ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ
ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / May 23, 2025

နေပြည်တော် မေ ၂၂
ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ လုပ်ငန်းအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေ ၄ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
ဆွေးနွေးမှာကြား
အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ (၁၄)ကြိမ်မြောက်တိုးတက်မှုအစီရင်ခံစာ တင်ပြချက်အရလက်ငင်းရလဒ် ၇ ဒသမ ၁ ကို တစ်စိတ်တစ်ပိုင်းလိုက်နာဆောင်ရွက်မှုအဆင့်သို့ ပေးခဲ့ပါကြောင်းနှင့် AML/CFT လုပ်ငန်း များအား Timeline Target များချ မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဆက်လက်အကောင်အထည်ဖော်ရန် ကျန်ရှိသည့်အခြေအနေများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုကော်မတီနှင့် အများပြည်သူသိရှိစေရန်အတွက် ပွင့်လင်းမြင်သာ စွာချပြနိုင်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးမှာကြားသည်။
ယင်းနောက် လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်ဦးကျော်ဝင်းသိန်းက လတ်တလောကြုံတွေ့နေရသည့် အခက်အခဲများအတွင်းမှပင် ကြိုးစားအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လိုအပ်သည့်ဥပဒေများကို ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် အကဲဖြတ်သူများက ထောက်ပြထားသည့် ဆက်လက်ရေးဆွဲရမည့် လုပ်ထုံးလုပ်နည်းများကိုလည်း သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်းပြောကြားပြီး လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးက မြန်မာနိုင်ငံအနေဖြင့် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် အချက်များနှင့် လိုက်နာဆောင်ရွက်ရမည့်ဌာနများအား ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေးသို့ တင်ပြဆွေးနွေးမည့်အချက်များကို ဆွေးနွေးတင်ပြရာ အစည်းအဝေးတက်ရောက် လာသူများက လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3171 items

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၁၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၁၆ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၁၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download