စည်းလုံးညီညွတ်မှုစုပေါင်းစွမ်းပကား အခက်အခဲမှန်သမျှကျော်ဖြတ်သွား
စည်းလုံးညီညွတ်မှုစုပေါင်းစွမ်းပကား အခက်အခဲမှန်သမျှကျော်ဖြတ်သွား
Ministry of Information/ Naypyitaw / April 05, 2026
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ ခက်ခဲကြမ်းတမ်းသော ခရီးလမ်းအမျိုးမျိုးတို့ကို ယနေ့ထက်တိုင်ဖြတ်သန်းနေရသည်။ လူတို့ကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များနှင့် သဘာဝကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များ စသည့်အန္တရာယ်အမျိုးမျိုးတို့ကို ရင်ဆိုင်ကြုံတွေ့ခံစားကြရသော်လည်း နိုင်ငံတော်အစိုးရနှင့် ပြည်သူများ၏ စည်းလုံးညီညွတ်မှု စုပေါင်းစွမ်းပကားများဖြင့် အခက်အခဲမှန်သမျှကို အောင်မြင်စွာကျော်ဖြတ်၍ ရှေ့ခရီးအား ဆက်လက် ချီတက်ကြသည်ကို တွေ့ရမည်ဖြစ်သည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများအပြင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေရှိသည့် စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍစုံတွင် လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်စွမ်းတို့ကို အခြေခံတွက်ချက်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ဘေးဖြစ်နိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်း ၂၀၂၅ (World Risk Index)တွင် မြန်မာနိုင်ငံအား အဆင့် ၆ နေရာ၌ သတ်မှတ်ထားသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံ၏ ပကတိအခြေအနေ၌လည်း ဘေးဖြစ်နိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများရှိနေသည်ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ကဏ္ဍတိုင်းတွင်ထည့်သွင်းပြီး အထူးသတိပြု လိုက်နာဆောင်ရွက်နေသည်ကိုလည်း မြင်တွေ့ရပါသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့သည့် ငါးနှစ်တာကာလအတွင်း လူတို့ကြောင့်ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များသာမက ၂၀၂၀ ပြည့်နှစ်မှစတင်၍ ကမ္ဘာတစ်ဝန်းဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကူးစက်ရောဂါဘေး၊ ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း၌ ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းဘေးနှင့်၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ ထိခိုက်ခံစားခဲ့ရသည့် မန္တလေးငလျင်ဘေးတို့ကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ပြည်တွင်း၊ ပြည်ပပေါင်းစည်းညီညွတ်သော စုပေါင်းစွမ်းအားဖြင့် ရင်ဆိုင်ဖြတ်ကျော်နိုင်ခဲ့သည်။ အဆိုပါ ဘေးအန္တရာယ်အမျိုးမျိုးတို့ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးစေခဲ့သည်သာမက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အဟန့်အတားဖြစ်စေခဲ့သည်တို့ကို ပြန်လည်တည်ဆောက်လျက်ရှိသည်။
မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်ရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ထိုသို့ကြိုးပမ်းတည်ဆောက်ရာတွင်လည်း နိုင်ငံတော်အစိုးရ၏ အင်အားတစ်ခုတည်းဖြင့် မလုံလောက်ဘဲ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနည်းလမ်းဖြင့် ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ဘေးအန္တရာယ်အမျိုးမျိုး၊ အခက်အခဲ အမျိုးမျိုး ရင်ဆိုင်ရချိန်တိုင်းတွင် “We are Stronger, We are Together” ဟူသည့် စိတ်ဓာတ်ခံယူချက်ဖြင့် ကြံ့ကြံ့ခံကျော်လွှားပေးခဲ့ကြသကဲ့သို့ အနာဂတ်ကာလ နိုင်ငံ၏မျက်နှာစာသစ် ဖွင့်လှစ်မှုခရီးတွင်လည်း အလားတူစိတ်ခွန်အားသစ်များကို ဆက်လက်မွေးမြူပြီး နိုင်ငံတော်နှင့် ပြည်သူကြည်ဖြူစွာလက်တွဲ ရင်ဆိုင်ဖြတ်ကျော် သွားကြရန်”မှာကြားခဲ့သည်။
အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပြည်သူ များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့ရုံသာမက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအား ကြီးမားစွာထိခိုက်ခဲ့သော်လည်း မြန်မာလူမျိုးများ၏ ပြင်းပြသည့်စိတ်ဓာတ်နှင့် ကြံ့ကြံ့ခံနိုင်သည့်ခွန်အား၊ စည်းလုံးညီညွတ်မှု စွမ်းပကားများကြောင့် အခက်အခဲအဟန့်အတားများကို အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားဖြတ်ကျော်နိုင်ခဲ့သည်။ နိုင်ငံတော်အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ရေတိုရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိရာ မူလအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် ပြန်လည်ထူထောင်မှု ဖြစ်စေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ ချန်လှပ်မှုမရှိစေရေးတို့ကို အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုနှင့် လူမှုကာကွယ်ရေး၊ အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေး၊ စီးပွားရေးပြန်လည်ရှင်သန်ရေးနှင့် ကြံ့ကြံ့ခံပြီး ခြုံငုံမှုရှိသည့် ပြုပြင်ပြောင်းလဲမှုများဖြစ်ရေး စသည့် မဟာဗျူဟာမြောက် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် ဆောင်ရွက်ခဲ့သည်။
သို့ဖြစ်ရာ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် နိုင်ငံနှင့်လူမျိုးအတွက် သင်ခန်းစာများသာမက စိတ်ဓာတ်ခွန်အားများပါရရှိခဲ့သည်။ အနာဂတ်ကာလတွင် သဘာဝ ဘေးအန္တရာယ်များအပါအဝင် နိုင်ငံတော်အပေါ်တွင် ကျရောက်လာမည့် အန္တရာယ် ရန်စွယ် အခက်အခဲမှန်သမျှကို စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းရင်ဆိုင်သည့် စွမ်းပကားများဖြင့် ကြံ့ကြံ့ခံနိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးကို ဆက်လက်တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3491 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
