စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / November 24, 2024
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက် နံနက် ၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာလမ်းဆုံတွင် ကလေးဝမှ ကလေးဘက်သို့ စိန်လွင် မောင်းနှင်ပြီး ချစ်စန်းကို လိုက်ပါလာသည့် FUSO ၁၂ ဘီး ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘိန်းဖြူ ၅၀ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့တွင် မန္တလေးမှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချခဲ့ကြသည့် မြင့်နိုင်ဦး(ခ)မောင်စိုးနှင့် ဇော်ဝင်းထွန်း(ခ)နိုင်ဝင်းထွန်း (ခ)နားကားတို့အား မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်ရှိ နေအိမ်တွင်လည်းကောင်း၊ ဘရန်မွန်း(ခ)ဇော်တန်အား မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်တွင်လည်းကောင်း၊ ရန်နိုင်အား မဟာအောင်မြေမြို့နယ်၊ စင်္ကြာနွယ်စဉ်ရပ်ကွက်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီတွင် အဆိုပါ မူးယစ်ဆေးဝါးများအား ကလေးမြို့တွင် လက်ခံသိုလှောင်၍ မြန်မာ-အိန္ဒိယနယ်စပ်သို့ တင်ပို့ရောင်းချသူများဖြစ်ကြသည့် လားထန်ပွီးယာအား ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ(၁၀)တွင် တစ်ဖက်နိုင်ငံမှ တရားမဝင်တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်နှင့်လည်းကောင်း၊ သောက်နယ်လွယ် (ခ)ပုသောက်အား ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ(၁၃)ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၄၁၂ ကီလို၊ ဘိန်းဖြူ ၀ ဒသမ ၄၃ ကီလိုနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ နိုဝင်ဘာ ၆ ရက်တွင် မန္တလေးမှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများ တင်ပို့ခဲ့သည့် ဝင်းဌေးအောင်အား ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့၍ ၎င်းတင်ပို့ခဲ့သည့် မူးယစ်ဆေးဝါးများအား လက်ခံသိုလှောင်ထားသည့် လှမိုး(ခ)ဆန်းလွင်အား ကလေးမြို့၊ လှိုင်သာယာရပ်ကွက်ရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်တွင် ဘိန်းဖြူ ၁၃ ဒသမ ၂ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများအား မန္တလေးမြို့တွင် တစ်ဆင့် ပြန်လည်ရောင်းချသူမှာ ရော်ကျိန်ရန်(ခ)အားဟွိုက်ဖြစ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာတွင် ငွေကြေးလွှဲပြောင်းလက်ခံဆောင်ရွက်ပေးသူမှာ ၎င်း၏ဇနီး မအားမိန်ဖြစ်ကြောင်း သိရှိရသဖြင့် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်နေ စိုးဝင်း၏ အစီအမံဖြင့် မူးယစ်ဆေးဝါးများ မန္တလေးတွင် လက်ခံသိုလှောင်ဖြန့်ဖြူးပို့ဆောင်ပေးသူ ရဲဇော်အောင်(ခ)အားဖအား ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာ ရပ်ကွက်ရှိနေအိမ်၌ ဘိန်းဖြူ ၈၉ ဒသမ ၈ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ဒသမ ၀၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၃ တန်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးမြို့သို့ သယ်ဆောင်ပြီး ထိုမှတစ်ဆင့် ကလေးမြို့တွင်သိုလှောင်၍ မြန်မာ-အိန္ဒိယနယ်စပ်တွင် တစ်ဖက်နိုင်ငံမှ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူများနှင့် ချိတ်ဆက်သယ်ဆောင် ရောင်းဝယ်ခဲ့ကြောင်းနှင့် အလားတူ ထိန်းချုပ်ဓာတုပစ္စည်းများ တစ်ဖက်နိုင်ငံမှ တရားမဝင်တင်သွင်းခဲ့ကြသည့် မူးယစ်မှောင်ခိုဂိုဏ်း အဖွဲ့ဝင် ၂၁ ဦးအား ဖော်ထုတ်နိုင်ခဲ့၍ ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper - 2991 items
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download