စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် ဆေးဝါးစက်ရုံ (အင်းစိန်)၊ အီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာအလုပ်ရုံ၊ ချည်မျှင်နှင့်အထည်ထုတ်လုပ်မှုနည်းပညာဖွံ့ဖြိုးရေးဌာနတို့အား ကြည့်ရှုစစ်ဆေး
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် ဆေးဝါးစက်ရုံ (အင်းစိန်)၊ အီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာအလုပ်ရုံ၊ ချည်မျှင်နှင့်အထည်ထုတ်လုပ်မှုနည်းပညာဖွံ့ဖြိုးရေးဌာနတို့အား ကြည့်ရှုစစ်ဆေး
Ministry of Industry/ Ministerial Office / March 17, 2025

နေပြည်တော်၊ မတ် (၁၀)
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် မတ်လ (၈)ရက်နေ့ နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများက ခေတ်မီသိုလှောင်ရုံတွင် ကုန်ကြမ်း၊ ထုပ်ပိုးပစ္စည်းနှင့် ဆေးဝါးကုန်ချောများ သိုလှောင်ထားရှိမှု၊ မြွေဆိပ်ဖြေဆေးများထုတ်လုပ်နိုင်ရေးအတွက် မြင်းများမွေးမြူထားရှိမှု၊ မြင်းများမှ သွေးရည်ကြည်များ ထုတ်လုပ်၍ မြွေဆိပ်ဖြေဆေးများ ထုတ်လုပ်နေမှု၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ခေတ်မီသိုလှောင်ရုံသည် ကုန်ကြမ်း/ ကုန်ချောများ သိုလှောင်ထားရှိရာတွင် သတ်မှတ်အပူချိန်နှင့် စိုထိုင်းဆများအား ထိန်းသိမ်းထားရှိသဖြင့် စက်ရုံအတွက် အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် Software ပိုင်းနှင့် စက်ပစ္စည်းအစိတ်အပိုင်းတစ်ခုချင်းအလိုက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အစီအမံများ ရေးဆွဲ၍ စဉ်ဆက်မပြတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် စက်ရုံ၌ တပ်ဆင်ထားရှိသော စက်ပစ္စည်းများအား ကြိုတင်စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ စီမံဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း၊ ခေတ်မီသိုလှောင်ရုံအား ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးထားရမည်ဖြစ်ကြောင်း၊ ရာသီဥတုဒဏ်ကြောင့် ခေတ်မီသိုလှောင်ရုံအဆောက်အဦအား ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ကြိုတင်စီမံထားရှိရန်နှင့် အမြဲမပြတ်စစ်ဆေးရမည်ဖြစ်ကြောင်း၊ ပြည်သူများ မြွေအန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရေးအတွက် မြွေဆိပ်ဖြေဆေးများကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ ဝန်ကြီးဌာနများမှအမှာစာဖြင့် မှာယူထားသော ဆေးဝါးများကို အချိန်မီပေးသွင်းနိုင်ရေး အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ခေတ်မီသိုလှောင်ရုံတွင် ကုန်ကြမ်း/ကုန်ချောပစ္စည်းများ ထားရှိမှုအခြေအနေ၊ မြွေဆိပ်ဖြေဆေးများ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ထုတ်လုပ်ပြီး ဆေးဝါးများအား အရည်အသွေးထိန်းသိမ်းစစ်ဆေးနေသည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးသည်။
မတ်လ (၉)ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် လှိုင်မြို့နယ်ရှိ ရွှေကသာကုမ္ပဏီလီမိတက်သို့ ငှားရမ်းထားသည့် အီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာ အလုပ်ရုံသို့ရောက်ရှိပြီး ဆိုလာပြားများထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်တွင်းလျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးနိုင်ရေးအတွက် ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အရည်အသွေးအာမခံစနစ်များထားရှိပြီး အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ချည်မျှင်နှင့်အထည်ထုတ်လုပ်မှု နည်းပညာဖွံ့ဖြိုးရေးဌာနသို့ ရောက်ရှိပြီး ဌာနတာဝန်ခံမှ ဝါဂွမ်းနှင့် ဓာတုအမျှင်များစမ်သပ်မှု၊ ချည်များ စမ်းသပ်မှု၊ ပိတ်များ စမ်းသပ်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဝန်ကြီးဌာနမှ ထုတ်လုပ်လျက်ရှိသည့် ၁/၄၀ ချည်များနှင့် အခြားချည်များ၏ အရည်အသွေးထိန်းသိမ်းနိုင်ရေးအတွက် စစ်ဆေးရေးလုပ်ငန်းများကို အမြဲမပြတ် ဆောင်ရွက်သွားရန်နှင့် စစ်ဆေးတွေ့ရှိခဲ့သည့် အားသာချက်၊ အားနည်းချက်များကိုလည်း ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်သွားရန်၊ အဝတ်အထည်များ၏ အရည်အသွေး တိုးတက် ကောင်းမွန်စေရေးအတွက် သုတေသနလုပ်ငန်းများနှင့် စစ်ဆေးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ အရည်အသွေးစစ်ဆေးထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အထောက်အကူပြု စက်ပစ္စည်းကိရိယာများကိုလည်း ပျက်စီးမှုမရှိအောင် စဉ်ဆက်မပြတ် စစ်ဆေးပြုပြင်ရန်၊ ပြည်တွင်းအဝတ်အထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းအားလုံးမှ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

Newspaper - 3157 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download