စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်ရေးနှင့် အသားငါးကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်


Ministry of Information/ Naypyitaw / January 11, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများ၊ ပဲမျိုးစုံ၊ ရော်ဘာ၊ ကော်ဖီစိုက်လုပ်ငန်းရှင်များ၊ ကြက်၊ ဘဲ မွေးမြူရေးလုပ်ငန်း ရှင်များနှင့်တွေ့ဆုံ၍ ဧရာဝတီတိုင်းဒေသကြီး၏ လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမှာကြားသည်။

ဆွေးနွေးမှာကြား

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးတွင် စပါးတစ်ဧကချင်း ပန်းတိုင်အထွက်နှုန်း ရရှိရေးကြိုးပမ်းကြရန်၊ စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်ရေးနှင့် အသားငါးကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်ရန်၊ ဒေသတစ်ခုချင်းစီဖွံ့ဖြိုးတိုးတက်ရေးနှင့် စာရင်းဇယားများ မှန်ကန်စွာကောက်ခံ တင်ပြနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဧရာဝတီရေလုပ်ငန်းကုမ္ပဏီလီမိတက် အအေးခန်းစက်ရုံ၏ ပုစွန်နှင့်ကျားပုစွန် တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တွေ့ဆုံ၍ သီးနှံများပန်းတိုင်အထွက်နှုန်း ရရှိရေး၊ လယ်ယာသားငါးကုန်ထုတ် လုပ်မှုကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား (MSMEs)လုပ်ငန်းများ ဖွံ့ဖြိုးရေး ညှိနှိုင်းဆွေးနွေးကြသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် ဒုတိယဝန်ကြီးသည် ပန်းတနော်မြို့နယ် ပသွယ်ကျေးရွာအုပ်စုရှိ မွေးမြူရေးသုတေသနဦးစီးဌာန မွေးမြူရေးသုတေသနစခန်း(ပန်းတနော်)၌ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သည့် ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးစိတ်များ စမ်းသပ်သုတေသနပြုနေမှု၊ ဥတို ကျေးရွာရှိ ထူးထက်ဟန်ကုမ္ပဏီ လီမိတက်၏ အသားတိုးဝက်နှင့် တီလားပီးယား ငါးမွေးမြူထုတ်လုပ် ရောင်းချနိုင်ရေး ဆောင်ရွက်နေမှု နှင့် ညောင်တုန်းမြို့နယ် ရွှေနင်္ဂါးမင်းကုမ္ပဏီလီမိတက်၏ ငါးကြင်းနှင့်ငါးတန်များ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (၉)မိုင်အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့်နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံနေကြာနှင့် ပဲမျိုးစုံစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3040 items

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ January 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်၊ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download