တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်မှုဖြင့် ငြိမ်းချမ်းသာယာခြင်းကိုဆောင်ကြဉ်း
တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်မှုဖြင့် ငြိမ်းချမ်းသာယာခြင်းကိုဆောင်ကြဉ်း
Ministry of Information/ Naypyitaw / November 06, 2025
မြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စုပေါင်းတစ်ရာကျော်ဖြင့် အေးချမ်းစွာအတူလက်တွဲနေထိုင်ခဲ့ကြသောနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသည် စေတီ၊ ပုထိုး၊ ကျောင်း၊ ကန်၊ ဇရပ်များ၊ အထင်ကရယဉ်ကျေးမှုအမွေအနှစ်များ၊ သာယာလှပသည့်ရှုမျှော်ခင်းများ၊ ဘာသာတရားကိုအခြေခံသည့် ၁၂ လရာသီပွဲတော်များနှင့် ရှုမငြီးဖွယ်အစုံအလင်ပါဝင်ကာ စိတ်ချမ်းမြေ့ပျော်ရွှင်ဖွယ်ကောင်းသော နိုင်ငံဖြစ်သည်။ သီတင်းကျွတ်၊ တန်ဆောင်မုန်း ဤရာသီကာလများသည် ပွင့်လင်းရာသီကာလဖြစ်၍ ပျော်ရွှင်ချမ်းမြေ့မှုအပေါင်းကို ဆောင်ကြဉ်းပေးသောကာလဖြစ်သည်။
သီတင်းကျွတ်ရာသီကာလပြီးသည်နှင့် တန်ဆောင်မုန်း တန်ဆောင်တိုင်ဆီမီးထိန်ထိန်လင်းလျက် မြတ်စွာဘုရားရှင်ကိုရည်မှန်း၍ ဘာသာတရားအခြေခံယဉ်ကျေးမှုထုံးတမ်းစဉ်လာပွဲတော်များကို နိုင်ငံတစ်ဝန်း၌ ဆင်ယင်ကျင်းပလျက်ရှိရာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအပေါင်းတို့အနေဖြင့် ဘုရား၊ ကျောင်း၊ ကန်၊ စေတီများသို့သွားရောက်၍ ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်း၊ ရာသီအလိုက် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာပွဲတော်များဖြစ်သည့် ကထိန်သင်္ကန်းကပ်လှူပွဲ၊ မသိုးသင်္ကန်းရက်လုပ်ယှဉ်ပြိုင်ဆက်ကပ်လှူဒါန်းပွဲနှင့် ဒေသအလိုက်၊ မြို့အလိုက် မီးပုံးပျံလွှတ်တင်ပွဲများ၊ ဈေးရောင်းပွဲတော်များ၊ အနုပညာရှင်များ၏ ကပြသီဆိုဖျော်ဖြေတင်ဆက်ပွဲများနှင့် ကြက်ပျံမကျစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်ကိုတွေ့ရသည်။
မြန်မာနိုင်ငံ၏ အစဉ်အလာကြီးမားသော ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်တိုင်းရင်းသားပြည်သူများ၏ အေးချမ်းပျော်ရွှင်စွာနေထိုင်ဆောင်ရွက်လိုသော ပင်ကိုစိတ်ရင်းများအရ မတူကွဲပြားသောစိတ်ထားများကိုယ်စီရှိကြသော်လည်း ပျော်ရွှင်ချမ်းမြေ့မှုနှင့်အေးချမ်းသာယာမှု အပေါင်းတို့ကို နိုင်ငံတစ်ဝန်းလုံး၌ တစ်စိတ်တစ်ဝမ်းတည်းစည်းလုံးညီညွတ်မှုဖြင့် သိုက်သိုက်ဝန်းဝန်း အတူလက်တွဲဆင်နွှဲခဲ့ကြသည့် မြင်ကွင်းအဖုံဖုံတို့ကိုမြင်တွေ့ကြရသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မြန်မာတိုင်းရင်းသားလူမျိုးအားလုံးတို့အတွက် ဝမ်းမြောက်ပျော်ရွှင် စိတ်ကြည်နူးစရာဖြစ်သည်။
မြန်မာနိုင်ငံတွင် အထင်ကရမြို့ကြီးများရှိသည့်အနက် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအပါအဝင် မြို့ကြီးတိုင်းရှိ စေတီ၊ ပုထိုး၊ ကျောင်းကန်များ၌ တန်ဆောင်တိုင်ပွဲတော်အထိမ်းအမှတ် ကုသိုလ်ကောင်းမှုအစုံစုံနှင့် ပွဲလမ်းသဘင်မျိုးစုံတို့ကိုကျင်းပဆင်နွှဲခဲ့ကြရာ ယခုနှစ်အဖို့ ပြည်သူများလာရောက်မှု အစည်ကားဆုံးနှင့်အထင်ရှားဆုံးအခမ်းအနားများအဖြစ် နေပြည်တော်တန်ဆောင်တိုင်ပွဲတော်အခမ်းအနားနှင့် တောင်ကြီးမီးပုံးပျံလွှတ်တင်ပွဲအခမ်းအနားတို့သည် အထူးခြားဆုံးဟုဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ဂုဏ်ဆောင် ရှမ်းပြည်နယ်၏အထင်ကရပွဲတော်ဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ရှစ်ရက်တိုင်တိုင်ကျင်းပလေ့ရှိသော်လည်း ပြည်သူများ၏ တစ်ခဲနက်အားပေးပျော်ရွှင်မှုကြောင့် နိုဝင်ဘာလ ၇ ရက်နေ့အထိ ယခုနှစ်အဖို့ ၁၀ ရက်တိုင် ကျင်းပလျက်ရှိသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ပြိုင်ပွဲဝင်မီးပုံးပျံပညာရှင်များ၏ ဝါသနာ၊ စေတနာ၊ ငွေကြေးနှင့် အချိန်ယူပြီး ကြိုးစားအားထုတ်ယှဉ်ပြိုင်မှုများကို အသိအမှတ်ပြုသောအားဖြင့် လည်းကောင်း၊ မီးပုံးပျံပညာရှင်များ၏ ကြိုးစားအားထုတ်တီထွင်ဖန်တီးထားသည့် ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံလက်ရာများကို ပရိသတ်များ ဆက်လက်အားပေးစေလိုသောအားဖြင့်လည်းကောင်း ရက်တိုးမြှင့် ကျင်းပပေးခြင်းဖြစ်ပြီး နောက်ဆုံးနေ့တွင်ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။ ပြည်သူများ၏ ပျော်ရွှင်ချမ်းမြေ့မှု၊ စိတ်အားထက်သန်စွာအားပေးကြည့်ရှုမှုနှင့် မီးပုံးပျံပညာရှင်များ၏တီထွင် ကြံဆကြိုးပမ်းအားထုတ်မှုများသည် နိုင်ငံအတွက်စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ကြဉ်းရေး၌ ခွန်အားတစ်ရပ်ဖြစ်စေသည်။
ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ကျင်းပသည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများပါ တကူးတကကြိတ်ကြိတ်တိုးဘုရားဖူးလာရောက်ကြသည်မှာ စိတ်ချမ်းမြေ့ဖွယ်ရာ ထူးခြားမှုပင်ဖြစ်သည်။
တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် စိတ်အေးချမ်းသာစွာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားသဒ္ဓါကြည်လင်စိတ်ဖြင့် ကုသိုလ်အစုစုပြု၍ပူဇော်ခဲ့ကြပြီးနောက် အံ့ဩဖွယ်ရာရှုမျှော်မဆုံးဖြစ်သည့် ကောင်းကင်ယံမှ မီးပုံးပျံကြီးများ၏ အလှအပများကို စိတ်ကြည်နူးပျော်ရွှင်မဆုံး အားပေးခဲ့ကြသည်။ အလားတူပင် ရွှေတိဂုံ၊ မဟာမြတ်မုနိစသည့် တန်ခိုးကြီးဘုရားအသီးသီးတို့၌ကျင်းပသော မြတ်စွာဘုရားရှင်ပူဇော်ပွဲနှင့်ပွဲလမ်းသဘင်အခမ်းအနားများတွင် ပြည်သူများ တစ်ခဲနက်လာရောက်ကြသည့်မြင်ကွင်းများမှာ မြန်မာနိုင်ငံ၏တစ်စိတ်တစ်ဝမ်းတည်းစည်းလုံးညီညွတ်မှုဖြင့် ငြိမ်းချမ်းသာယာခြင်းကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပါကြောင်း။ ။
Newspaper - 3340 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
