ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ စည်းဝေး


Ministry of Information/ Naypyitaw / January 16, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၅

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။

ဦးစွာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၆ ရက်နှင့် ၇ ရက် တို့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ပြုလုပ်သည့် APJG ၏ မျက်နှာ ချင်းဆိုင်အစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့တက်ရောက်၍ မြန်မာနိုင်ငံ၏ (၁၆) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာပါ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံ (Action Plan) များအနက် ဆောင်ရွက်ပြီးစီးမှုအပေါ် APJG ၏ အကြံပြုချက်များအရ သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများက ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အချက်များကို ဆွေးနွေးကြရန်နှင့် လာမည့်ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မည့် FATF Planery Meeting တွင် ဆွေးနွေးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း။

ထိုင်းနိုင်ငံ Anti-Money Laundering Office (AMLO) မှ နည်းပညာအကူအညီရယူမည့် အစီအစဉ်နှင့် စပ်လျဉ်း၍ အစည်းအဝေးတက်ရောက်လာကြသည့် Working Group အဖွဲ့ဝင်များ၏ သဘောတူညီချက်နှင့် အကြံပြုချက်များ ရယူ၍ အစီအစဉ်ရေးဆွဲလိုပါကြောင်း၊ STR အရည်အသွေးပိုမိုကောင်းမွန်လာစေရေးအတွက် သတင်းပို့အဖွဲ့အစည်းများဖြစ်သည့် ဘဏ်များအပါအဝင် ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် ဆုံးရှုံးနိုင်ခြေအန္တရာယ် မြင့်မားသော လူပုဂ္ဂိုလ်ဆိုင်ရာအချက်အလက်များ ပိုမိုပြည့်စုံစွာရရှိနိုင်ရန်နှင့် FIU ၏ စိစစ်သုံးသပ်ချက်များ အရည်အသွေးပိုမိုကောင်းမွန်လာစေရေးကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လာမည့်မြန်မာနိုင်ငံ၏ (၁၇) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာရေးသားရာတွင် APJG ၏ လိုလားချက်နှင့် ကိုက်ညီသည့် အချက်အလက်များ တိုးမြှင့်တင်ပြနိုင်ရေးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ယင်းနောက် လုပ်ငန်းအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည့် တပ်ဖွဲ့မှူး၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ရဲမှူးချုပ်ဇော်လင်းထွန်းက မြန်မာနိုင်ငံ၏ (၁၆) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် ဆွေးနွေးသည့် APJG ၏ မျက်နှာချင်းဆိုင်အစည်းအဝေးသို့ တက်ရောက်ခဲ့မှုအခြေအနေများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအမံများနှင့် Technical Assistant ရယူရန် ကိစ္စရပ်များအပေါ် မေးမြန်းဖြေကြားချက်များကို ရှင်းလင်းဆွေးနွေးသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (ဥပဒေရေးရာ နှင့်မှုခင်းဌာနကြီး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး)၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

Newspaper - 3412 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download