တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် အလေးမအားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိ


Ministry of Information/ Naypyitaw / December 14, 2025
image_latest


ဘန်ကောက် ဒီဇင်ဘာ ၁၃

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် ရေကူး၊ ကရာတေး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ပန်ကြပ်ဆီလပ်၊ ဝူရှူး၊ ဘိလိယက်နှင့် စနူကာ၊ ဘော်လီဘော၊ ကဘာဒီ၊ ဂျူဒို၊ ဖူဆယ်၊ ဘတ်စကက်ဘော၊ မွေ၊ လက်ဝှေ့၊ ကစ်ဘောင်ဆင်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ E-sports ၊ ဂေါက်သီးရိုက်၊ အလေးမ၊ ရွက်လှေ၊ တက်ဂ်ဘော၊ မြင်းစီးပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက် မြို့ရှိ Rajamangla Auditorium Rajamangla University of Technology Thanyaburi ၌ ကျင်းပလျက်ရှိသည့် ဂျူဒို အားကစားနည်း အမျိုးသား၊ အမျိုး သမီး -၈၁၊ -၉၀၊ -၁၀၀၊ -၇၈ နှင့် +၇၈ ကီလိုတန်းပြိုင်ပွဲများတွင် မြန်မာအားကစားသမားများ ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊ Shooting Range, Sports Authority of Thailand, Bangkok ၌ ကျင်းပလျက်ရှိသည့် သေနတ်ပစ်အားကစားနည်း အမျိုးသမီး ၁၀ မီတာရိုင်ဖယ်တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများတွင် မြန်မာအားကစားသမားများ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှု အားပေးသည်။

မြန်မာအသင်းအနေဖြင့် ရေကူးအားကစားနည်း အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲများ၊ ကရာတေးအားကစားနည်း အမျိုးသား၊ အမျိုး သမီး ၆၁၊ ၇၅၊ ၆၈ ကီလိုအောက် ပြိုင်ပွဲများ၊ သေနတ်ပစ်အားကစားနည်း အမျိုးသမီး ၁၀ မီတာရိုင်ဖယ်တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ်အားကစားနည်း အမျိုးသားအသင်းလိုက် ပြိုင်ပွဲများ၊ တိုက်ကွမ်ဒိုအားကစားနည်း အမျိုးသား၊ အမျိုးသမီး အတိုက် -၅၇၊ -၆၂၊ -၆၃၊ -၇၄ ကီလိုတန်းပြိုင်ပွဲများ၊ ပန်ကြပ်ဆီလပ်အားကစားနည်း အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း (Tunggal) အပြပြိုင်ပွဲနှင့် အမျိုးသား သုံးယောက်တွဲ အသင်းလိုက် (Regu) အပြပြိုင်ပွဲများ၊ ဝူရှူး အားကစားနည်း အမျိုးသား၊ အမျိုးသမီး ချန်းချွမ်၊ ထိုက်ချိချွမ်၊ အတွဲတိုက် (လက်နက်)၊ နန်းချွမ်၊ သောင်းစု၊ အတွဲတိုက် (လက်နက်မဲ့)၊ ဆန်းဆို ၆၅ နှင့် ၇၀ ကီလိုအတိုက် ပြိုင်ပွဲများ၊ ဘိလိယက်နှင့်စနူကာအားကစားနည်း အမျိုးသားစနူကာအသင်းလိုက်ပြိုင်ပွဲနှင့် ဘိလိယက်အသင်းလိုက်ပြိုင်ပွဲများ၊ ဘော်လီဘောအားကစားနည်း အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများ၊ ကဘာဒီအားကစားနည်း အမျိုးသား Standard Style Kabaddi ပြိုင်ပွဲများ၊ ဂျူဒို အားကစားနည်း အမျိုးသား၊ အမျိုးသမီး -၈၁၊ -၉၀၊ -၁၀၀၊ -၇၈ နှင့် +၇၈ ကီလိုတန်းပြိုင်ပွဲများ၊ ဖူဆယ်အားကစားနည်း အမျိုးသမီးပြိုင်ပွဲ၊ ဘတ်စကက်ဘော အမျိုးသား ၅ ယောက်တွဲပြိုင်ပွဲ၊ မွေအားကစားနည်း အမျိုးသား၊ အမျိုးသမီး ၄၈၊ ၅၄၊ ၆၀ နှင့် ၇၅ ကီလိုတန်းပြိုင်ပွဲများ၊ လက်ဝှေ့အားကစားနည်း အမျိုးသား ၆၉ ကီလိုတန်းပြိုင်ပွဲ၊ ကစ်ဘောင်ဆင် အားကစားနည်း အမျိုးသား၊ အမျိုးသမီး -၆၃၊ -၅၀ ကီလိုတန်း Point Fighting ပြိုင်ပွဲ နှင့် -၅၁၊ -၄၈ ကီလိုတန်း Low Kick ပြိုင်ပွဲများ၊ ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား၊ အမျိုးသမီး သုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲများ၊ ပြေးခုန်ပစ်အားကစားနည်း အမျိုးသားသံလုံးပစ်ပြိုင်ပွဲနှင့် မီတာ ၈၀၀ ပြိုင်ပွဲများ၊ E-sports အားကစားနည်း အမျိုးသားအသင်းလိုက် (MLBB) ပြိုင်ပွဲနှင့် FC Online Team ပြိုင်ပွဲများ၊ ဂေါက်သီးရိုက်အားကစားနည်း အမျိုးသားတစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများ၊ အလေးမအားကစားနည်း အမျိုးသမီး ၄၈ နှင့် ၅၃ ကီလိုတန်း ပြိုင်ပွဲများ၊ ရွက်လှေအားကစားနည်း အမျိုးသား၊ အမျိုးသမီး Girl’s Optimist ၊ Men’s IlCA7 ၊ Boy’s ILCA4၊ Boy’s Optimist ပြိုင်ပွဲများ၊ တက်ဂ်ဘောအားကစားနည်း အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲနှင့် အမျိုးသားနှင့် အမျိုး သမီး နှစ်ယောက်တွဲပြိုင်ပွဲများ၊ မြင်းစီးအားကစားနည်း အမျိုးသား (Dressage Test ၊ Jumping Test ၊ Country Test) တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာအားကစားအဖွဲ့အနေဖြင့် ဒီဇင်ဘာ ၁၃ ရက် ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် တက်ဂ်ဘော အားကစားနည်း အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ နိုင်နိုင်ဝင်းနှင့် ဆုမွန်အောင်တို့အတွဲက ငွေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား+ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ကိုကိုလွင်နှင့် နိုင်နိုင်ဝင်းတို့ အတွဲက ငွေတံဆိပ်ဆုကိုလည်းကောင်း ထပ်မံဆွတ်ခူးရရှိခဲ့သည်။

ဂျူဒိုအားကစားနည်း -၇၈ ကီလိုတန်းပြိုင်ပွဲတွင် မြန်မာအသင်းမှ ငွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည့် အေးအေးအောင်၊ ယမန်နေ့က ယှဉ်ပြိုင်ခဲ့သော -၅၅ ကီလိုတန်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသည့် ထိုက်ထိုက်ကျော်၊ ခတ (Tori) ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိခဲ့သည့် လရောင်လျှံ၊ လှိုင်မင်းခန့်တို့ကို ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

တိုက်ကွမ်ဒိုအားကစားနည်း -၆၂ ကီလိုတန်းပြိုင်ပွဲတွင် နန်းသုန္နရီကောင်းနှင့် -၅၇ ကီလို တန်း ပြိုင်ပွဲတွင် မိုးမြင့်မြတ်တို့က ကြေးတံဆိပ်ဆုများ၊ ဘိလိယက်နှင့် စနူကာအားကစားနည်း စနူကာအသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းမှ ဘုန်းမြင့်ကျော်၊ ဝင်းကိုကိုနှင့် ကျော်ဝေယံစိုးတို့အတွဲက ကြေးတံဆိပ်ဆု၊ ကရာတေးအားကစားနည်း အမျိုးသမီးတစ်ဦးချင်း ကုမိတဲ့ ၆၁ ကီလိုအောက်ပြိုင်ပွဲတွင် မြန်မာအသင်း မှ တင်ဇာယွန်းက အရှေ့တီမောအားကစားသမားအား လေးမှတ် ပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ကြေးတံဆိပ်ဆုနှင့် အလေးမအားကစားနည်း အမျိုးသမီး ၅၃ ကီလိုတန်း ပြိုင်ပွဲတွင် မြန်မာအသင်းမှ နော်တဘိုးရာက ကြေးတံဆိပ်ဆု ထပ်မံဆွတ်ခူးရရှိခဲ့သည်။

ယမန်နေ့ ပြိုင်ပွဲတွင် တက်ဂ် ဘောအားကစားနည်းမှ အမျိုး သား တစ်ဦးချင်းပြိုင်ပွဲ၌ မြန်မာအသင်းမှ စောဖရိုက်ဒေးနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဆုမွန်အောင်တို့က ကြေးတံဆိပ် ဆုကိုလည်းကောင်း၊ တိုက်ကွမ်ဒိုအားကစားနည်းမှ အမျိုးသား -၆၈ ကီလိုတန်းပြိုင်ပွဲတွင် ဟိန်းထက်သူနှင့် -၈၀ ကီလိုတန်း ပြိုင်ပွဲတွင် ဇော်လင်းထက်တို့က ကြေးတံဆိပ်ဆုများကိုလည်း ကောင်း ထပ်မံဆွတ်ခူးရရှိခဲ့သည်။

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာ ၁၃ ရက် ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၆ ခု၊ စုစုပေါင်း ဆုတံဆိပ် ၃၀ ဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3458 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download