စက်သုံးဆီစနစ်တကျဖြန့်ဖြူး နိုင်ငံတော်နှင့် ပြည်သူအဆင်ပြေ


Ministry of Information/ Naypyitaw / April 29, 2026
image_latest


အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသယ်ယူပို့ဆောင်လျက်ရှိသော ဟော်မုဇ်ရေလက်ကြား၌ တင်းမာမှုများနှင့် ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ရာ ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့သည်။ ရေနံစိမ်းဈေးမြင့်တက်မှုနှင့်အတူ စက်သုံးဆီဈေးနှုန်းများလည်း လိုက်ပါမြင့်တက်ခဲ့ရာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများ၏ စက်သုံးဆီဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၌ ဂယက်ရိုက်ခတ်မှုများဖြစ်ပေါ်ပြီး အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှုမဖြစ်စေရေး ပုံမှန်ညှိနှိုင်း ကြီးကြပ်ဆောင်ရွက်ခဲ့သည့်အတွက် လိုအပ်သောစက်သုံးဆီများကို စဉ်ဆက်မပြတ် ဖြည့်တင်းနိုင်ခဲ့သည်။ စက်သုံးဆီများကို ပုံမှန်ဖြန့်ဖြူးရောင်းချပေးနိုင်လျက်ရှိသည့်အပြင် စနစ်တကျ စိစစ်သုံးစွဲနိုင်မှုကြောင့် ရက် ၆၀ စာ ဖူလုံမှုရှိသည်အထိ ဖြည့်တင်းသိုလှောင်နိုင်သည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။ ထို့အပြင် စက်သုံးဆီဖူလုံမှု အာမခံချက်ရရှိစေရေးအတွက် မိတ်ဆွေနိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးမှုများဆောင်ရွက်နိုင်ခဲ့ပြီး စက်သုံးဆီများအပြင် အခြားရေနံထွက်ပစ္စည်းများ တင်သွင်းနိုင်ရေးအတွက်လည်း သဘောတူညီမှုများ ရရှိထားသည်။

ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း များစွာတက်မသွားစေရေးအတွက် နိုင်ငံတော်အစိုးရက ကြပ်မတ်ထိန်းကျောင်း ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းများသည် အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက သင့်တင့်မျှတသော ဈေးနှုန်းများဖြစ်နေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းများသည် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများထက် ဈေးနှုန်းသက်သာနေသည်ကို တွေ့ရသည်။ ကုန်စည်ပို့ဆောင်ရေးယာဉ်များနှင့်ပတ်သက်၍ အခွန်အခများ ကင်းလွတ်ခွင့်ပြုထားသဖြင့် တစ်လီတာလျှင် ၅၇၅၂ ကျပ်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

မြန်မာနိုင်ငံသည် ရေနံစိမ်းများ အထိုက်အလျောက်ထွက်ရှိပြီး ရေနံချက်စက်ရုံများလည်းရှိသည်။ ရေနံစိမ်းကိုဝယ်ယူ၍ ကိုယ်တိုင်ချက်လုပ်နိုင်မည်ဆိုပါက ပြည်သူများ စက်သုံးဆီကို ပိုမိုချိုသာသောဈေးနှုန်းဖြင့် ဝယ်ယူခွင့်ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ရေနံချက်စက်ရုံအသစ်များ တိုးချဲ့တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ စက်ရုံအဟောင်းများကိုလည်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ရေနံစိမ်းကို လုံလောက်စွာထုတ်လုပ်လာနိုင်ပါက ပြည်သူများအနေဖြင့် စက်သုံးဆီနှင့်ပတ်သက်၍ ကြောင့်ကြမှုကင်းဝေးသွားမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းထုတ်စက်သုံးဆီများကို ပြည်သူများထံ တိုက်ရိုက်ဖြန့်ဖြူးပေးသည့်အနေဖြင့် မော်တော်ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များနှင့် အချို့မော်တော်ယာဉ်များကို RON 68 ဓာတ်ဆီတစ်ဂါလန်လျှင် ၁၇၂၅၂ ကျပ်ဖြင့်လည်းကောင်း၊ RON 72 ဓာတ်ဆီတစ်ဂါလန်လျှင် ၁၇၇၀၇ ကျပ်ဖြင့်လည်းကောင်း၊ တောင်သူလယ်သမားများအတွက် ဒီဇယ်ဆီတစ်ဂါလန်လျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့်လည်းကောင်း လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ဆက်လက်၍လည်း ရောင်းချပေးသွားရန် စီစဉ်ထားသည်။ လက်ရှိအခြေအနေတွင် ပြည်သူများအနေဖြင့် ရင့်ကျက်နားလည်မှုရှိသည့်စိတ်၊ ကိုယ်ချင်းစာစိတ်၊ အကောင်းမြင်စိတ်များဖြင့် အကြံဉာဏ်များပေးခြင်း၊ အသိပညာဗဟုသုတများ လူမှုကွန်ရက်ပေါ်မှမျှဝေပေးခြင်း၊ ပြည်သူလူထု ထိခိုက်နစ်နာစေသည့် အပြုအမူများတွေ့ရှိသည်နှင့် တစ်ပြိုက်နက် Call Center များသို့သတင်းပို့ခြင်း၊ မီဒီယာများအနေဖြင့် ပြည်သူလူထု ထင်ယောင်ထင်မှား အထိတ်တလန့်ဖြစ်စေမည့် ရေးသားဖြန့်ဝေခြင်းတို့ကို သတိထားဆောင်ရွက်လာကြသည့်အတွက် စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းစဉ်များသည် ယခုအခါ တည်ငြိမ်လာသည့်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်မည်ကိုစိုးရိမ်၍ တန်းစီဝယ်ယူစုဆောင်းခြင်းမျိုးမပြုလုပ်ကြပါရန်နှင့် သတ်မှတ်ထားသော ရောင်းချမှုစနစ်ဖြင့် ဝယ်ယူကြရန်လိုအပ်ပါသည်။ မိမိတို့ လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲခြင်းဖြင့် လူတစ်ဦးချင်းစီအတွက် အချိန်ကုန်လူပင်ပန်းမှု သက်သာစေမည့်အပြင် နိုင်ငံတော်၏ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချလာနိုင်မည်ဖြစ်သည့်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ မိဘပြည်သူများအကျိုးကိုရှေးရှု၍ အကောင်အထည်ဖော်နေသည့်လုပ်ငန်းစဉ်များတွင် ပိုမိုပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း။ ။

Newspaper - 3510 items

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download