တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဆင်းပွဲများ ကျင်းပ
တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဆင်းပွဲများ ကျင်းပ
Ministry of Information/ Naypyitaw / November 15, 2024
နေပြည်တော် နိုဝင်ဘာ ၁၄
နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်း ပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်အသီးသီးမှ ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ပထမနှစ် အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ် အခြေခံစစ်ပညာသင်တန်းနှင့် ပထမနှစ်တန်းမြင့်စစ်ပညာသင်တန်းတို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ သင်တန်းများ ဖွင့်လှစ်ကာ လေ့ကျင့်သင်ကြားပေးခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းဆင်းပွဲများကို နေပြည်တော်ကောင်စီနယ်မြေတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၊ မိုင်းမောမြို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင်လည်းကောင်း နယ်မြေခံသင်တန်းကျောင်းခန်းမများ၌ ပြုလုပ်ကြသည်။
အဆိုပါ သင်တန်းဆင်းပွဲများသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်း နည်းပြများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ ပြောကြားကြသည်။
ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းများအတွက် အမှတ်တရလက်ဆောင်ပစ္စည်း၊ ဆုတံဆိပ်ရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများနှင့် ဆုရရှိကြသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
အဆိုပါ သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ၏ ရင်းတွင်းစကားသံများကိုလည်း ယခုလို ကြားသိခဲ့ရပါသည် -
စိတ်ဝင်စားတဲ့ဘာသာရပ်ကတော့ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှုဘာသာရပ်ပဲဖြစ်ပါတယ်။ ပြီးတော့ လက်နက်မဲ့စစ်ရေးပြဘာသာရပ်ဖြစ်ပါတယ်။ အကောင်းဆုံးစံပြဆုရတာကို ကျွန်မအလွန်ဝမ်းသာပါတယ်။ ကြိုးစားခဲ့ရတာတွေ အရာထင်ခဲ့တယ်။ ပင်ပန်းခဲ့ရတာတွေ၊ ကျွန်မတို့ကျောင်းအတွက်လည်း အလွန်ဝမ်းသာဂုဏ်ယူရပါတယ်။ ဒီသင်တန်းကို နောက်ထပ်လာမယ့်သူတွေလည်း လာရောက်တတ်သင့်တယ်လို့ ထင်တယ်။
နိုင်ငံတော်ကာကွယ်ရေးဆိုတာ တပ်မတော်သားတွေမှာပဲ တာဝန်ရှိတာမဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံသားတိုင်းမှာလည်း နိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်ပြီး တာဝန်ရှိတယ်။ ကျွန်တော်ဆိုရင် အခြေခံဒုတိယနှစ်သင်တန်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အခြေခံဒုတိယနှစ်သင်တန်းမှာဆိုရင် အခြေခံပထမနှစ်ကတော့ တပ်နဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေ သင်ကြားရတာပါ။ အခြေခံဒုတိယနှစ် ရောက်သွားတော့ ပထမနှစ်ထက်တစ်ဆင့်မြင့်ပြီးတော့ ခုဆိုရင် တိုက်ပွဲဝင်နိုင်တဲ့အဆင့်ထိပါ သင်ကြားပေးထားပြီးဖြစ်တဲ့အတွက် လေ့ကျင့်သားပြည့်ဝနေပြီလို့ ပြောလို့ရပါတယ်။ အဲတာကြောင့် ခုဆို ကျွန်တော်တို့လည်း တပ်မတော်သားတွေလိုပဲ လေ့ကျင့်သားပြည့်ဝတဲ့ တက္ကသိုလ်တပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးမှာ အရေးကြုံရင် လိုအပ်တဲ့နေရာကနေ စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။
ဒီသင်တန်းကို လာရောက်တက်ရတဲ့အတွက်ကြောင့် အချိန်နဲ့တစ်ပြေးညီလုပ်ဆောင်ရတာတွေ။ နောက်မတူညီတဲ့ တက္ကသိုလ်ကနေတွေ့ရတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေအချင်းချင်း ကူညီရိုင်းပင်းမှုတွေ၊ သင်ခန်းစာတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ရတာတွေနဲ့ အပြင်မှာသင်ဖို့မလွယ်ကူတဲ့ စစ်ပညာတွေကို သင်ကြားရတဲ့ ကောင်းမွန်တဲ့အတွေ့အကြုံတွေ ရရှိပါတယ်။ ကျွန်မရရှိတဲ့ဆုကတော့ စံပြကျောင်းသူဆု ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုကိုရရှိခဲ့တဲ့ အတွက်ကြောင့် ကျေနပ်မှုရှိပါတယ်။ ဒီပညာတွေကို နိုင်ငံအတွက် အရေးတကြီးလိုအပ်တဲ့အခါမှာ လိုအပ်တဲ့ဘက်ကနေ စွမ်းစွမ်းတမံဆောင်ရွက်ဖို့ ခံယူချက်ရှိပါတယ်။ စခန်းချလေ့ကျင့်ခြင်းကို သင်တန်းကျောင်းမှာဆိုရင် အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်ရတယ်။ သင်တန်းကိုလည်း ခက်ခက်ခဲခဲကြိုးစားရတယ်။ ဒီလိုကြိုးစားခဲ့ရတဲ့အပေါ်မှာ ဆရာ ဆရာမတွေရဲ့ ထောက်ပံ့ပေးမှုတွေ၊ နည်းပြတွေရဲ့ ထောက်ပံ့ပေးမှုတွေ သင်တန်းသားအချင်းချင်း ရိုင်းပင်းကူညီမှုတွေနဲ့ အဘက်ဘက်ကနေ ကြိုးစားပြီး ရရှိခဲ့တဲ့အတွက်ကြောင့် ဂုဏ်ယူ ပါတယ်။
နေရေးထိုင်ရေးအတွက် အဆင်ပြေအောင် စီစဉ်ထားရှိမှုတွေရှိပါတယ်။ ပြီးတော့ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေ၊ ကိုယ်ခံပညာတွေကိုလည်း သင်ကြားပေးပါတယ်။ အခြေခံစစ်နည်းဗျူဟာတွေလည်း ကောင်းစွာသင်ယူရရှိခဲ့ပါတယ်။ ကျွန်တော်တို့သင်ကြားခဲ့ရတဲ့ အခြေခံစစ်နည်းဗျူဟာတွေကိုလည်း နောင်အနာဂတ်မှာ ခေါင်းဆောင်ဖြစ်လာမယ့် ကျွန်တော်တို့ရဲ့ ညီငယ်၊ ညီမငယ်တွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။ နိုင်ငံတော်ကာကွယ်ဖို့အတွက် ကျွန်တော် တို့ လူငယ်မောင်မယ်တွေမှာလည်း တာဝန်ရှိတာဖြစ်တဲ့အတွက်ကြောင့် လူငယ်မောင်မယ်တွေကို အခြေခံစစ်နည်းဗျူဟာတွေ ပြန်လည်မျှဝေပေးရင်းနဲ့ အနာဂတ်နိုင်ငံတော်ရဲ့ တာဝန်ကို တစ်ဖက်တစ်လမ်းကနေ ထမ်းဆောင်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။
အဆိုပါ သင်တန်းများတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၆၈ ဦးတို့ကို သင်တန်းကာလ ခုနစ်ပတ် ဖွင့်လှစ်၍ ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ မြန်မာ့သိုင်းဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှုဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ သဘောတရားရေးဆိုင်ရာဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ ကျန်းမာရေးနှင့် ရှေးဦးသူနာပြုဘာသာရပ်များနှင့် စက်ပစ်ကွင်းလက်တွေ့ပစ်ခတ်ခြင်းသင်ခန်းစာများအား လေ့ကျင့်သင်ကြားပေးခြင်းအပြင် အထွေထွေဗဟုသုတရရှိစေရေးအတွက် ပြင်ပလေ့လာရေးခရီးစဉ်များကိုလည်း လိုက်ပါပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 2983 items
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 11, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 10, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက်၊ နိုဝင်ဘာ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 09, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက်၊ နိုဝင်ဘာ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 08, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက်၊ နိုဝင်ဘာ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 07, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 06, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download