ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ ကျင်းပ
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ ကျင်းပ
Ministry of Information/ Naypyitaw / March 17, 2026
နေပြည်တော် မတ် ၁၆
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Anti-Money Laundering and Combating the Financing of Terrorism-AML/CFT) ဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းကို နိုင်ငံတော်ကအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ လုပ်ငန်းစဉ်များတွင် ဝန်ကြီးဌာနအောက်ရှိ ဌာနအလိုက် ပိုမိုထိရောက်စွာ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ AML/CFT ဆိုင်ရာ လုပ်ငန်းစဉ်သည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပြီး တရားမဝင်ငွေကြေးများကို တရားဝင်ဘဏ်လုပ်ငန်းစနစ် အသုံးချပြီး ငွေလွှဲပြောင်းခြင်း၊ နေရာချထားခြင်း ဆောင်ရွက်ခြင်းကြောင့် နိုင်ငံ၏စီးပွားရေးတည်ငြိမ်မှု၊ ငွေရေးကြေးရေးကဏ္ဍ ခိုင်မာမှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ထိခိုက်စေနိုင်ကြောင်း၊ ကြီးကြပ်မှုအာဏာပိုင်များနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအနေဖြင့် ကဏ္ဍအလိုက် အလေးထား ကြီးကြပ်ဆောင်ရွက်ပြီး ထိရောက်စွာပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကြီးကြပ်ကွပ်ကဲသူများအနေဖြင့် AML/CFT ဆိုင်ရာ ကြီးကြပ်ရေးလုပ်ငန်းစဉ်များကို စနစ်တကျသိရှိမှသာ ထိထိရောက်ရောက် ကြီးကြပ်ကွပ်ကဲနိုင်မည်ဖြစ်သကဲ့သို့ သတင်းပို့ အဖွဲ့အစည်းများအနေဖြင့်လည်း AML/CFT ဆိုင်ရာ တာဝန်များဖြစ်သည့် သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှု၊ သတ်မှတ်ပမာဏထက်ကျော်လွန်၍ ငွေကြေးလွှဲပြောင်းမှုများကိုစိစစ်ပြီး သတင်းပို့ချက် အစီရင်ခံစာများပေးပို့ခြင်း လုပ်ငန်းစဉ်များကို အချိန်မီဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ပို့ချသည့်ဘာသာရပ်များအပေါ် အထူးအလေးထားသင်ယူ ကြရန်နှင့် မိမိတို့တာဝန်ယူဆောင်ရွက်ရသော လုပ်ငန်းနယ်ပယ်များတွင် အကျိုးရှိရှိနှင့် လက်တွေ့အသုံးချကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ယခုဖွင့်လှစ်သည့် သင်တန်းသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ အရာထမ်း ၃၅ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ငါးရက်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3472 items
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
