စွမ်းအင်ဝန်ကြီးဌာန ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ အတွက် တိုးတက်ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / June 05, 2025
image_latest


နေပြည်တာ် ဇွန် ၄

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Myanmar Kinsanar Co.,Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ တွင် ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို စွမ်းအင်ဝန်ကြီးဌာန နေပြည်တော်တွင် ယနေ့နံနက်ပိုင်းကကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ရုံးညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် Myanmar Kinsanar Co.,Ltd. မှ တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကနိုင်ငံတော်၏ အဖိုးတန်စွမ်းအင်သယံဇာတများကို စနစ်တကျထုတ်ယူသုံးစွဲခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းတို့သည် စွမ်းအင်ဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ “ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံ သို့” ဟူသည့်ဆောင်ပုဒ်နှင့်အညီ လုပ်ငန်းအစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားရေနံလုပ်ငန်းရှင်များနှင့်ပူးပေါင်းဆောင်ရွက် ခြင်းလည်းပါဝင်ပါကြောင်း၊ မြေအောက်၊ ရေအောက်စွမ်းအင်သယံဇာတများကို ရှာဖွေ၊ တူးဖော်ထုတ်လုပ်ခြင်းသည်နည်းပညာ၊ အရင်းအနှီးနှင့် စွန့်စားမှုများ လွန်စွာကြီးမားပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ အကျိုးရှိစေရန်နှင့် စွန့်စားမှုများ လျှော့ချနိုင်ရန် ခေတ်မီနည်းပညာများ အသုံးပြု၍ရှာဖွေ၊ တူးဖော်ထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းစသည့်လုပ်ငန်းစဉ်အားလုံးတွင် ဆောင်ရွက်နိုင်ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိရာ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍသည်အဓိကကျပါကြောင်း၊ သို့ဖြစ်ပါ၍ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပိုမိုအကျိုးရှိထိရောက်စွာ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံလိုသူ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ သမဝါယမအသင်းအဖွဲ့များအား စွမ်းအင်ဝန်ကြီးဌာနမှ ဦးစီးလုပ်ကိုင်လျက်ရှိသည့် ကုန်းတွင်း လုပ်ကွက်များအနက် ၁၀ ကွက်တွင် ခေတ်မီနည်းပညာများ အသုံးပြု၍ဆောင်ရွက်ခွင့်ရရှိရန် နိုင်ငံတော်အစိုးရထံ တင်ပြဆောင် ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုခွင့်ပြုပေးခဲ့သည့် IOR - 6 (မြန်အောင်ဒေသ) သည် ဒုတိယအကြိမ်မြောက်ခွင့်ပြုပေးခဲ့သော ကုန်းပိုင်းလုပ်ကွက်ဖြစ်ပါကြောင်း၊ ပထမလုပ်ကွက်ကို တိုင်းရင်းသားပိုင်ရေနံကုမ္ပဏီ တစ်ခုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းက ခွင့်ပြုပေးခဲ့ပြီး ယခုအချိန်တွင် သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ်လုပ်နေနိုင်ပြီဖြစ်၍ ယင်းဒေသ၏ လျှပ်စစ်မီးရရှိရေးအတွက် အသုံးပြုလျက်ရှိနေပါကြောင်း၊ ယခုဒုတိယလုပ်ကွက်ဖြစ်သည့် မြန်အောင်ရေနံမြေသည် ပြည်အနည်ကျချိုင့်ဝှမ်းတွင်ပါဝင် ၍ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင်တည်ရှိပြီး အစဉ်အလာ ကောင်းခဲ့သည့်ရေနံမြေတစ်ခု ဖြစ်ပါကြောင်း၊ ယင်းဒေသမှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းပြီး စက်သုံးဆီများချက်လုပ်ရာတွင် အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ ယခုလို ဆောင်ရွက်နိုင်ခြင်းအားဖြင့် နိုင်ငံသားပိုင်ရေနံကုမ္ပဏီများအနေဖြင့် နိုင်ငံတကာရေနံကုမ္ပဏီများအဆင့်သို့ တက်လှမ်းလာနိုင်ခြင်း၊ ရေနံတူးဖော်ရေးလုပ်ငန်းများတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အားကောင်းလာခြင်း၊ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ခြင်း၊ နိုင်ငံတော်၏ စွမ်းအင်သယံဇာတများကို အကျိုးရှိထိရောက် စွာထုတ်ယူအသုံးချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ ယခုလို အခက်အခဲများကြားမှ အောင်မြင်စွာ စာချုပ်ချုပ်ဆိုဆောင်ရွက်နိုင်ရေး ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ပေးကြသည့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် Myanmar Kinsanar Co.,Ltd. ကုမ္ပဏီမှ တာဝန်ရှိသူများအား အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနနှင့် Myanmar Kinsanar Co.,Ltd. တို့၏ တူညီသော ဘုံရည်မှန်းချက်များ အောင်မြင်စေရန်ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ထို့နောက် Myanmar Kinsanar Co., Ltd. ၏Director က ကျေးဇူးတင်စကားပြောကြား ပြီးမြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Myanmar Kinsanar Co., Ltd. ၏ Managing Director တို့က ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ)၊ ဧရိယာ - ၂ အတွက်တိုးတက် ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်ကိုလက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3185 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download