စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ်နှင့် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ်နှင့် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / February 03, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ်နှင့် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း မြို့နယ်၊ တကောင်းရပ်ကွက်ရှိ ရတနာပုံတံတား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးပူးပေါင်း စစ်ဆေးရေးဂိတ်၌ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမြို့မှ စစ်ကိုင်းမြို့ဘက်သို့ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်နေ ရှင်းသန့်ကို(၃၂)နှစ် မောင်းနှင်လာသည့် YGN-7/RLG-XXXX NISSAN X-TRAIL မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ရှင်းသန့်ကို အား စစ်ကိုင်းမြို့မရဲစခန်း (ပ)၆၀/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
အလားတူ ဖေဖော်ဝါရီ ၁ ရက် မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ကွက်၊ ဂန့်ဂေါကျောင်းလမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် စက်မှုဇုန်ရပ်ကွက်နေ ဖုန်းမြင့်နိုင်(၃၄)နှစ် မောင်းနှင်လာသည့် MDY-16/9P-XXXX HONDA INSIGHT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဖုန်းမြင့်နိုင် အား မုံရွာနယ်မြေ ရဲစခန်း (ပ)၂၆/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
ထို့အတူ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က တာချီလိတ်မြို့နယ်၊ ဆေခမ်းရပ်ကွက်၊ မြို့ဝင်ဆိုင်းဘုတ် အနီး၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါရပ်ကွက်နေ ငြိမ်းချမ်းအောင်(၃၀)နှစ် မောင်းနှင်လာသည့် SHN-12/3K-XXXX TOYOTA WISH မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်၍ အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ငြိမ်းချမ်းအောင် အား ဟောင်လိတ်နယ်မြေ ရဲစခန်း (ပ)၁၄/ ၂၀၂၆၊ ပို့ကုန်းသွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
ထို့အတူ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ တာချီလိတ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းဖွဲ့က တာချီလိတ်မြို့နယ်၊ ဆေခမ်းရပ်ကွက်၊ လေယာဉ်ကွင်းလမ်းဆုံ၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရန်အောင်မြေရပ်ကွက်နေသူများ ဖြစ်ကြသည့် စိုင်းစိုင်း(ခ)စိုင်းဟန်လင်းဦး(၃၀)နှစ် မောင်းနှင်ပြီး အိုက်ကိန်း(၂၈)နှစ် လိုက်ပါလာသည့် SHN-7/1P-XXXX TOYOTA ALPHARD မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စိုင်းဟန်လင်းဦးနှင့် အိုက်ကိန်းတို့ နှစ်ဦးအား ဟောင်လိတ် နယ်မြေရဲစခန်း (ပ)၁၅/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
ထို့အတူ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဟောင်လိတ် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်၊ ရွှေမိသားစုဟိုတယ်အနီး၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဆန်ဆိုင်း(ခ)ရပ်ကွက်နေ မြင့်လွင်(၄၅)နှစ် မောင်းနှင်ပြီး ဝိန်းကျောက်ရပ်ကွက်နေ အားဂျာ(၂၅)နှစ် လိုက်ပါလာသည့် SHN-12/ 2M-XXXX TOYOTA FORTUNER မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့် ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မြင့်လွင်နှင့် အားဂျာတို့ နှစ်ဦးအား ဟောင်လိတ်နယ်မြေ ရဲစခန်း (ပ)၁၆/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။
Newspaper - 3430 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
