိ၊ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ လာရောက်ရောင်းချပေးတဲ့ အသင်းအဖွဲ့တွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်ကတော့ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ကျွန်တော့်အိမ်ကို ပြန်လည်ပြုပြင် တည်ဆောက်ဖို့လိုအပ်တဲ့ ဘိလပ်မြေ လာရောက်ဝယ်ယူတာဖြစ်ပါတယ်။ ဘိလပ်မြေ လာရောက်ဝယ်ယူသူတွေအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်၊ အပျက်အစီးမှတ်တမ်းဓာတ်ပုံ၊ အိမ်ထောင်စုဇယား မိတ္တူ၊ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်တို့ လိုအပ်ပါတယ်။ အရောင်းတာဝန်ရှိသူတွေကလည်း ဝယ်ယူရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ပြည့်စုံစွာရှင်းလင်း ပြောကြားပေးပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်မှ ဒေါ်ဌေးဌေးလွင်က “အခုလို ငလျင်ဘေးသင့်ပြည်သူတွေအတွက် စီစဉ်ပေးတဲ့ဈေးရောင်းပွဲတော်ကို မိတ်ဆွေသူငယ်ချင်း တွေကတစ်ဆင့်ကြားသိရတဲ့အတွက် လိုအပ်တဲ့ ဘိလပ်မြေနဲ့ အိမ်ဆောက်လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေကို လာရောက်ဝယ်ယူတာဖြစ်ပါတယ်။ ပစ္စည်းမှန်ပြီးဈေးနှုန်းလည်းမှန်ပါတယ်” ဟု ပြောကြားသည်။
ယနေ့တွင် ရောင်းချခြင်း အစီအစဉ်နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ်(UMFCCI)က ကြီးမှူး၍ MSIA - TALK SHOW ကို ထည့်သွင်းကျင်းပရာ ဆရာကြီး ဦးကြည်သာက “နည်းပညာရပ် ဖွံ့ဖြိုးမှုနှင့်အတူ တိုးပွားလာသော ရာဇဝတ်မှုခင်းများအကြောင်း” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးသည်။
အဆိုပါ ဈေးရောင်းပွဲတော်ကို ငလျင်ဘေးသင့်ပြည်သူများ ထူထောင်ရေးလုပ်ငန်းများ မိုးမကျမီ ဆောလျင်စွာ ပြန်လည်တည်ဆောက်နိုင်ရန် ဈေးနှုန်းမှန်ကန်စွာဖြင့် အရည်အသွေးပြည့်မီစွာဝယ်ယူနိုင်ရန် ရည်ရွယ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း၊ ဘိလပ်မြေထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး ရောင်းချခြင်းအစီအစဉ်ကို မေ ၁၈ ရက်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း- မင်းကျော်စွာ
ဓာတ်ပုံ- ဖိုးပြည့်စုံ
Newspaper - 3537 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
