ဆင်သေဆည်ရေသောက်စနစ်အတွင်း ယခုနှစ် မိုးစပါး ၈၄၈၆ ဧကနှင့် မိုးသီးနှံ ၃၁၂၃ ဧက စိုက်ပျိုးရန်လျာထား
ဆင်သေဆည်ရေသောက်စနစ်အတွင်း ယခုနှစ် မိုးစပါး ၈၄၈၆ ဧကနှင့် မိုးသီးနှံ ၃၁၂၃ ဧက စိုက်ပျိုးရန်လျာထား
Ministry of Information/ Naypyitaw / August 04, 2025

နေပြည်တော် ဩဂုတ် ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ နေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေဆည်ရေသောက်စနစ်အတွင်း ယခုနှစ် လျာထားမိုးစပါး ၈၄၈၆ ဧကနှင့် မိုးသီးနှံ ၃၁၂၃ ဧက အပြည့်အဝစိုက်ပျိုးနိုင်ရန် ရေသောက်စနစ်အတွင်း စိုက်ပျိုးရေအဆင်ပြေချောမွေ့စွာပေးဝေနိုင်ရေး စီမံဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ယာယီရေသွယ်မြောင်းများအတွင်း ဝင်ရောက်လျက်ရှိသည့် သဲနုန်းများရှင်းလင်းဖယ်ရှားနေမှုနှင့် နုန်းဖမ်းတာတည်ဆောက်ရန် ဆောင်ရွက်နေမှု၊ မိုးစပါး နွေစပါးစိုက်ပျိုးခြင်းအတွက် ဆက်လက်ရေပေးဝေနိုင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သဲနုန်းတူးဖော်ခြင်း၊ ယာယီနုန်းထိန်းကန်တည်ဆောက်ခြင်း၊ လိုအပ်သော တူးမြောင်းအဆောက်အအုံလုပ်ငန်းများကို သတ်မှတ်ကာလအချိန်မီပြီးစီးရေး၊ ရေလွှဲဆည်အသစ်တည်ဆောက်ရာတွင် ရေရှည်တည်တံ့စွာအသုံးပြုနိုင်သည့် ဒီဇိုင်းပုံစံနှင့် တည်ဆောက်မှုလုပ်ငန်းဖြစ်စေရေး ဆွေးနွေးမှာကြားပြီး ဆင်သေရေလွှဲဆည် အသစ်တည်ဆောက်ရန် လျာထားရွေးချယ်ထားသောနေရာကို ကြည့်ရှုစစ်ဆေးကာ လေ့လာဆန်းစစ်ချက်များ ပြီးစီးပြီဖြစ်၍ အသစ်ရေးဆွဲသောဒီဇိုင်းအား ဩဂုတ်လအတွင်း ပြီးမြောက်အောင်ရေးဆွဲ၍ အတည်ပြုချက်ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ဆင်သေရေလွှဲဆည်၏ ပင်မတမံ(Head Work) တစ်ခုလုံး ထိခိုက်ပျက်စီးခဲ့သဖြင့် ရေသောက်စနစ်အတွင်းရှိ မိုးစပါးနွေစပါးစိုက်ပျိုးခြင်းအတွက် ရေပေးဝေရာ၌ စနစ်တကျရေစီမံခန့်ခွဲမှုပြုလုပ်နိုင်ရန် ဆင်သေရေလွှဲဆည်အသစ်တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိရာ ဆင်သေရေလွှဲဆည်အသစ်မတည်ဆောက်မီနှင့် လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း ရေသောက်စနစ်အတွင်း ယာယီအစီအစဉ်ဖြင့် စိုက်ပျိုးရေပေးဝေရမည်ဖြစ်၍ ရေလွှဲဆည်၏ Under Sluice အပိုင်း၊ ရေခေါ်မြောင်းများအပိုင်းနှင့် ရေသောက်စနစ်အပိုင်းများကို လိုအပ်သည့်နေရာများ၌ ပြုပြင်ခြင်း၊ Structure များ တည်ဆောက်ခြင်း၊ သဲနုန်းတူးဖော်ခြင်းနှင့် ရေသွားလမ်းရှင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ကျောက်ဆည်ရွာအနီးရှိ ကင်းသာရေထိန်းတမံသို့သွားရောက်၍ တမံအတွင်းရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် တမံကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3244 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 01, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။
