စင်ကာပူ တာတိုဖလား ကနူး၊ ကယက်လှေလှော်ပြိုင်ပွဲ၌ ရွှေ ၁၀ ခု၊ ငွေ တစ်ခု၊ ကြေးလေးခု ဆွတ်ခူးရရှိခဲ့သည့်အောင်ပွဲရ မြန်မာလှေလှော်အဖွဲ့အား သောင်းသောင်းဖြဖြကြိုဆို
စင်ကာပူ တာတိုဖလား ကနူး၊ ကယက်လှေလှော်ပြိုင်ပွဲ၌ ရွှေ ၁၀ ခု၊ ငွေ တစ်ခု၊ ကြေးလေးခု ဆွတ်ခူးရရှိခဲ့သည့်အောင်ပွဲရ မြန်မာလှေလှော်အဖွဲ့အား သောင်းသောင်းဖြဖြကြိုဆို
Ministry of Information/ Naypyitaw / July 16, 2025

ရန်ကုန် ဇူလိုင် ၁၅
စင်ကာပူနိုင်ငံ၌ ဇူလိုင်၁၂ ရက်မှ ၁၃ ရက် အထိကျင်းပခဲ့သော စင်ကာပူတာတို ဖလား ကနူး၊ ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup) တွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ ကနူး၊ ကယက်လှေလှော် အားကစားအဖွဲ့သည် ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် လေးခု စုစုပေါင်းဆုတံဆိပ် ၁၅ ခုကို ထိုက်ထိုက်တန်တန် ဆုတံဆိပ်များ ရယူနိုင်ခဲ့သည်။
စင်ကာပူတာတိုဖလား ကနူး၊ ကယက်လှေလှော်ပြိုင်ပွဲတွင် စင်ကာပူ၊ ဩစတြေးလျ၊ ဟန်ဂေရီ၊ မြန်မာ၊ မလေးရှား၊ တရုတ်(တိုင်ပေ) ပြိုင်ပွဲဝင် နိုင်ငံပေါင်း ခြောက်နိုင်ငံမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်း ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲပထမနေ့တွင် အမျိုးသားကနူးတစ်ယောက်လှော် မီတာ(၁၀၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ U-18 အမျိုးသားတစ်ယောက်လှော် မီတာ (၁၀၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို လည်းကောင်း၊ U-18 အမျိုးသား ကနူးတစ်ယောက်လှော် မီတာ (၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုကို လည်းကောင်း၊ U-18 အမျိုးသား ကယက်တစ်ယောက်လှော် မီတာ(၅၀၀)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုကို လည်းကောင်း၊ ပြိုင်ပွဲဒုတိယနေ့တွင် အမျိုးသားကနူးနှစ်ယောက်လှော် မီတာ (၂၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကနူး လေးယောက်လှော် မီတာ (၂၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကနူးတစ်ယောက်လှော် မီတာ (၂၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုကိုလည်းကောင်း၊ U-18 အမျိုးသား ကနူးတစ်ယောက်လှော် မီတာ(၂၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသားကနူး တစ်ယောက်လှော်မီတာ (၅၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသား ကနူးနှစ်ယောက်လှော် မီတာ (၅၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသားကနူး လေးယောက်လှော် မီတာ (၅၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကယက် လေးယောက်လှော်မီတာ (၅၀၀) ပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုများကို လည်းကောင်း ဆွတ်ခူးရရှိခဲ့ကြပြီး နိုင်ငံအလိုက် ပထမရရှိခဲ့သည်။ အောင်ပွဲရအားကစားအဖွဲ့မှ အဖွဲ့ခေါင်းဆောင်၊ အသင်းအုပ်ချုပ် သူ၊ နည်းပြအပါအဝင် အားကစားသမားစုစုပေါင်း ၁၁ ဦးတို့သည် ယမန်နေ့ည ၁၀ နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားအထောက်အကူ ပြုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားသမားများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ သင်တန်းသား သင်တန်းသူများနှင့် မိဘပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3225 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။
