စိုက်ပျိုးမွေးမြူရေးဆိုင်ရာ AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး
စိုက်ပျိုးမွေးမြူရေးဆိုင်ရာ AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး
Ministry of Information/ Naypyitaw / August 22, 2025

နေပြည်တော် ဩဂုတ် ၂၁
စိုက်ပျိုးမွေးမြူရေးဆိုင်ရာ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က သမားရိုးကျစိုက်ပျိုးမွေးမြူရေးမှ နည်းပညာသစ်များ အသုံးပြုထုတ်လုပ်သော Agriculture Transformation ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း၊ သီးနှံ ၁ဝ မျိုးအနက် ပထမဆုံးအနေဖြင့် စပါးသီးနှံ ရောဂါပိုးမွှားကျရောက်ခြင်းကို တောင်သူများကိုယ်တိုင် AI နည်းပညာအသုံးပြု၍ ရောဂါပိုးမွှားအမျိုးအစား ခွဲခြားနိုင်ရန်ဖြစ်ကြောင်း၊ စပါးသီးနှံပြီးပါက ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများ ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍတွင်လည်း တိရစ္ဆာန်များ၌ ကျရောက်တတ်သည့်ရောဂါများနှင့် ကုသရေးနည်းလမ်းများကို မွေးမြူရေးတောင်သူများ အလွယ်တကူသိရှိ နိုင်ရန်နှင့် AI အသုံးပြု နည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနရှစ်ခု၊ တက္ကသိုလ်နှစ်ခုတို့မှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်
Newspaper - 3262 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ ၊ သြဂုတ် ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 22, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက် ၊ သြဂုတ် ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 21, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက် ၊ သြဂုတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၁၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၁၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက် ၊ သြဂုတ် ၁၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် ၊ သြဂုတ် ၁၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 14, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download