တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ (၄/၂၀၂၅)ကြိမ်မြောက်နှင့်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့(၄/၂၀၂၅) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ (၄/၂၀၂၅)ကြိမ်မြောက်နှင့်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့(၄/၂၀၂၅) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Ministry of Information/ Naypyitaw / April 26, 2025
ထားဝယ် ဧပြီ ၂၆
တနင်္သာရီတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၄/၂၀၂၅) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၄ /၂၀၂၅)ကြိမ်မြောက်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ နှင့်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း၊ မြေများအားစနစ်တကျအသုံးချနိုင်စေရေးနှင့် တိုင်းဒေသကြီးဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ရသင့်ရထိုက်သူများ၊ လုပ်ကိုင်ဆောင် ရွက်နေသူများ၊ လက်ဝယ်ရောက်ရှိနေသူများအား စနစ်တကျလုပ်ကိုင် ဆောင်ရွက်ပေး ထားသည်များ ရှိကြောင်း၊ လယ်ယာမြေနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ၊ မြေအငြင်းပွားမှုများစသည့်တို့ကို တိုင်း/ခရိုင် မြို့နယ် အဆင့်ဆင့် စိစစ်ပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဓိကအနေဖြင့် တိုင်းဒေသကြီးဖွံ့ဖြိုးတိုး တက်ရေးအတွက်ကိုမြေများအား အမှန်တကယ် လုပ်ကိုင်ဆောင်ရွက် နေသူများထံ ရောက်ရှိအောင်ကြိုးစား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံတော်က (၈)ဘီလီယံ ချထားပေးခဲ့ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးကိစ္စရပ်များအား ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို နိုင်ငံတော်က တိုင်းဒေသကြီးအတွက် အရင်းမပျောက်မတည်ငွေအဖြစ် ဆောင်ရွက်ပေးထားကြောင်း၊ မြေများအား တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို အမှန်တကယ်လုပ်ကိုင်ဆောင် ရွက်နေသူများ ထံချထားပေးနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ပုဇွန်ကန်စုစုပေါင်း ၂၅၀၀ ခန့် ရှိပြီး ယခုနှစ်တွင်ကန် ၂၀၀ ခန့် ထပ်တိုးရန်ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွက် အထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်း စီမံကိန်းအောင်မြင်လာ ပါက တိုင်းဒေသကြီးသို့ ရောက်ရှိလာမည့်သူများ အစားအသောက် ကိစ္စရပ်များ၊ ဒေသနှင့်ဆက်နွယ်ပြီး ကုန်သွယ် ရေးလုပ်ငန်းများလည်း ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ အထူးသဖြင့်ဒေသအတွင်း လုပ်ကိုင်ဆောင် ရွက်နေကြသော ပုလဲ၊ ပုဇွန်၊ ငါးမွေးမြူရေး အပါအဝင် စိုက်ပျိုးရေးတွင်လည်းရာဘာ၊ ဆီးအုန်းစသဖြင့် လုပ်ငန်းများကို ဝိုင်းဝန်း လုပ်ကိုင် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး မြေစာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဆောင်ရွက်ထားရှိမှုအခြေ အနေများ အားရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ရှင်း လင်းဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
Newspaper - 3144 items

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ ဧပြီ ၂၅ ရက်၊ သောကြာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ ဧပြီ ၂၄ ရက်၊ ကြာသပတေးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ ဧပြီ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ ဧပြီ ၂၂ ရက်၊ အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ ဧပြီ ၂၁ ရက်၊ တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ ဧပြီ ၂၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download