စာပေမှရရှိသည့် အသိပညာဗဟုသုတ မိမိ၊ ဒေသ၊ နိုင်ငံအကျိုးသယ်ပိုး


Ministry of Information/ Naypyitaw / January 31, 2025
image_latest


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ဆောင်ရွက်နေသော လူမှုရေးဦးတည်ချက်တွင် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး အချက်များပါဝင်သည်။

ယင်းတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရေးနှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေပေးနိုင်ရေး လုပ်ငန်းစဉ်များကို နိုင်ငံတစ်ဝန်းရှိ ပညာရပ်ဝန်းများ၌ လှုပ်ရှားဆောင်ရွက်နေကြသည်ကို မကြာခဏမြင်တွေ့နေရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက အဆိုပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို တောင်ကြီးမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်ကို မြင်တွေ့ရသည်။

မျက်မှောက်ကာလတွင် ကမ္ဘာပေါ်ရှိနိုင်ငံများသည် ပညာကိုအခြေခံသည့် အသိပညာ၊ အတတ်ပညာများနှင့် ဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောသည့် လူ့ဘောင်အသိုက်အဝန်းများကို တည်ဆောက်နေကြသည်။ လူတိုင်း လူတိုင်းသည် အသိပညာ ဗဟုသုတများကို အပတ်တကုတ်ရှာမှီးကြပြီး မိမိတို့ဘဝ၊ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့ နိုင်ငံကို လှပအောင် ဖန်တီးနေကြသည်။ အထူးသဖြင့် တိုင်းပြည်၏အနာဂတ်ကို ကိုယ်တိုင်ဖန်တီးတည်ဆောက်နိုင်မည့် မျိုးဆက်သစ်လူငယ်လူရွယ်များက အသိပညာဗဟုသုတများကို ကြိုးပမ်းရှာဖွေဆည်းပူးပြီး မိမိတို့၏ဘဝ တိုးတက်မြင့်မားလာစေရန်နှင့် မိမိတို့၏နိုင်ငံတိုးတက်ကောင်းမွန်လာစေရန်အတွက် နိုင်ငံတော်၏ အားပေးမြှင့်တင်ပေးမှုနှင့်အတူ ကိုယ်စီကိုယ်စီ ကြိုးပမ်းဆောင်ရွက်နေကြသည်ကို တွေ့ရသည်။

ယနေ့ကာလတွင် မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များကြား၌ မှန်ကန်သော၊ တိုးတက်ရာတိုးတက်ကြောင်းဖြစ်စေသော အသိပညာ၊ အတတ်ပညာများနှင့် အသိအမြင်ဗဟုသုတများ တန်ဖိုးထားလိုလားသူများနှင့် အတွေးအခေါ်အယူအဆလွဲမှားပြီး လမ်းမှားရောက်နေကြသော လူငယ်လူရွယ်များရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် လူငယ်လူရွယ်ထုတစ်ရပ်လုံး လမ်းမှန်ပေါ်သို့ရောက်ရှိပြီး မှန်ကန်သော အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများတိုးပွားလာစေရန်အတွက် နိုင်ငံတစ်ဝန်းလုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ ပညာရပ်ဝန်းများဖြစ်ပေါ်လာစေရေးကို နိုင်ငံတော်က ဦးဆောင်ဦးရွက်ပြုပြီး ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စာပေလေ့လာဖတ်ရှုရန်၊ စာပေမှရရှိသော အသိပညာများကို မှတ်သားရန်နှင့် အခြားသူများကိုလည်း ပြန်လည်ဆွေးနွေးမျှဝေပေးကြရန် မှာကြားထားသည်။ စာပေလေ့လာဖတ်ရှုခြင်းသည် မိမိတို့၏ ကိုယ်ခံအားများကောင်းလာစေရန် ဝမ်းစာများ ရှာမှီးသိုလှောင်နေခြင်းဖြစ်သည်။ ဝမ်းစာပြည့်နေသော လူငယ်လူရွယ်များအနေဖြင့် အရေးအကြောင်း၊ အခွင့်အခါပေါ်ပေါက်လျှင် မှန်ကန်သောဆင်ခြင်တုံတရားရှိပြီး မှန်ကန်စွာပြောဆို ဆွေးနွေးဆုံးဖြတ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ မိမိနိုင်ငံအကျိုးကို အကောင်းဆုံးဖြစ်အောင် သယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပညာအမွေရယူနိုင်မည့် စာကြည့်တိုက်များကို အသိပညာများ သိုလှောင်ထားသည့် ပညာဘဏ်တိုက်များအဖြစ်ရှုမြင်ပြီး တန်ဖိုးထားအသုံးချစေချင်သည်။ သို့မှသာ မိမိတို့ဝမ်းစာပြည့်ဝပြီး မိမိအကျိုး၊ နိုင်ငံအကျိုးကို စွမ်းရည်ထက်မြက်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။

စာအုပ်စာပေဟူသည် မဖတ်ရသေးလျှင် အသစ်ဖြစ်သည်ဟု သဘောထားပြီး ဖတ်မှတ်လေ့လာစေလိုသည်။ စာမတတ်သူသည် ထိုင်နေသူနှင့်တူပြီး စာတတ်ပြီး စာမဖတ်သူမှာ ရပ်နေသူနှင့်တူသည်၊ စာတတ်ပြီး စာပေဖတ်ရှုလေ့လာသူဖြစ်မှသာ လမ်းလျှောက်နေသည့်လူနှင့်တူသည်ဟု နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားသည်။ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအနေဖြင့် စာတတ်သူများဖြစ်ကြသော်လည်း စာမဖတ်ပါက ရပ်နေသူနှင့်တူမည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအနေဖြင့် စာလည်းတတ် စာလည်းဖတ်ပြီး အသိဉာဏ်ပညာပြည့်ဝစွာဖြင့် တိုးတက်သောအနာဂတ်ကို လျှောက်လှမ်းကြရမည်ဖြစ်သည်။ ကျောင်းပညာကို အဆက်မပြတ် အဆင့်ဆင့်တက်လှမ်း ကြိုးပမ်းသင်ယူ၍ တစ်ဖက်တွင် စာကောင်းပေကောင်း အမျိုးမျိုးတို့ကို ဖတ်ရှုလေ့လာပြီးရရှိလာသော အသိဉာဏ်ပညာများဖြင့် မိမိအကျိုး၊ မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုးကို ထိရောက်စွာဆောင်ရွက်ကြသူများဖြစ်စေရန် တိုက်တွန်းအပ်ပါကြောင်း။ ။

Newspaper - 3488 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download