စက်မှုလယ်ယာစနစ်ကျလယ်မြေ(၂၇၃)ဧကတွင် မိုးစပါးရာသီမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပြီး ကြဲပက်စိုက်ပျိုး
စက်မှုလယ်ယာစနစ်ကျလယ်မြေ(၂၇၃)ဧကတွင် မိုးစပါးရာသီမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပြီး ကြဲပက်စိုက်ပျိုး
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / April 29, 2025

ဘားအံ - ဧပြီ (၂၉)
ကရင်ပြည်နယ်အတွင်း လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နှစ်စဉ်ဖော်ထုတ်ဆောင်ရွက်ပေး လျက်ရှိရာ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ထိ လယ်ယာမြေဧကပေါင်း(၈၀၀၀)ကျော်ကို အဆင့်မြှင်တင်ပေးနိုင်ခဲ့ပြီး ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်လည်း ဧက(၁၂၀၀)ကို အဆင့်မြှင့်တင်ရန် လျာထားဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၉ ရက် နေ့ နံနက်ပိုင်းက ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ခြံကလေးကျေးရွာတွင် အဆင့်မြှင့်တင်ဖော်ထုတ်ပြီးသည့် စက်မှုလယ်ယာစနစ်ကျလယ်မြေ(၂၇၃)ဧက၌ မိုးစပါးရာသီမြေဆီလွှာဖွံ့ဖြိုးတိုး တက်ရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပြီး ကြဲပက်စိုက်ပျိုးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုကဲ့သို့ မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော်ကိုမြေခံစိုက်ပျိုးခြင်း သည် မြေဆီဩဇာပိုမိုကောင်းမွန်စေပြီး သွင်းအားစုဓာတ်မြေဩဇာများလျော့ချသုံးစွဲနိုင်မည်ဖြစ်ကာ ကုန်ကျစရိတ် သက်သာ၍ အထွက်နှုန်းပိုမိုတိုးတက်လာနိုင်မည့်လုပ်ငန်းရပ်တစ်ခုဖြစ်ကြောင်း၊ ပိုက်ဆံလျှော်ထယ်ထိုးမြေမြုပ်ပြီး သည့်အခါ စိုက်ဧကများ၌ မည်သည့်သီးနှံကိုစိုက်ပျိုးသည်ဖြစ်စေ ကောက်ကွက်ပြည့်မီအောင်စိုက်ပျိုးသွားရန်နှင့် သက်ဆိုင်ရာဌာနများမှလည်း တောင်သူပညာပေးလုပ်ငန်းများကို သီးနှံကြီးထွားမှုအဆင့်တိုင်း၌ စနစ်တကျကွင်းဆင်း ကြီးကြပ်လုပ်ဆောင်ပေးကြရန်နှင့် မြေဩဇာကျွေးခြင်း၊ ပေါင်းလိုက်၊ သမန်နိုးခြင်းလုပ်ငန်းများကိုလည်း ပန်းတိုင် အထွက်နှုန်းရရှိရေးအလေးထားဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စနစ်ကျလယ်ယာမြေဖော်ထုတ်ထားမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က ခြံကလေးကျေးရွာ စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေတွင် မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ၅၀ တင်း၊ ၆ တန်းသွားမျိုးစေ့ချကိရိယာ ၅ လက်နှင့် ၈ တန်းသွားမျိုးစေ့ချကိရိယာ ၅ လက်တို့ကို ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှ ဓါတ်မြေဩဇာကုန်ကျစရိတ်သက်သာစေရေး သဘာဝမြေဩဇာစူပါအီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲနည်းကို လက်တွေ့ပြုလုပ်ပြသရာ တောင်သူကုန်းကျေးရွာ နှင့်ခြံကလေးကျေးရွာများမှ တောင်သူများတက်ရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေးနှင့် စူပါအီးအမ်ဘိုကာရှိသုံးစွဲခြင်းအားဖြင့် ရရှိလာမည့်အကျိုးကျေးဇူး များကို ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ကျင်းပရာ တက်ရောက်လာကြသော တောင်သူများက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ များကို တစ်တင်းလျှင် လေးဧကနှုန်းဖြင့် စုပေါင်းကြဲပက်သရုပ်ပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ တောင်သူကုန်းကျေးရွာအုပ်စုရှိ တောင်သူ ဦးစောထက်ဝင်း၏ ငါးမွေးမြူရေးကန် ဧက(၂၀)အတွင်း ငါးတန်၊ ငါးမုတ်၊ တီလားပီးယား၊ ရွှေဝါငါးကြင်း၊ ကကတစ် ငါးများ မွေးမြူထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး တောင်သူဦးစောအောင်မြင့်တင်၏ ကာကီကင်း ဘဲမွေးမြူရေးခြံအား ကြည့်ရှုအားပေးကာ တိုးတက်မွေးမြူထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
Newspaper - 3148 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ ဧပြီ ၂၅ ရက်၊ သောကြာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ ဧပြီ ၂၄ ရက်၊ ကြာသပတေးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ ဧပြီ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ ဧပြီ ၂၂ ရက်၊ အင်္ဂါနေ့။
