စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် သမိုင်းမှတ်တမ်းကောင်းရေးထိုး
စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် သမိုင်းမှတ်တမ်းကောင်းရေးထိုး
Ministry of Information/ Naypyitaw / January 15, 2025
ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီးချိန်မှစ၍ နိုင်ငံဖြစ်တည်မှု ပထဝီမြေအနေအထားအရ နိုင်ငံတော်လုံခြုံရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်သည် ခေတ်အဆက်ဆက်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးကို တစိုက်မတ်မတ် တာဝန်ထမ်းဆောင်ခဲ့သည်။
လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခဲ့ပြီး ပြည်ထောင်စုကြီး၏ သမိုင်းကြောင်းအစဉ်အဆက်အရ ရှေးပဝေသဏီကာလများကတည်းက အတူတကွ ပေါင်းစည်းနေထိုင်ခဲ့ကြပြီး ပြည်နယ်များ၊ တိုင်းဒေသကြီးများ စုပေါင်းတည်ဆောက်ထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် တပ်မတော်က အသက်၊ သွေး၊ ချွေးပေးဆပ်ကာ ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ တပ်မတော်သည် ခေတ်သမိုင်းအဆက်ဆက်တွင် ပြည်ထောင်စုကြီး ထိခိုက်ပျက်စီးစေနိုင်သောအခြေအနေများ ပေါ်ပေါက်လျှင် သမိုင်းပေးတာဝန်အရ တာဝန်ယူဆောင်ရွက်ခဲ့ရသည်။
တပ်မတော်သည် ဒီမိုကရေစီစနစ်ကို လမ်းခင်းပုံဖော်ပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် အဆိုပါမဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့သည့်အပြင် နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မရယူရန် လုပ်ဆောင်လာခဲ့သောကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်သည် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော်တာဝန် စတင်ထမ်းဆောင်စဉ် အစောပိုင်းကာလများ၌ ဆူပူဆန္ဒပြမှုများသာရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပြည်ပမှ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် အကြမ်းဖက်အဖွဲ့များဖွဲ့စည်းကာ နိုင်ငံအတွင်း လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် နည်းလမ်းမျိုးစုံ လုပ်ကိုင်လာကြသည်။
တပ်မတော်အနေဖြင့် အဆိုပါဖြစ်စဉ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်၏ အဓိကကာကွယ်ရေးအင်အားစုဖြစ်သည့် တပ်မတော်နှင့် ပြည်သူကို သွေးကွဲအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်တွင် မည်သို့သောအခြေအနေရှိသည်ဖြစ်စေ တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် နိုင်ငံတော်အစိုးရနှင့် နိုင်ငံသားများက အသိအမှတ်ပြု ဂုဏ်ယူလျက်ရှိသည်။
တပ်မတော်အနေဖြင့် စစ်မှန်သည့်အမျိုးသားရေးတာဝန်ကိုသာ ရှေးရှုပြီး တိုင်းပြည်နှင့် လူမျိုးအကျိုးကို သယ်ပိုးခဲ့သည်မှာ သမိုင်းကြောင်း သက်သေများရှိခဲ့ ပြီးဖြစ်သည်။ “ယခု မိမိတို့တပ်မတော်၏ နိုင်ငံ့အရေးတာဝန်များကို ထမ်းဆောင်နေမှုများသည် သမိုင်းများပင်ဖြစ်သဖြင့် သမိုင်းမှတ်တမ်းကောင်းကို ရေးထိုးနိုင်ရမည်ဖြစ်ကြောင်း၊ လက်ရှိ ပြည်တွင်း၊ ပြည်ပအန္တရာယ်များ၊ ဝင်ရောက်စွက်ဖက်မှုများနှင့် ကြုံတွေ့နေရချိန်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသူများအားလုံး၏ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တာဝန် ထမ်းဆောင်နေမှုများကိုလည်း မိမိအနေဖြင့် အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ အသက်ခန္ဓာဆုံးရှုံးခဲ့ကြရသကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားသည့် လမ်း၊ တံတားများ၊ စက်ရုံ၊ အလုပ်ရုံများ၊ အဆောက်အအုံများ များစွာပျက်စီးဆုံးရှုံး ထိခိုက်ခဲ့ရသည်။ ထိုသို့ နိုင်ငံတော်အနေဖြင့် ထိခိုက်နစ်နာရသကဲ့သို့ ပြည်သူတစ်ဦးချင်းအနေဖြင့်လည်း လူမှုစီးပွားဘဝများ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသည်။ နိုင်ငံတော်ထိခိုက်ပျက်စီးခြင်းကြောင့် ပြည်သူများလည်း ထိခိုက်ပျက်စီးစေပြီး ပြည်သူများ ထိခိုက်ပျက်စီးပါကလည်း နိုင်ငံတော် ထိခိုက်ပျက်စီးခြင်းသာဖြစ်၍ နိုင်ငံတော်နှင့် ပြည်သူကို တပ်မတော်က ကာကွယ်စောင့်ရှောက်လျက်ရှိသည်။
သို့ဖြစ်ရာ ယခုကာလ၌ ပေါ်ပေါက်လျက်ရှိသည့် အကြမ်းဖက်ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သောအင်အားများဖြင့် ကာကွယ်ရှင်းလင်းဖယ်ရှားကြရမည်ဖြစ်ပြီး ဒေသအသီးသီး၌ အကြမ်းဖက်တိုက်ခိုက်မှုများမရှိစေရေး၊ လက်နက်ကိုင်၍ ပြည်သူလူထုကို အနိုင်ကျင့်မှုများမရှိစေရေး၊ နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးတာဝန်များကို စည်းလုံးညီညွတ်မှုဖြင့် သမိုင်းမှတ်တမ်းကောင်း ရေးထိုးကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3067 items
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download