စာပေဖြင့်ကောင်းကျိုးဆောင်ကြဉ်း စာဖတ်ခြင်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်


Ministry of Information/ Naypyitaw / June 17, 2025
image_latest


“စာပေသည် လူမျိုး၏ ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်ပြီး စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံပြင်ဖြစ်ကြောင်း၊ စာအုပ်စာပေသည် လူသားများအတွက် မိတ်ဆွေကောင်းဖြစ်ပြီး စာပေမြင့်လာသည်နှင့်အမျှ လူမျိုးလည်း တင့်တယ်ဝင့်ကြွားလာမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျင်းပသည့် (၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ဆုနှင်းသဘင်အခမ်းအနားတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စာပေဗိမာန်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စာပေဖတ်ရှုမှုကို အလေးထားကာစာပေကို မြတ်နိုးတန်ဖိုးထားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ စာပေသည် နိုင်ငံနှင့် လူမျိုးအတွက် အသက်ဖြစ်သဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်က လူငယ်များအနေဖြင့် စာအုပ်စာပေဖတ်ရှုကြရန် အစဉ်အမြဲတိုက်တွန်းလျက်ရှိသည်။ နိုင်ငံတော်က လူငယ်များ စာပေဖတ်ရှုကြသည့် အလေ့အထဖြစ်ပေါ်လာရန် စာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာပေဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာစေရန် အစဉ်အမြဲဖန်တီးဖော်ဆောင်ပေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။

ပြည်သူများကလည်း နေ့စဉ်လူမှုဘဝတွင် ကောင်းသောတွေးတောဆင်ခြင်မှုနှင့် ကောင်းသောအမှုများ လုပ်ဆောင်နိုင်ရန်အတွက် စာပေအမျိုးမျိုးကို အခါအခွင့်သင့်သလို ဖတ်ရှုလေ့လာရန် လိုအပ်သည်။ လက်ရှိအနေအထားတွင် စာအုပ်စာပေဖွံ့ဖြိုးရေးအတွက် အခက်အခဲများရှိသော်လည်း စာဖတ်သူများအနေဖြင့် မဖတ်ရသေးသည့် စာအုပ်မှန်လျှင် အသစ်ဟူသောသဘောဖြင့် လွယ်လင့်တကူဖတ်ရှုနိုင်သည့် စာအုပ်ဆိုင်များနှင့် စာကြည့်တိုက်များရှိနေပြီဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုလျော့နည်းနေသောကာလ၌ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့် စာကောင်းပေမွန်တို့ကို လေ့လာဖတ်ရှုခြင်းဖြင့် ကောင်းကျိုးများကို ဆောင်ကြဉ်းနိုင်ပေသည်။

မျက်မှောက်ကာလတွင် ခေတ်နှင့်အညီတိုးတက်လာသော ဆန်းသစ်သည့် နည်းပညာများ ပေါ်ထွန်းလာမှုကြောင့် မြန်မာနိုင်ငံအနေဖြင့် စာအုပ်စာပေဖွံ့ဖြိုးမှုနှင့် စာဖတ်သည့်အလေ့အထ အားနည်းသွားသော်လည်း ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် စာအုပ်စာပေဖွံ့ဖြိုးမှုနှင့် စာအုပ်စာပေဖတ်ရှုသည့် အလေ့အထများ အားကောင်းနေဆဲဖြစ်သည်။ စာပေဖတ်ရှုခြင်း၏ အကျိုးရလဒ်သည် တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးစီးပွားဖြစ်ထွန်းစေသဖြင့် နည်းပညာများ မည်သို့ပင်တိုးတက်သော်လည်း စာဖတ်သည့်အလေ့အထများ ပြန်လည်ထွန်းကားအောင် ကြိုးပမ်းဆောင်ရွက်သင့်ပေသည်။ မြန်မာနိုင်ငံတွင် စာဖတ်သည့်အလေ့အထများ အားနည်းလာခြင်း၏ အကျိုးရလဒ်များကို မြင်တွေ့နေရသည်။

အတန်းပညာတတ်မြောက်မှုအားနည်းခြင်း၊ အသိအမြင်နှင့် တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့် အကြမ်းဖက်လုပ်ရပ်များအထိ လုပ်ဆောင်လာကြသဖြင့် ဒေသနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများပါ ထိခိုက်လာသည်ကို တွေ့ရသည်။ စာဖတ်ခြင်းအကျိုးကျေးဇူးကြောင့် မှန်ကန်သောအသိအမြင်အတွေးအခေါ်များ ပြန်လည်ရရှိပြီး တိုင်းပြည်နှင့် လူမျိုးအကျိုးကို ဆက်လက်သယ်ပိုးထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များရှိသည်။ တစ်ဖက်တွင်လည်း စာမဖတ်ခြင်းအကျိုးရလဒ်ကြောင့် အမှားအမှန်မခွဲခြားနိုင်ဘဲ လမ်းမှားရောက်သွားကြသူများလည်းရှိသည်။ စာဖတ်ခြင်းသည် လူတစ်ဦးချင်းအလိုက် ကောင်းကျိုးများကို ဆောင်ကြဉ်းပေးနိုင်ပြီး အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည့် အသိပညာနှင့် အတွေးအခေါ်များ ရရှိစေနိုင်သည်။

အထူးသဖြင့် လူငယ်လူရွယ်များအား ငယ်ရွယ်စဉ်အချိန်ကတည်းက စာဖတ်ခြင်းအလေ့အထကောင်းများ ပျိုးထောင်ပေးရန်အတွက် ကျောင်းစာကြည့်တိုက်များ အသင့်ရှိနေပြီဖြစ်သည်။ ကျောင်းစာကြည့်တိုက်နှင့် ပတ်သက်၍ ကျောင်းသား ကျောင်းသူများ၏ အသက်အရွယ်နှင့်ကိုက်ညီသည့် စာအုပ်များထားရှိရန်လိုပြီး ကျောင်းသား ကျောင်းသူများနှင့်မသက်ဆိုင်သည့် စာအုပ်စာပေများ မထားရှိရန်လိုကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည်။ ကျောင်းသား ကျောင်းသူများ သုတ၊ ရသစာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ တိုးပွားလာပြီး ၎င်းတို့ဘဝအတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။ အတန်းပညာကို သင်ကြားမှုမှရရှိသကဲ့သို့ အသိပညာကို စာအုပ်စာပေများဖတ်ရှု ခြင်းမှရရှိနိုင်သည်။ ကြုံတွေ့ခဲ့ရသည့် ဘဝအတွေ့အကြုံများ၊ စာပေဖတ်မှတ်ခြင်းမှ ရရှိသည့် အသိအမြင်များကိုလည်း မျိုးဆက်သစ်များအား ပြန်လည်မျှဝေပေးကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ စာပေသည် လူမျိုး၏ ယဉ်ကျေးမှုမဏ္ဍိုင်၊ စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံ၊ စာအုပ်စာပေသည် လူသားများအတွက် မိတ်ဆွေကောင်းဖြစ်၍ စာအုပ်စာပေဖွံ့ဖြိုးရေးနှင့် စာဖတ်သည့် အလေ့အထများ တိုးတက်ရှင်သန်ထွန်းကားရေးအတွက် ပါဝင်ကြိုးပမ်းဆောင်ရွက်ကြကာ စာပေဖြင့် ကောင်းကျိုးဆောင်ကြဉ်းပြီး နိုင်ငံနှင့် လူမျိုးဂုဏ်ကို မြှင့်တင်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

Newspaper - 3196 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download